– အဲးခိုး __ စာဆက်
မူလစီရင်ပိုင်ခွင့်အာဏာများ မကျင့်သုံးလျှင်
တရားဥပဒေအရာတွင်
(၁) သေဒဏ်အမိန့်ကိုအတည်ပြုမှုနှင့်
(၂) သေဒဏ်အမိန့်ကို အယူခံမှု၌ စီရင်ပိုင်ခွင့်အာဏာကို ပေးနိုင်ခွင့်ရှိကြပါသလား၊ လွှဲပြောင်းရယူသော အမှု နှင့် အမှု လွှဲပြောင်းပေးမှုများကို စီရင်ပိုင်ခွင့် အာဏာအရလည်း တရားရုံးတော်တိုင်း၌
စီရင်ပိုင်ခွင့်အာဏာများ ရှိကြပါသလား။ အခြေခံ တရားစီရင်ရေး ဆိုင်ရာမူများနှင့် မဆန့်ကျင်သော (သည့်) ဥပဒေတိုင်းကို မူလစီရင် ပိုင်ခွင့်အာဏာကို မကျင့်သုံးဘဲ တရားရုံးတော်၌ စီရင်ချက် (ဒီကရီ) အမိန့်အမျိုးမျိုး ချမှတ်နေသည်ကို တွေ့ရ သည်။ မြန်မာပြည်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတော်သည် ပုဒ်မ ၂၄အရ တရား စီရင်ရေးနှင့် စပ် လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းခွင့်ရှိသည်ကို ““ပြည်ထောင်စုတရား စီရင်ရေးဥပဒေ””မှ တရားစီရင်ရေးဆိုင်ရာ မူများအား တင်သွင်းမေး မြန်းမှုပြုသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စု မြန်မာနိုင်ငံတော်အောက် အောက်တရား ရုံးတိုင်း၌ မူလ စီရင်ပိုင်ခွင့်အာဏာကို မကျင့်သုံးဘဲ အထက်ထက်ဖြစ်သော အမိန့်အမျိုးမျိုးကို ကိုးကား၍မတရားမှုများ စီရင်ချက်ပြု နေကြသည်ကို တွေ့ရသည်ကြောင့် ဖြစ် သည်။
ရာထူးသက်တမ်း သတ်မှတ်ရေးကိစ္စ
ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ အခန်း(၃)၊ ပုဒ်မ ၃၁ အရ ““ပြည်ထောင်စု တရားသူကြီးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါ အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။
(က) မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊
(ဂ) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်,စိတ် နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ် ယိုယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊
(ဃ) ကွယ်လွန်ခြင်း၊
အထက်ဖော်ပြပါ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူး သက်တမ်း သတ်မှတ်ချက်သည်အကြောင်း တစ်ရပ်ရပ်မပေါ်ပေါက်ပါက အသက် ၇၀ နှစ်ပြည့်သည် အထိ တာဝန်ထမ်းဆောင်ပိုင် ခွင့်ပေးထားသည်ကြောင့် လွှတ်တော်သက် တမ်းတစ်ခုလို (၅ နှစ်) မသတ်မှတ် ဘဲထားခြင်းသည် မဖြစ်သင့်ဟု ယူဆသည်။ အကယ်၍ ဤသို့သတ်မှတ်ခြင်း ပြုမည် ဖြစ်လျှင် ယင်းဥပဒေ၏ ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ)အရ (ကို) ပယ်ဖျက်ရမည် ဖြစ်သည်။ ပုဒ်မ ၃၁အတိုင်းသာ သတ်မှတ်ခြင်းကို လေးစား လျှင်(ထားလျှင်) ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီးတို့သည် နိုင်ငံ့ဝန် ထမ်းတစ်ဦးကဲ့သို့သာ သတ်မှတ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် အသက် ၆၀ သို့မ ဟုတ် ၆၅ နှစ်ပြည့် လျှင် အငြိမ်းစားပြုရသည်သာ ဖြစ်သည်။ ဤဥပဒေကိုလည်း ပြည်ထောင်စု လွှတ်တော်၌ တင်သွင်း၍ သုံးသပ် မှုပြုသင့်သည်။
ပြည်ထောင်စုနယ်မြေတွင်လည်း ဥပဒေပြဋ္ဌာန်းရမည်
ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ အခန်း(၄)၊ပုဒ်မ၃၆၊ပုဒ်မခွဲ(က)အရ““တရား စီရင်ရေးဆိုင်ရာ ကိစ္စအလို့ငှာ မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်သည် နေပြည် တော်အတွင်းရှိ တရားရုံးများ၏တရားလွှတ် တော်ဖြစ် သည်””ဟူ၍လည်းကောင်း၊ ပုဒ်မ ခွဲ(ခ)အရ ““တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဒေသတစ်ခုခု ကို ပြည် ထောင်စုနယ်မြေအဖြစ် သတ်မှတ်လျှင် တရားစီရင်ရေးဆိုင်ရာကိစ်္စအလို့ငှာ သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ယင်းပြည်ထောင်စုနယ်မြေအတွင်းရှိ တရားရုံးတော် များ၏ တရား လွှတ်တော်ဖြစ်သည်””ဟူ၍ လည်းကောင်းဆိုထားသောကြောင့် နေပြည်တော်ကောင်စီ ဥပဒေပြဋ္ဌာန်းချက် အရ တရားစီရင်ပိုင်ခွင့် အာဏာရပ်များ မပြကြောင်း တွေ့ရသည်။
တရားစီရင်ရေးအားလုံး၏ စီရင်ပိုင်ခွင့် အမိန့်ကိုနေပြည်တော်ကောင်စီနှင့် မသက်ဆိုင်ကြောင်း ထားရှိသ ည် ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၄၊ပုဒ်မခွဲ (က) အရပြည်ထောင်စုနယ်မြေဖြစ် သည့် နေ ပြည်တော် ဟူ သော စကားရပ်အရ ပြည် ထောင်စု နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူ များသည် ကင်းလွတ်ခွင့်ရှိသကဲ့သို့ ဖြစ် သည်။ ထို့ကြောင့် ပြည်ထောင်စုနယ်မြေ အဖြစ်သတ်မှတ်ထားရှိသောဒေသ၌တရား စီရင်ပိုင်ခွင့်များ ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း ဖြစ်ပါသည်။
လေ့လာသုံးသပ်ရန်
ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ၊ အခန်း(၄)၊ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က)(ခ)(ဂ) (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များသည် စီရင်ပိုင်ခွင့် အာဏာများနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ ကိုလည်းကောင်း ယင်း၏အခန်း(၅)၊ ပုဒ်မ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈ မှ စီရင်ပိုင်ခွင့်အာဏာများနှင့် တာဝန်နှင့်လုပ် ပိုင်ခွင့် များကိုလည်းကောင်း သေချာစွာလေ့လာကြည့်လျှင် ဥပဒေရေးဆွဲထားသူတို့သည် စီရင်ပိုင်ခွင့်အာဏာများ ရှိသည့် (ဖြစ်သည့်)
(၁) မူလမှု တရားစီရင်ခြင်း၊
(၂) အယူခံမှုတရားကို စီရင်ခြင်း၊
(၃) ပြင်ဆင်မှုတရားကို စီရင်ခြင်း၊
(၄) ဥပဒေတစ်ရပ်အရ သတ်မှတ် ထားသော အမှုများကို တရားစီရင်ခြင်းကိစ္စနှင့် ပတ်သက်၍ အစီအစဉ် သတ်မှတ်မှု၊ ခွဲဝေမှု ရှုပ်ထွေးစေသည်ကို တွေ့ရသည်။ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်း၍ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမူကြမ်းသစ် တင်သွင်းသင့်ကြောင်း မြင်ပါသည်။
နိဂုံး
နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ အကျိုးတရားကောင်း များ ဖြစ်ထွန်းရန်အတွက် ရေးသားခြင်းဖြစ်သည်။ အကျိုးယုတ်စေရေး မပါကြောင်း ထင်ရှားစေခြင်း ဖြစ်သည်။ ဥပဒေအရာ၌ လိုက်နာဆောင်ရွက်သူများ ဖြစ်ကြစေရန် တိုက်တွန်းပါသတည်း။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment