ရန်ကုန်၊ ဒီဇင်ဘာ ၁၀- အစိုးရ သစ်လက်ထက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများကို လေ့လာထားသည့် အစီရင်ခံစာတစ် စောင်ကို လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)မှ ထုတ်ပြန်လိုက်ပြီး အဆိုပါအစီရင်ခံ စာကို အစိုးရနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း HRDP မှ သိရသည်။
အဆိုပါ အစီရင်ခံစာတွင် ဥပ ဒေအရ အုပ်ချုပ်ခြင်း၊ အပြစ်ရှိသူ များ ကို အပြစ်မှကင်းလွတ်ခွင့်ပြုခြင်း နှင့် ဥပဒေစိုးမိုးရေး၊ နှိပ်စက် ညှဉ်းပန်း ခြင်းနှင့် အပြစ်ရှိသူများ အရေးယူခြင်း၊
လယ်ယာမြေ မြေလွတ်/ မြေရိုင်း(ပုဂ္ဂ လိကပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်)နှင့် နိုင်ငံ ရေး အကျဉ်းသား၊ နိုင်ငံရေးလုပ်ငန်း နှင့် ရွေးကောက်ပွဲလွတ်လပ်မှု၊ က လေးသူငယ် အခွင့်အရေးနှင့် ကလေး စစ်သားအသုံးပြုမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်၊ တိုင်းရင်းသားနှင့် လူနည်း စုအခွင့်အရေးများ၊ အမျိုးသမီးအခွင့် အရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ပတ်သက်ခွင့်၊ လူကုန်ကူးမှု စသည့် အခန်းကိုးခန်းပါဝင်သည်။
''ပြုပြင်ပြောင်းလဲ တဲ့နေရာမှာ လူ့အခွင့်အရေးအခြေခံနဲ့ပဲ ပြောင်း လဲလို့ရတယ်လေ။ ကိုယ်လိုချင်တာ ကိုယ်ပြောလို့မရဘူး။ လူအများရဲ့ အခွင့်အရေးကို အာမခံနိုင်ရမှာပေါ့'' ဟု HRDP အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။
ဥပဒေအရ အုပ်ချုပ်ခြင်း၊ အ ပြစ်ရှိသူများကို အပြစ်မှကင်း လွတ် ခွင့်ပြုခြင်းနှင့် ဥပဒေစိုးမိုးရေးဆိုသည့် ခေါင်းစဉ်အောက်တွင် ''နိုင်ငံနှင့်အ ဝန်း သိမ်းဆည်းခံ လယ်ယာမြေများ အတွက် ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုသည့် မူလပိုင်ရှင်များအား ဖမ်း ဆီးထောင်ချမှုများ၊ ဥပဒေမဲ့ဖမ်း ဆီးခံရမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ သတ် ဖြတ်မှုများအတွက် နစ်နာသူကာယ ကံရှင်များမှ တရားစွဲဆိုမှု များအား တရားရုံးများမှ လက်မခံခြင်း၊ သတ် ဖြတ်မှုများအား သာမန်လူသေမှုအ ဖြစ်သာ ပြောင်းလဲပစ်ခြင်းနှင့် သက် ဆိုင်ရာ ရဲစခန်းများမှ နစ်နာသူပြည် သူများ၏ တိုင်ကြားမှုနှင့် အမှုဖွင့်မှု များအား လက်ခံဆောင်ရွက်ပေးခြင်း မရှိချေ''ဟု အစီရင်ခံစာ တွင်ရေးသား ထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှု များသည် ယခုအစိုးရလက်ထက် တွင် အနည်းငယ်လျော့သွားပြီး ယ ခင်စစ်အစိုးရလက်ထက်ကဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်ခံရသည် ကိုပင် မပြောရဲသည့်အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း ဦးမြင့်အေးက ဆက် လက်ပြောသည်။
ဒီဇင်ဘာ ၁ဝရက်သည် နိုင်ငံ တကာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံမှ တိုင်းဒေသကြီး အသီး သီးနှင့် ပြည်နယ်များတွင်လည်း (HRDP ) မှ ဦးဆောင်ကျင်းပခဲ့သည် မှာ ရှစ်ကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။
နဝမအကြိမ်မြောက် လူ့အခွင့်အ ရေးနေ့အခမ်းအနားကိုဒီဇင်ဘာ ၁ဝရက်တွင် HRDP မှပင် ဦးဆောင် ပြီးM 3 စားသောက်ဆိုင် တွင် ပြုလုပ် ခဲ့သည်။
အမေရိကန်သံရုံးမှ လူ့အခွင့် အရေးအရာရှိက ''ကောင်းတဲ့အချက် တွေကတော့ ထောင်ကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အထဲ မှာကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို မေ့ထားခြင်းမရှိဘဲ လွတ် မြောက်ဖို့အတွက် ဆက်လက်ကြိုးစား နေတာ ကိုတွေ့ရပါတယ်''ဟု ဆိုသည်။
သို့သော်လည်း အစိုးရအနေဖြင့် ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေသည့်အချိန်တွင် လူမှုအဖွဲ့အ စည်းများကို ယခုထက်ပို၍ လုပ်ကိုင် ခွင့်ပေးထားသင့်ကြောင်း၊ သတင်း မီဒီယာသမားများကိုလည်း ယခုထက် ပိုမိုသော လွတ်လပ်ခွင့်များကို ဖန်တီး ပေးသင့်သလို လူမှုအသိုင်းအဝိုင်း အတွင်းရှိ ပဋိပက္ခများကိုလည်း မဖြစ် စေရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ ထို့ပြင် ဥပဒေပြုရာတွင်လည်း လူသား များ၏ အခြေခံအခွင့်အရေးများကို ထည့်သွင်းရေးဆွဲသင့်ကြောင်း ယင်း က အကြံပြုပြောဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်ကြီး မစ္စတာခိုဘီး ယားကလည်း မြန်မာနိုင်ငံတွင် လူ့အ ခွင့်အရေးတစ်ခုတည်းမဟုတ်ဘဲ ဘာ သာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တို့ကို ရရှိရေးကိုပါ လုပ်ဆောင်ရန်လိုအပ် ကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့(HRDP)သည် ၂၀၀ဝပြည့်နှစ်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေသ အသီးသီး မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရသူများကို ကူညီပေးခြင်း၊ ပ ညာပေးခြင်းတို့ကို အီးယူ၏အထောက် အပံ့ဖြင့် လုပ်ဆောင်နေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်။
NTDW
#Democracytoday
No comments:
Post a Comment