အတတ်ပညာဖြင့် တန်ဆာဆင်ထားသောလူမိုက်ကို ဝေးဝေးကရှောင်ကြဉ်သင့်၏။
ပတ္တမြားရတနာ တန်ဆာဆင်ထားသောမြွေသည် အဘယ်မှာ အန္တရာယ်မပြုဘဲနေမည်နည်း။
ကိုယ်ထင်ရာ ကိုယ်လုပ်သူအတွက် စာပေဖတ် တရားနာခြင်းသည် အရာမရောက်။
နည်းလမ်းကောင်းညွှန်ပြသည့်အတိုင်း မလိုက်နာသောခေါင်းဆောင်အတွက် တိုင်ပင်ဆွေးနွေး စည်းဝေးနေခြင်းသည် အကျိုးမရှိပါ။
ဆေးနည်းကိုသိရုံမျှဖြင့် အဘယ်မှာလျှင် ရောဂါပျောက်မည်နည်း။
(ဟိထောပဒေသ)
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ တောလိုက်ဝါသနာပါသော ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့ တော လိုက်ရင်း လေးညှို့ကြောင့် ညာဘက်လက်မကလေးပြတ်သွားလေ၏။
တောလိုက်ရာမှ တိုင်းပြည်ကို ပြန် ရောက်သည်နှင့် ညီလာခံမှာ မိမိလက်မကလေး
ပြတ်သွားသည့်အတွက် နန်းတွင်းသူနန်းတွင်းသားအားလုံး နှင့် တိုင်းသူပြည်သားတွေအတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်းပြောလေ၏။
''မင်းတို့တိုင်းပြည်ကဘုရင် က အင်္ဂါမစုံတဲ့ဘုရင်ဆိုပြီး ငါ့အတွက်နဲ့ အားလုံးမျက်နှာငယ်ကြရတော့မယ်''ဟု
ဆိုလေလျှင် ပညာရှိအမတ် ကြီးသည် ဘုရင်ကြီး စိတ်မကောင်းဖြစ်နေသည့် အတွက်
စိတ်သက်သာရာရပါစေတော့ဟူသော အတွေးဖြင့် ပညာရှိပီပီ အရှင်မင်းကြီးရယ်
''ဖြစ်သမျှအကြောင်း အကောင်းပေါ့'' ဟု လျှောက်ထားလိုက်ရာ ဘုရင်ကြီး
၏စိတ်တွင်း၌ လက်မပြတ်တာ ကောင်းတယ်လို့ပြောတယ်အထင်နှင့် မခံမရပ်နိုင်ဖြစ်သွားလေ၏။ ဖြစ်သည့် အတိုင်း ငါ့ကို လက်မပြတ်တာကောင်းတယ်လို့ပြောထားတာ တစ်နေ့ မင်းနဲ့ငါတွေ့ကြသေးတာပေါ့ အမတ် ကြီးရယ်ဟု စိတ်တွင်းမှ အငြိုးအတေးထားလေ၏။
အားလုံး မေ့လောက်သည့်အချိန်ရောက်သည်နှင့် တော ကစားထွက်ရန်ပြင်ဆင်လေ၏။ ပြင်ဆင်ပြီးသည်နှင့် အမတ်ကြီးအား လက်စားချေရန် တောကစားထွက်ရာ သို့ အပါခေါ်ခဲ့လေ၏။
တောတွင်းတစ်နေရာရောက်သည်နှင့်
အခြားသူတို့အား တခြားလမ်းမှ သွားစေကာ ဘုရင်ကြီးနှင့်ပညာရှိ အမတ်တို့
တစ်လမ်းထွက်ခဲ့ကြ၏။ သွားရင်းသွားရင်းဖြင့် ချောက်ကမ်းပါးတစ်ခုတွေ့သည်နှင့် ဘုရင်ကြီးသည် အမတ်ကြီးအား လက်စားချေရန်စတော့သည်။
''အမတ်ကြီး ညီလာခံလူကြားထဲမှာ ငါ့ကို လက်မပြတ်တာ ကောင်းတယ်လို့
မင်းပြောခဲ့တာ မှတ်မိသေးလား'' ဟု မေးလိုက်၏။ အမတ်ကြီးကလည်း ''မှတ်မိပါတယ်
အရှင်မင်းကြီး။ ကျွန်တော်မျိုးပြောတာ အဲဒီသဘောမျိုးမဟုတ်ရပါကြောင်း'' ဖြစ်သမျှအကြောင်းဟာကောင်းဖို့ အတွက်ပဲလို့ ယူဆရန် ဖြေသာရန်ပြောခဲ့ခြင်းသာဖြစ်ကြောင်း လျှောက်တင်လေ၏။
''တော်ပြီ မကြားချင်ဘူး အခုလဲမင်းပြောတဲ့အတိုင်း ဖြစ်သမျှအကြောင်း
အကောင်းပေါ့'' ဟု တွေးကာ နေခဲ့ပေတော့ဟုဆိုကာ ချောက်ကမ်းပါးအတွင်းသို့
ကန်ချလိုက်လေ၏။
ဘုရင်ကြီးသည် အမတ်ကြီးအာ ကန်ချ၍ တစ်ပါးတည်းပြန်လာရာ အပြန်လမ်းကိုမမှတ်မိဘဲ မျက်စိလည် လမ်းမှား၍ လူရိုင်းအုပ်စုတစ်စုနှင့်တွေ့လေ၏။ လူရိုင်းများသည် ဘုရင်ကြီးအား ဖမ်းဆီးခေါ်ဆောင်ကာ ယဇ်တိုင်၌ ယဇ်ပူဇော်ရန်ချည်ထားလေ၏။
ယဇ်ပူဇော်ရန် အချိန်နီးကပ်လာသည်နှင့် ယဇ်ဆရာကြီးသည် ဘုရင်ကြီးအား အင်္ဂါစုံမစုံသေချာစစ်ဆေးကြည့်ရာ လက်မတစ်ချောင်းမပါသည်ကို တွေ့သွားလေ၏။ အင်္ဂါမစုံ လျှင် ပူဇော်၍မရ အင်္ဂါစုံမှရသည့်အတွက် ဘုရင်ကြီးအား အင်္ဂါမစုံ၍ပြန်လွှတ်လိုက်လေ၏။
ဘုရင်ကြီးလည်း အသက်ဘေးမှလွတ်သည်နှင့် ''တော်သေးတာပေါ့
လက်မကလေးပြတ်သွားတာပဲ ခပ် ကောင်းကောင်း''ဟု တွေးမိလျှင်
ပညာရှိအမတ်ကြီးပြောသော ''ဖြစ်သမျှအကြောင်းအကောင်းပေါ့၊
ကောင်း ဖို့ပေါ့'' ဟူသော စကားကိုသတိရသွားသည်နှင့် ပညာရှိအမတ်ကြီး၏
တန်ဖိုးကိုနားလည်ကာ မိမိကိုယ်ရံတော် များ တွေ့သည်နှင့်တစ်ပြိုင်နက်
အမတ်ကြီးအား သွားရောက်ကယ်တင်လေ၏။ အမတ်ကြီးလည်း ချုံပေါ်သို့ ကျပြီး
အသက်မသေဘဲရှိလေ၏။ ဘုရင်ကြီးလည်းအမတ်ကြီးအား ကယ်တင်ပြီးလျှင်
တောင်းပန်စကားဆိုလေ၏။
အမတ်ကြီးက ''တောင်းပန်ဖို့မလိုကြောင်း၊
သူကသာလျှင် အရှင်မင်းကြီး ကန်ချခဲ့ခြင်းကို ကျေးဇူးတင် ရမည်ဖြစ်ကြောင်း
ဖြစ်သမျှအကြောင်း အကောင်းပေါ့''ဟု လျှောက်ထားလေလျှင် ဘုရင်ကြီးလည်း
အံ့သြစွာ ဖြင့် ''အမတ်ကြီးလျှောက်စမ်းပါဦး။
ဘာကြောင့် ကျေးဇူးတင်ပြီး ဘာကြောင့် ဖြစ်သမျှအကြောင်း ကောင်းရ တာလဲ''ဟု
မေးလေလျှင် ''မှန်လှပါ အရှင်မင်းကြီးသာ အကျွန်ုပ်ကို ကန်မချခဲ့လျှင်
လူရိုင်းများအဖမ်းခံရပါက အင်္ဂါစုံတာသည် ကျွန်တော်မျိုးဖြစ်နေသည့်အတွက်
အခုလောက်ဆို ယဇ်ပူဇော်ခံနေရလောက်ပြီ။ အရှင်မင်း ကြီးက အသက်ဘေးကလွတ်အောင်
ကန်ချပေးခဲ့လို့ ကျေးဇူးတင်တာပါ။ ဖြစ်သမျှအကြောင်း ကောင်းဖို့ဖြစ်
လာတာပေါ့'' ဟု လျှောက်တင်လိုက်ရာ နှစ်ယောက်သား တစ်ပြိုင်နက်
''ဖြစ်သမျှအကြောင်း အကောင်း ပေါ့'' ဟု ပြိုင်တူအသံထွက်အော်မိကာ
ဝမ်းပန်းတသာဖြင့် တိုင်းပြည်ကို ပြန်သွားကြလေကုန်၏။
သင်ခန်းစာကောက်နုတ်ချက်-
ဤပုံပြင်ကလေးသည် အဆိုးလောကဓံနှင့်တွေ့ ကြုံခံစားနေရသော သူတို့အား ဖြေဆေးတစ်ခွက်ပင်ဖြစ် သည်။ စာရေးသူသည် အဆိုးလောကဓံနှင့်ကြုံတွေ့ရချိန်တွင် ဤပုံပြင်ကို ဆရာတော် ဦးတေဇောဘာသက ပြောပြဆုံးမသည့်အတွက် ဖြေသာခဲ့ပါသည်။
နတ္တိ လောကော အနိန္ဒိတော၊ လောကမှာ အကဲ့ရဲ့မခံရသူဟူ၍မရှိ။
အခွင့်အရေးတစ်ခုကို ဆုံးရှုံးလက်လွှတ်လိုက်ရပြီဆိုရင် သင့်မျက်လုံးကို မျက်ရည်တွေပြည့်မနေပါစေနဲ့။
နောက်ထပ် ပိုကောင်းတဲ့အခွင့်အရေးတစ်ခုကို မျက်ရည်တွေက ကွယ်ပစ်သလိုဖြစ်သွားလိမ့်မယ်။
အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ အရမ်းနာကျင်ပင်ပန်းလိမ့်မယ်။
ဒါပေမဲ့ နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကိုအောင်မြင်မှုဆီခေါ် ဆောင်သွားမယ့် အတွေ့အကြုံဆိုတာ သင်မမေ့ပါနှင့်။ ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။ အပူပေးခံထားရတဲ့ ရွှေတွေဟာ
အလှဆင်ပစ္စည်းတွေဖြစ်လာပါ တယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ
ဝိုင်ယာကြိုးတွေဖြစ်လာသလို ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း
ရုပ်တုတွေဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘဝမှာ နာကျင်မှုခံစားရမှုတွေများ လာလေ
သင့်ရဲ့တန်ဖိုး တက်လာလေလို့ အောက်မေ့ပါ။ အဆိုးလောကဓံနှင့်ရင်ဆိုင်ရတိုင်း ဤပုံပြင်ကို သတိရ၍ ''ဖြစ်သမျှအကြောင်းကောင်းဖို့အတွက်ပဲ''ဟု ဖြေသိမ့်ကာ ရင်ဆိုင်နိုင်ကြပါစေ။
ဒယ်အိုးဆရာတော် အရှင်သုမင်္ဂလမိန့်ဆိုသကဲ့သို့ ဖြစ်သမျှအကြောင်း မကောင်းကောင်းအောင်လုပ်နိုင် ပါက ပို၍ကောင်းပါသည်။ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ လောကဓံကို လှေကားအဖြစ် အသုံး ချနိုင်ကြပါစေ။ ။
#TheYanognTimes
No comments:
Post a Comment