လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပေါ်ဖို့ ဒိုင်လူကြီးဟု အများက တင်စားသည့် ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် အခရာကျသည်။ ပုဒ်မ ၃၉၈(ခ) ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အရည်အချင်းများထဲတွင် -
(၃) (ကက) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး အဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးအဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးအဖြစ် ဖြစ်စေ၊ အလားတူ ရာထူးတာဝန်တစ်ခုခုတွင် ဖြစ် စေ အနည်းဆုံး (၅)နှစ်ဆောင်ရွက်ခဲ့သူဖြစ် ရမည်၊ သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည်၊ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင် ရွက်ခဲ့သူဖြစ်ရမည်။
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဖြစ်ရမည်။
(၄) သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်။
(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူဖြစ်ရမည်။
(၆) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာရှိသူဖြစ်ရမည်။
(၇) နိုင်ငံရေး ပါတီဝင်မဟုတ်သူဖြစ်ရမည်။
(၈) လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူဖြစ်ရမည် စသည့်အချက်များပါဝင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပုဒ်မ ၃၉၈ နှင့် ၃၉၉ တွင် ပြဋ္ဌာန်း ထားသည့် ပြဋ္ဌာန်း ချက်များအရ ပြည် ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု လွှတ်တော်ချုပ်တရားသူကြီး အဖြစ် ဖြစ်စေ၊ တရားလွှတ် တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူဖြစ်ရမည်ဆိုသည့် အရပ် ဘက်ဆိုင်ရာ အရည်အချင်း ပြဋ္ဌာန်းချက်များ ““မည်သို့ပင်ဆိုစေကာမူ”” ဆိုသည့် ယင်းတို့၏ လက်သုံးစကား အတိုင်းပင်၊ ဦးတင်အေး DSA အပတ်စဉ် (၉)တွင် ကြည်း/၁၁၂၃၆ (ဦးသိန်းစိန်က ကြည်း/ ၁၁၂၅၂)ကိုယ် ပိုင်အမှတ်ဖြင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်၊ ယင်းမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်ဥက္ကဋ္ဌအဖြစ် အဆင့်ဆင့်ရာထူး လက် ခံလာ သူဖြစ်သည်။
အရပ်ဘက်ဆိုင်ရာ တာဝန်ဆိုလို့ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပြီး ကျောက်ဆည်မဲဆန္ဒနယ်မြေတွင် အမတ်ဝင်ရွေးခဲ့သူဖြစ်သည်။ သို့ရာတွင် ထိုအချိန်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စေ ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်ထားခြင်းဖြစ်သည်။ ““မည်သို့ပင်ဆိုစေကာမူ”” မူနှင့် ဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၃၉၈ (ဃဃ)တွင်လည်း အရည်အချင်းနှင့် ပတ်သက်ပြီး ပြဋ္ဌာန်း ချက်တစ် ရပ်မှာ ““ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆတဲ့သူဖြစ်ရမည်””ဆိုသည့် အချက်ပါဝင်ရာ နိုင်ငံတော်သမ္မတသည DSA (9) ကြည်း/၁၁၂၅၂ဖြစ်ပြီး ဦးတင်အေးသည် DSA (9) ကြည်း/၁၁၂၃၆ဖြစ် ပါသည်။ှ Seniority အရ ဦးတင်အေးက ပိုစောနေပါသည် ဆိုတော့ကာ ““ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ်္ဂိုလ်””ဖြစ်သွားပြီပေါ့။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရာထူးတာဝန်မှ နုတ်ထွက်ပေးရန် မီဒီယာများတွင် ဆောင်းပါးရှင် အချို့က တောင်းဆိုနေကြသကဲ့သို့ မြို့နယ်နေရာ အတော်များများတွင်လည်း ကော်မရှင် ဥက္ကဋ္ဌရာထူးမှ နုတ် ထွက်ပေးရေး ဆန္ဒဖော် ထုတ်လျက်ရှိကြသည်။ ““ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ကို အယုံအကြည် မရှိကြောင်းနှင့် ဖြုတ်ချပေးရန်””ခေါင်းစဉ်ပါ သတင်းတစ်ပုဒ်တွင် သမ္မတ ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရသစ် လက်ထက်တွင် ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ကို အယုံအကြည်မရှိသောကြောင့် ဖြုတ်ချပေးရန် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ်အဖြစ် စစ်ကိုင်းမြို့ တွင် နိုဝင် ဘာလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြခြင်းသည် အနီးဆုံး ဆန္ဒ ဖော်ထုတ်ပွဲဖြစ် သည်။ နေရာဒေသအသီးသီးမှ ဆန္ဒဖော်ထုတ်သူတွေအားလုံး၏ တူညီသည့်ဆန္ဒများကား -
၁။ ၂၀၁၄ ခုနှစ်အတွင်းပြုလုပ်မည်ဟု ကတိပြုခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို သူ့သဘောဆန္ဒနှင့်သူ ဘတ် ဂျက်ကို ငဲ့ကွက်သဖြင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ပွဲဖျက်ခဲ့သည်။
၂။ စစ်ဗိုလ်လူထွက်အချင်းချင်း သမ္မတနှင့် သူငယ်ချင်းဖြစ်သူ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဥက္ကဋ္ဌလုပ်သည့် ရွေးကောက်ပွဲကော်မရှင်သည် သန့်ရှင်းပြီးဘက်လိုက်မှုကင်းသည့် တရားမျှတသည့် ရွေးကောက်ပွဲ လုပ်ပေးမည်ဆိုသည့် ကတိစကားအပေါ် ယုံကြည်မှုမရှိခြင်း။
၃။ ဦးတင်အေးအပေါ်တွင် ပုဂ်္ဂိုလ်ရေးအရ မုန်းတီးခြင်း၊ ရန်ငြိုးရန်စမရှိခြင်း။
၎။ ပြည်သူလေးစားယုံကြည်ပြီး ပါတီစွဲကင်းရှင်းသည့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် အသစ် ပြန် လည် ပြင် ဆင်ဖွဲ့စည်းပေးစေလိုခြင်း။
၅။ ၂၀၁၅ရွေးကောက်ပွဲ အချိန်မှန် မှန်ကျင်းပပေးစေလိုခြင်း။
၆။ ရွေးကောက်ပွဲကော်မရှင် ဥပဒေများပြင်ဆင်လိုခြင်း စသည်တို့ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံကို ပုံဖော်ပေးနိုင် သည်ဖြစ်ရာ ဒိုင်လူကြီးဆိုးကြောင့် ရလဒ် ဆိုးများ ပေါ်ပေါက်ကာ မြန်မာနိုင်ငံ၏ အနာဂတ်ပုံရိပ်များ ဖွပ်သည်ထက် ညစ် သွားမှာကို ပြည်သူအများ စိုးရိမ်ကဲနေကြ သည်။ ။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment