![]() |
နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တွေ့ရစဉ် |
ကျွန်တော်တို့ ကျောင်းသားဘဝက လက်ဝဲစာအုပ်များ လေ့လာဖတ်ရှုသည့်အခါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခေါင်းဆောင်ကြီးများဖြစ်သော မော်စီတုံးလား၊ လူရှောက်ချီလားတော့ ကျွန်တော် မမှတ်မိတော့ပါ။ သူတို့ ပြောကြားခဲ့သော အဆိုအမိန့်တစ်ခုကိုတော့ ယနေ့အထိ မှတ်မိပြီး အတတ်နိုင်ဆုံး ကျင့်သုံးနေပါသည်။ တရုတ်ခေါင်းဆောင်ကြီးများ၏ အဆိုအမိန့် တစ်ရပ်မှာ ‘အချက်အလက် မသိလျှင် စကားမပြောနှင့်’ ဆိုသည့် သဘောပင် ဖြစ်ပါသည်။
ထိုအဆိုအမိန့်သည် သာမန်လူများထက် နိုင်ငံရေး ခေါင်းဆောင်များနှင့် သက်ဆိုင်သလို လွှတ်တော်ကိုယ်စားလှယ်များအတွက် ပို၍အရေးကြီးပါသည်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေအပိုဒ် ၆၃ စည်းကမ်းချက်များတွင် အောက်ပါအချက် တစ်ချက်လည်း ပါဝင်သည်။ “(ဃ) မဆီလျော်သော အကြောင်းပြချက်များ ခိုင်လုံသော အထောက်အထားမပါရှိသည့် ယူဆချက်များ မသင့်လျော်သော အသုံးအနှုန်းများ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ မပါရှိစေရ”
သို့ကလို စည်းကမ်းချက် သတ်မှတ်ထားသော်လည်း နိုင်ငံတော် သတင်းစာများ ရေးသားချက်အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမုန်အစည်းအဝေး (၃၄) ရက်မြောက်နေ့တွင် ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က မိမိ၏ အရေးတကြီး အဆိုတင်သွင်းရာတွင် ဥပဒေသာ ပြဋ္ဌာန်းပြီး နည်းဥပဒေ လိုအပ်မှုနှင့် ပတ်သက်၍ ပြောဆိုရာတွင် ဥပမာကို ထောက်ပြရာ၌ ခိုင်လုံသော အထောက်အထားနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ပေါ်လာပါသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဥပမာအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂-၁၂-၂ဝ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ သို့သော် ယခုထက်ထိ နည်းဥပဒေများ မထွက်ပေါ်လာနိုင်ခြင်းကြောင့် မိမိတို့နိုင်ငံ၌ လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်သလောက်မရ ဖြစ်နေပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက်သည့် လုပ်ငန်းရှင်အချို့သည် နည်းဥပဒေများ မရှိခြင်းကြောင့် စဉ်းစားသာစဉ်စားကာ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ဘဲ ပြန်သွားကြသည်မှာ တော်တော်များများ ရှိနေသည်ကိုလည်း မိမိတို့ မြင်တွေ့ရပါကြောင်း” ပြောဆိုခဲ့ပါသည်။
ကျွန်တော် မှတ်မိသမျှ ပြန်လည်တင်ပြရလျှင် ၁၉၅၆-၅၇ ကာလဟု ထင်ပါသည်။ ထိုစဉ်က ဖဆပလအစိုးရကို ပမညတအမတ် ဒေါက်တာအေးမောင် (ပြည်) က ‘အစိုးရကို အယုံအကြည်မရှိ’ အဆို တင်သွင်းခဲ့ပါသည်။ အဆိုရှင် ဒေါက်တာအေးမောင်သည် ဖဆပလ အစိုးရလက်ထက် ရာဇဝတ်မှုထူပြောခြင်းနှင့် ပတ်သက်၍ ခိုင်မာသော အချက်အလက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြဝေဖန်ခဲ့ . . . . .
အဆိုပါ ပြောကြားချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂ဝ၁၂ နိုဝင်ဘာ ၂ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ နည်းဥပဒေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဋ္ဌာနအနေဖြင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ပြည်ထောင်စုဝန်ကြီး မိမိကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ နှစ်ခုစလုံးကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ပူးတွဲရိုက်နှိပ်ပြီး စာအုပ်များထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း စာအုပ်များ ရိုက်နှိပ်ထုတ်ဝေထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအားလုံးကို သတ်မှတ်ထားသည့် ရက်အတွင်းတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ ထုတ်ပြန်ထားပြီးသော စာအုပ်စာတမ်းများကို တင်ပြပေးမည်ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားသွားပါသည်။
ယခု အချိန်တွင်တော့ အမျိုးသားဒီမိုကရေစီ ပါတီသစ်သို့ လိပ်မူပြီး ‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများ’ (FOREIGN. INVESTMENT. LAW. &. RULES) စာအုပ် ပေးပို့လာပါသည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော စာအုပ်တွင် ၂ဝ၁၃ ခုနှစ်ကပင် ထုတ်ပြန်ထားသော နည်းဥပဒေကို မထုတ်ပြန်သေးဟု တင်ပြခြင်း အလားတူ အနည်းဆုံး အခကြေးငွေ နည်းဥပဒေများ ထုတ်ပြန်ပြီးဖြစ်သည်ကို နည်းဥပဒေများ မထွက်သေးကြောင်း တင်ပြချက်နှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်သည်ကို သက်ဆိုင်သူ ကာယကံရှင်သာ အသိဆုံးဖြစ်မည် ထင်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍ လွှတ်တော်တွင်း၌ လည်းကောင်း လွှတ်တော်ပြင်ပ၌ လည်းကောင်း၊ ပြန်လည်ဖြေရှင်းခြင်း မရှိသည်ကိုတော့ ရိုးရိုးသားသား ပြောရလျှင် ကျွန်တော်နားမလည်နိုင်ပါ။ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
လွှတ်တော်နိုင်ငံရေး၌ မိမိပါတီ၏ နိုင်ငံရေး လုပ်ငန်းစဉ်ကို လွှတ်တော်က လက်ခံပြီး အများပြည်သူ၏ ထောက်ခံမှုရရှိရန် မိမိတို့ နည်းဟန်များဖြင့် လှုပ်ရှားဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။ အထူးသဖြင့် အတိုက်အခံ နိုင်ငံရေးပါတီအနေဖြင့် လက်ရှိအစိုးရအပေါ် ယုံကြည်မှုမဲ့အောင် ထိုးနှက်ရာတွင် လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခိုင်လုံသော အထောက်အထား လိုအပ်ပါသည်။
ကျွန်တော် မှတ်မိသမျှ ပြန်လည်တင်ပြရလျှင် ၁၉၅၆-၅၇ ကာလဟု ထင်ပါသည်။ ထိုစဉ်က ဖဆပလအစိုးရကို ပမညတအမတ် ဒေါက်တာအေးမောင် (ပြည်) က ‘အစိုးရကို အယုံအကြည်မရှိ’ အဆို တင်သွင်းခဲ့ပါသည်။ အဆိုရှင် ဒေါက်တာအေးမောင်သည် ဖဆပလ အစိုးရလက်ထက် ရာဇဝတ်မှုထူပြောခြင်းနှင့် ပတ်သက်၍ ခိုင်မာသော အချက်အလက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြဝေဖန်ခဲ့ပါသည်။ အာဏာရ ဖဆပလအစိုးရ ဝန်ကြီးများနှင့် အမတ်များက ဒေါက်တာအေးမောင် အဆိုတင်သွင်းစဉ် ကြားဖြတ်မေးခွန်းများ ထောက်ချက်များ တင်ပြသော်လည်း အဆိုရှင်၏ ဦးတည်ချက်ကို ထိခိုက်ယိမ်းယိုင်အောင် မဆောင်ရွက်နိုင်ကြပါ။ အကျယ်ကို လေ့လာလိုလျှင် ‘အစိုးရကို အယုံအကြည် မရှိ’ စာအုပ်တွင် လေ့လာနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ လွှတ်တော်နိုင်ငံရေးဖြင့် မိမိ၏နိုင်ငံ ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် တည်ဆဲလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ထဲထဲဝင်ဝင်လေ့လာပြီး စည်းကမ်းချက်ဘောင်အတွင်းမှ စကားစစ်ထိုးငြင်းခုံမှုပြုရန် လိုအပ်ပါသည်။
ယခုအပတ် လွှတ်တော်အစည်းအဝေးတွင် ကျွန်တော်ရရှိသော ‘ပါလီမန်ဆိုင်ရာ ကျင့်ဝတ်များနှင့် အပြုအမူ လက်စွဲစာအုပ် ပါလီမန်အမတ်များအတွက် လမ်းညွှန်’ စာအုပ်၌ ဥပဒေပြုသူများ မပြုသင့်သော အချက်များကို ဖော်ပြရာ၌ အောက်ပါနှစ်ချက်လည်း ပါဝင်ကြောင်း တင်ပြအပ်ပါသည်။
■ မိမိတို့ ရိုးသားဖြောင့်မတ်မှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်အောင် ပြုမူခြင်း။
■ အစိုးရ၏ သမာသမတ်ရှိမှုအပေါ် လေးစားမှုပျက်ပြားအောင် ယုံကြည်မှုမဲ့အောင် ပြုမူခြင်း။
Credit - Eleven Media Group
No comments:
Post a Comment