![]() |
ဖိုလ်ဝင်တောင်ရှိ မျောက်တစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ယင်းမာပင်ခရိုင်အတွင်း ဖိုလ်ဝင်တောင်၊ ရွှေဘတောင်နှင့် အလောင်းတော်က ဿပဒေသများသို့ ဘုရားဖူးလာ ရောက်ချိန်၌ ဖိုလ်ဝင်တောင် ဒေသတွင် မျောက်စာရောင်းချ ခွင့်ပိတ်ပင်ခဲ့ကြောင်း ဖိုလ်ဝင် တောင်ဒေသခံများက ပြောသည်။
‘‘ကာကွယ်ရေးဦးစီးချုပ်ခရီး စဉ်ကြောင့် ဖိုလ်ဝင်တောင်၊ ရွှေ ဘတောင်တစ်ဝိုက်မှာ သန့်ရှင်း ရေးတွေကို ဆောင်ရွက်ထားကြ တယ်။ မျောက်စာရောင်းချသူ တွေရဲ့ အမှိုက်တွေကြောင့် သန့် ရှင်းမှုမရှိမှာစိုးလို့ ခရီးစဉ်မပြီးမ ချင်း မျောက်စာမရောင်းဖို့ သက် ဆိုင်ရာကပြောထားတယ်။ တစ် ရက်တည်းပေါ့။ နောက်ရက်တွေ မှာ ပြန်ရောင်းလို့ရပါတယ်တဲ့’’ ဟု ဖိုလ်ဝင်တောင်ဒေသခံတစ်ဦး ကပြောကြားသည်။
ဖိုလ်ဝင်တောင်တစ်ဝိုက် သဘာဝတောတောင်များအတွင်း မျောက်များ နေထိုင်ကျက်စား လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီး သည်များ ရှေးဟောင်းကျောက် ဆစ်လက်ရာများလာရောက် လေ့ လာရင်း မျောက်စာကျွေးနိုင်ရန် ဒေသခံများက အလှည့်ကျစနစ် ဖြင့် မျောက်စာရောင်းချရကြောင်း ဒေသခံ မျောက်စာရောင်းချသူ များကပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယင်းမာပင်ခရိုင် ဖိုလ် ၀င်တောင်နှင့်ရွှေဘတောင် ရှေး ဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ပုပ္ပား ကျောင်း ဆရာတော်ကြီးအား တွေ့ဆုံဖူးမြော်ခြင်းနှင့် ရှေး ဟောင်းကျောက်ဆစ်လက်ရာ ဗုဒ္ဓရုပ်ပွားတော်များ ဖူးမြော်ကြည်ညိုခဲ့ကာ ဖိုလ်ဝင်တောင်ဒေသမှ အလောင်းတော်ကဿပသို့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ဌာနဆိုင်ရာ ၀န် ထမ်းတစ်ဦးကပြောသည်။

Credit - 7DAY DAILY
No comments:
Post a Comment