ရန်ကုန်မြို့ထဲက အနှိပ်ခန်းတွေကို ဥပဒေတစ်ရပ် ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။
ရန်ကုန်မြို့တော်ထဲမှာ မြို့ပြ ဖွံ့ဖြိုးမှု လိုအပ်ချက်နဲ့ စိတ်အပန်းဖြေမှုတွေအတွက် အနှိပ်ခန်းတွေ ရှိနေပေမယ့်လည်း ဥပဒေစည်းမျဉ်း စည်းကမ်းတွေ မရှိလို့ အဲဒီအနှိပ်ခန်းတွေက အမျိုးသမီးတွေဟာ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတယ်လို့ ဦးသောင်းကျော်က ပြောခဲ့ပါတယ်။
“ကျွန်လိုပဲ လုပ်နေရတယ်။ သူတို့အတွက် သာမန် အလုပ်လုပ်သူတွေလို အပြင်ထွက်ချိန် မရှိဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် နယ်မြို့တွေက အမျိုးသမီးတွေကို ပွဲစားတွေက အလှပြင်ဆိုင် ပို့ပေးမယ်လို့ ခေါ်လာပြီး အနှိပ်ခန်းထဲ လုပ်နေရတဲ့ ကိစ္စတွေဟာလည်း လူကုန်ကူးမှု တစ်မျိုးပါပဲလို့လည်း သူက ဆိုပါတယ်။
ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခင်ကလည်း ရန်ကုန်မှာ တရားဥပဒေ စိုးမိုးမှု လိုအပ်ချက်အရ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည် ခန်းတွေကို တခြားနိုင်ငံတွေလို သီးခြားမြေနေရာ၊ ရပ်ကွက်အဖြစ် သတ်မှတ်နေရာ ချထားပေးဖို့ လိုတယ်လို့ ပြောပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment