Monday, December 8, 2014

လူ့အခွင့်အရေး အခြေအနေ တိုးတက်ရေး အစိုးရ ပိုမိုပါဝင်သင့်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ပိုမိုတိုးတက်လာဖို့ အစိုးရအနေနဲ့ မြန်မာ့လူ့ဘောင်အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို အခြေခံကျကျ ဖြေရှင်းပေးဖို့လိုတယ်လို့ ‘ညီမျှခြင်း မြန်မာ’ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

ဒီဇင်္ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းနားတွေကို မန္တလေးမြို့မှာပြုလုပ်ရာမှာ လူ့အခွင့်အရေး

တက်ကြွလှုပ်ရှားသူတွေရဲ့ ဆွေးနွေးပွဲစကားဝိုင်းကို ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာအာဏာပိုင်တွေအနေနဲ့ အရင်က ခွင့်မပြုတဲ့အချက်တွေကို လုပ်ခွင့်ပြုတယ်လို့ဆိုပေမဲ့ ပြဿနာများရဲ့ အရင်းခံတွေကို ဖြေရှင်းခြင်းမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်သူ ညီမျှခြင်း-မြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ခုလိုပြောပါတယ်။

"အခုဆိုလို့ရှိရင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်တွေ ခွင့်ပြုတယ်၊ ဒါပေမဲ့ အဲ့ထုတ်ဖော်ရတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းမှုတွေ၊ ထုတ်ဖော်မှုမှာ အကြံပြုတဲ့အချက်တွေကို လေးစားဖို့မှာ အားနည်းနေတုန်းပဲ၊ တကယ့်ဖြစ်ရတဲ့အကြောင်းရင်းကို ဖြေရှင်းမှုတွေ မရှိသေးဘူး၊ အဲ့ဒါကြောင့်မို့ ပထမဦးဆုံး အစိုးရအနေနဲ့ ခွင့်ပြုတာတင်မကပဲနဲ့ ကျနော်တို့ တောင်းဆိုတဲ့အချက်တွေကို လေးစားဖို့အတွက် အစိုးရပိုင်းဆိုင်ရာကို ကျနော်တို့ ဒီ့ထက်ပိုမိုပြီးတော့ တိုက်တွန်းမှုတွေ၊ အရှိန်မြှင့်ပြီးတော့ တောင်းဆိုမှုတွေ ကျနော်တို့လုပ်ဖို့ လိုအပ်ပါတယ်"

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး တန့်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်တာလည်းရှိပါတယ်။ အခုနှစ်ကျရောက်တဲ့ လူုအခွင့်ရေးနေ့မှာ ကုလသမဂ္ဂရဲ့ဆောင်ပုဒ်က ‘လူ့အခွင့်အရေး ၃၆၅’ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အခွင့်ရေးနေ့ဆိုတာ တစ်နှစ်မှာ တစ်ရက်ကျင်းပတာမဟုတ်ဘဲ တစ်နှစ်ပတ်လုံး လူု့အခွင့်အရေးကို လေးစားလိုက်နာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အခမ်းအနားတွေကို ရန်ကုန်မြို့မှာလည်း မနက်ဖြန် ဒီဇင်ဘာ ၉ ရက်နေ့မှာ EU အဖွဲ့ကကျင်းပဖို့ရှိသလို ၁၀ ရက်နေ့မှာတော့ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့က ကျင်းပမှာဖြစ်ပါတယ်။

Credit - RFA Burmese

 
 

No comments:

Post a Comment