ပြုလုပ်ခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ စာတင်ထားရာ ယနေ့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်သီးပုဂ္ဂလ ဦးစိန်လှမှ herjule mediaသို့ ဆက်သွယ်ပြောကြားခဲ့ပါသည်၊
ဦးစိန်လှမှ ခွင့်ပြုချက်အပေါ် ''' ကျွန်တော်တို့ ဆန္ဒပြပွဲပြုလုပ်ခွင့်အကြောင်းကြားစာကို ဒီနေ့ပဲ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ခေါ်ပေးပါတယ်၊ ကျွန်တော်တို့ ကိုင်ချင်တဲ့ ခေါင်းစီးဆိုင်းဘုတ် နဲ့
ကျွန်တော်ကြွေးကြော်ချင်တဲ့ အချက်(၃)ချက်ထဲက (၂)ချက်ကို ခွင့်ပြုပြီး (၁)ချက်ကိုတော့
ခွင့်မပြုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ တောင်းဆိုထားတဲ့်ကြွေးကြော်တွေက
(၁) အသိမ်းခံလယ်ယာမြေများ ပြန်လှယ်ရရှိရေး(ဒို့အရေး)၊(၂) ဦးသိန်းစိန်အစိုးရ (ဖြုတ်ချ-ဖြုတ်ချ-ဖြုတ်ချ) ၊(၃)ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး (ဒို့အရေး) တွေဖြစ်ပြီး သက်ဆိုင်ရာက နံပါတ်(၂)
ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ (ဖြုတ်ချ-ဖြုတ်ချ-ဖြုတ်ချ)ဆိုတာကို ခွင့် မပြုဘူးလို့ ပြောပါတယ်၊သဘောအရပြောရရင် ဆန္ဒပြခွင့်ပြုတယ်၊ ဦးသိန်းစိန်နဲ့ လက်ရှိအစိုးရကို ပြခွင့် မရှိဘူပေါ့၊
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ခွင့်ပြုတဲ့အတိုင်းပဲ လုပ်ရမှာပေါ့၊ ၁၁၊၁၂၊၁၄ရက်နေ့ (၉)နာရီမှာ ရပ်ကွက်(၉)ဘောလုံးကွင်းကနေစပြီး ခရိုင် အုပ်ချုပ်ရေးမှူးရုံးရှေ့ကို စီတန်းလှည့်လည်မယ်၊
အဲဒီမှာ (၅)မိနစ်ကြာ ကြွေကြော်မယ်၊ နိုင်ငံတော် သီချင်းဆိုမယ်၊ အဲဒီကနေ မြစ်ဆိပ်က မြစေတီဘုရားကြီးနဲ့ လေးထပ်ကျောင်းကြားမှာ ပြီးစီးမယ်၊ဟောပြောမှာကတော့
လယ်သမားသူပုန် ဆရာစံအျကြာင်း၊သခင်ဖိုးလှကြီးအကြောင်း၊ နရသီဟပတေ့မင်းအကြောင်း၊ ရှိတ်စပီးယားပုံပြင်ထဲမှ ဂျူလိယက်ဆီဇာအကြောင်းဖြစ်ပါတယ်၊၁၁ရက်နေ့မှ ဆန္ဒပြမှာ ဖြစ်ပေမယ့် အခုကတည်းက
လေးထပ်ကျောင်းထဲမှာ ထီးချိုင့်မြို့နယ်က တောင်သူလယ်သမား ဆန္ဒပြချင်တဲ့သူ (၁၄၀ကျော်) ရောက်နေပါပြီ၊ သူတို့စားရိတ်နဲ့ သူတို့လာကြတာပါ၊ အဓိကကတော့ သူတို့ တောင်ယာ လယ်မြေတွေကို
မတရား ခြိမ်းချောက် (ပေးချင်သလောက်သာ ဈေးပေးခဲ့သောမြေ)သိမ်းယူခဲ့တဲ့ ဂရိတ်ဝေါဦးတင်မောင်၊ ဦးတေဇတို့ထံက တောင်ယာမြေတွေ ပြန်ပေးဖို့နဲ့ အဲဒီလို ခြိမ်းချောက် သိမ်းယူခဲ့တဲ့
ဂရိတ်ဝေါဦးတင်မောင်ကို စိုက်ပျိုးရေးထူးချွန်ဆုပေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့ တောင်သူ လယ်သမားက မယုံကြည်လို ဖြုတ်ချဖို့ တောင်းဆိုချင်ကြတာပါ""
ဟုပြောပြခဲ့ပါသည်၊
ထိုသို့ ဆန္ဒထုတ်ဖေါ်လိုသည့် တောင်သူလယ်သမားများထံ ကျွန်တော်တို့မီဒီယာအဖွဲ့မှ သွားရောက်တွေ့ဆုံ၍ ဒံပေါက်ကျွေးလို့ ဆန္ဒပြတာလား?? နေ့တွက်ရလို့ ဆန္ဒပြတာလား???? ဟူသည့် မေးခွန်းများကို သွား
ရောက်မေးမြန်းခဲ့ရာ...
ဦးမတ်တင်(ထီးချိုင့်မြို့နယ်၊၀င်တင်ကုန်းကျေးရွာ)။ ။ အဘနာမည်က ဦးမတ်တင် ၊ ပိုက်ဆံရလို့ လိုက်လာတာ ဟုတ် မဟုတ်တော့ မသိဘူး၊ ဒီ(ကသာ)မှာ ဆန္ဒထုတ်ဖေါ်ကြမယ်ဆိုလို့ အိမ်သာကျင်းတူးပေးပါမယ်ဆိုပြီး လမ်းစားရိတ်ရှာပြီးကို
ကသာကို ရောက်အောင်လာခဲ့တာ၊လယ်တွေ အသိမ်းခံထားရတာ မကျေနပ်လို့ပါ၊
ဒေါ်မြင့်ဝင်း(ထီးချိုင့်မြို့နယ်၊၀င်တင်ကုန်းကျေးရွာ)။ ။သက္ကယ်ပေး နဲ့ ငွေ၁၀၀၀၀ရှာပြီး ကသာမှာ လာဆန္ဒပြတာပါ၊ ဘယ်သူမှ ပိုက်ဆံမပေးပါဘူး၊ သက္ကယ်(၅၀၀) ပျစ်ပေးပါမယ်ဆိုပြီး လာတာ၊ သက္ကယ်(၁၀၀)ပျစ်ခက ၁၀၀ကို (၂၀၀၀)ရပါတယ်၊ အသိမ်းခံလိုက်ရလို့ လုပ်စရာ လယ်မရှိလို့
သက္ကယ်ပျစ်စားနေရတာပါ၊
ဒေါ်ခင်စန်းဌေး(ထီးချိုင့်မြို့နယ်၊၀င်တင်ကုန်းကျေးရွာ)။ ။ဒံပေါက်နေနေသာသာ ထမင်းတောင် ၀ယ်စားစရာရော ကျွေးမယ့်သူရော မရှိလို့ ဟောဒီမှာ ၀က်မြေဥကိုကြည့်ပါ၊ ဒါဝယ်စားနေရတာပါ၊ လူကြီးမင်းများ သိတော်မူကြပါ၊
ဒေါ်မြ၀င်း (မောင်းကုန်းကျေးရွာ).။ ။ ဟောဒီမှာ ထမင်းထုပ်၊ ကျုပ်စားဖို့တိုင်မှာချိတ်ထားတာ၊ ဘယ်သူမှ ၀ယ်ကျွေးတာ မရှိဘူး၊ဒီထမင်းထုတ်က (၃၀၀)ဖိုး၊ ငါးဖယ်က (၂၀၀)ဖိုး၊မြို့ကြီးတွေလို ဘယ်သူမှ ပိုက်ဆံမပေး ထမင်း မကျွေးပါဘူး၊ လယ်မြေသိမ်းခံရလို့...၊
ဒေါ်စန်းမြိုင် (အုတ်ဆုံရွာ)။ ။(၇)တန်းသမီးကို ကျောင်းထုတ်ထားရပါတယ်၊ လုပ်ကိုင်စားစရာ လယ်မရှိလို့ ယောက်ျားလည်း သင်္ကန်းဝတ်သွားပါပြီ၊ အခု သက္ကယ်ပျစ်စားနေပါတယ်၊
ကဲ ဒီလောက်ဆိုရင် (၁၁၊၁၂၊၁၄)ရက်နေ့ ကသာမြို့မှာ လုပ်မယ့် ဆန္ဒပြပွဲ ပုံရိပ်ကလေး ပေါ်လာလောက်ပါပြီ၊ သူတို့တစ်တွေရဲ့ လယ်မြေသိမ်းခံရပုံအင်တာဗျူးတွေ ကို သက်ဆိုင်ရာ လူကြီးမင်းဖတ်နိုင်ဖို့ အတွက် တစ်ယောက်ချင်းအလိုက် ဖေါ်ပြသွားမှာဖြစ်ပါတယ်၊
(ဟာဂျူလီ-ကသာ)







No comments:
Post a Comment