ထို သင်တန်းအတွက် နော်ဝေကုမ္ပဏီများဖြစ်သော တယ်လီနော၊ Statoil , DNV GL နှင့် SN Power တို့က ထောက်ပံ့ပေးထားသည်။ သင်တန်း၏ ဘာသာရပ် အများစုအား NTNU မှ ပညာရှင်များက လာရောက်သင်ကြား မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မည့် နော်ဝေကုမ္ပဏီများအတွက် အဓိက ရင်ဆိုင်ရသည့် အခက်အခဲမှာ အရည်အချင်းမီသည့် လူ့စွမ်းအား အရင်းအမြစ် နည်းပါးမှုဖြစ်သည်။ ထိုပြဿ နာကို ဖြေရှင်းရန်အတွက် ယခု မဟာဘွဲ့သင်တန်း မှာ နမူနာကောင်း တစ်ခုဖြစ်ပြီး မြန်မာနှင့် နော်ဝေ နှစ်နိုင်ငံလုံး အကျိုးရှိမည့် အစီအစဉ်ဖြစ်သည် ဟု မကြာသေးခင်က နော်ဝေဘုရင်နှင့် အတူ မြန်မာနိုင်ငံ သို့ လိုက်ပါလာ သည့် နော်ဝေ ကုန်သွယ်ရေးဝန်ကြီး မိုနီတာစမလန် ကပြောကြားသည်။
NTNU ၏ အမှုဆောင် စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းက နိုင်ငံတွင်း ရှိ မြန်မာနှင့် နော်ဝေကုမ္ပဏီများအတွက် အရည်အသွေးမြင့် လူသား အရင်း အမြစ်များ ရရှိစေမည်ဟု နော်ဝေ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ငါးလုပ်ငန်း ၀န်ကြီးက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂ နိုင်ငံ ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု တွင် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မှ နော်ဝေနိုင်ငံရှိ တက္ကသိုလ်အချို့ ကို ၂၀၁၂ ခုနှစ်က သွားရောက်လေ့လာပြီး မြန်မာနိုင်ငံမှ အဆင့်မြင့် ပညာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စေရ
Ref - Nordic News
The Ladies News Journal

No comments:
Post a Comment