အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ရန်ကိစ္စသည် အထက်လူကြီးများ၏ သဘောထားတောင်းခံရန် လိုအပ်နေ သေးကြောင်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြော ဆိုလိုက်သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ''ကျွန်တော် တို့နဲ့ အင်န်အယ်လ်ဒီပါတီက ကိုယ် စားလှယ်တွေနဲ့ မိတ်ဆွေလို ပြောကြ ဆိုကြ အခြေအနေကို ရောက်နေကြ ပါပြီ။ ဒါပေမဲ့ ဒီချုပ်ပါတီ
ကိုယ်စား လှယ်တွေနဲ့ သီးသန့်တွေ့ဆုံဖို့ သင့်၊ မသင့်ဆိုတာ မဆုံးဖြတ်နိုင်ဘူးလေ။ ကျွန်တော်တို့ အထက်မှာ လူကြီးတွေ ရှိတယ်လေ။ သူတို့သဘောထားကို တောင်းရဦးမယ်''ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အလားတူ ဒီချုပ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင် က ''၂ဝ၁၅ တွင် ကျင်းပ ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး တွင် တပ်မတော်သားကိုယ်စားလှယ် များနှင့် အလွတ်သဘော တွေ့ဆုံရန် ဆောင်ရွက်မည်''ဟု ပြောခဲ့သည်။
ယင်းသို့ တပ်မတော်သား ကိုယ် စားလှယ်များနှင့် ဒေါ်အောင်ဆန်းစု ကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် များ တွေ့ဆုံရေးသည် လုံးဝမဖြစ်နိုင် သည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြည် ခိုင်ဖြိုး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ပြောသည်။
အလားတူ အင်န်အယ်ဒီပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ က နိုဝင်ဘာလအတွင်း လွှတ်တော်အ စည်းအဝေး နောက်ဆုံးရက်များ၌ တပ် မတော်သား ကိုယ်စားလှယ်များကို စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံရန် ဖိတ်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ က လက်မခံခဲ့ကြောင်း သိရသည်။
Yangon Times Journal အတွဲ(၁၀) အမှတ် (၄၈)
--------------------------
|───────────Yangon Media Group ──────────|
![]() |
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြီးအကဲများ နိုင်ငံတော်အခမ်းအနား တစ်ခုတွင် အတူတကွတွေ့ရစဉ်။(ဓာတ်ပုံ - AFP) |
No comments:
Post a Comment