Wednesday, December 10, 2014

လေးပွင့်၊ ခြောက်ပွင့် ပြီးတော့ ၁၂ပွင့်ဆိုင်တဲ့

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးဆွေး နွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသော ခြောက်ပွင့် ဆိုင်တွေ့ ဆုံဆွေးနွေး မှုအစား တိုင်းရင်းသား ပင်မခုနစ်မျိုး ပါဝင်စေမည့် ၁၂ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပွဲဖြစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်းခဲ့သည်။

ဒီဇင်ဘာ ၉ရက်ကပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအ စည်းအဝေး ၅ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းအောင်မြင့်က တိုင်းဒေသကြီး
လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စုအစိုးရသို့တင်ပြဆောင်ရွက်ပေးရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

''တိုင်းရင်းသား တစ်ဦးမှာသာ အခြားတိုင်းရင်းသားများ၏ ကိုယ် စားလှယ် တစ်ဦး အဖြစ် ပြောဆိုရ ပါမည်ဆိုလျှင် တိုင်းရင်းသားတစ် မျိုးနှင့် တစ်မျိုးတို့၏မတူညီသော ဒေသအခြေအနေ၊ မတူညီသော ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ မတူညီသော ယုံကြည်ကိုးကွယ်မှု၊ သယံဇာတကွာ ဟမှု အစရှိသော အချက်များကြောင့် တိုင်းရင်းသားအများစု၏ လိုအပ် ချက် majority interest ကို ဖြည့် ဆည်းပေး နိုင်မှု အားနည်းလိမ့်မယ် လို့ ယူဆပါတယ်''ဟု ဦးစောထွန်း အောင်မြင့်က တင်ပြခဲ့သည်။

ထို့ပြင် ယင်းကတစ်ပြည်လုံး အ တိုင်းအတာရပ်စဲရေးကို အထောက် အကူပြုစေ မည့်အနာဂတ်မှာ တိုင်း ပြည်ကြီးအေးချမ်းသာယာမှုကို အ ထောက်အ ကူပြုစေမည့်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို အ ထောက်အကူပြုစေ မည့် တိုင်းရင်း သားများဆန္ဒကို အများဆုံးဖြည့် စည်းပေး နိုင်ရန်အတွက် တိုင်းရင်း သားများမှ မိမိတို့ဘာသာအများ ဆန္ဒဖြင့်ရွေးချယ်ထားသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ကိုယ်စားလှယ်များကို အမှတ် စဉ်(၆)နေရာတွင် ထည့်သွင်းပြင် ဆင်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ သည်။

ဦးစောထွန်းအောင်မြင့်၏ အ ဆိုကို မြောက်ဥက္ကလာပမြို့နယ်အ မှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွန်းမောင် က ထောက်ခံခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန်အတွက် သဘောတူ ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့် ယနေ့တွင် အ မည်စာရင်းတင်သွင်းနိုင်ပြီး ဒီဇင်ဘာ ၁ဝရက် တွင် ဆွေးနွေး သွားမည်ဖြစ် ကာ ဆွေးနွေးမည့်လွှတ်တော်ကိုယ် စားလှယ်များ အနေဖြင့် တစ်ဦးလျှင် ၁၅ မိနစ်ထက်မပိုရန် လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးကို ခေတ်နှင့်လျော်ညီ စွာ ပြင်ဆင်နိုင်ရေး အတွက် သမ္မတ၊ လွှတ် တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး တို့ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေး ရန် နိုဝင်ဘာ ၂၅ရက်တွင် ပြည်ထောင်စု လွှတ် တော်က အတည်ပြုခဲ့ခြင်းဖြစ် သည်။

ယင်းသို့ အတည်ပြုပြီးနောက် တွင် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးထက်မ က ထည့်သွင်းဆွေးနွေး ခွင့်ပြုရန် တိုင်းရင်းသား ပါတီများ၊ တိုင်းရင်း သား လွှတ်တော်ကိုယ်စား လှယ်များက တောင်းဆိုမှုများ ရှိခဲ့ ကြသည်။


SYMZ
‪#‎Democracytoday‬

No comments:

Post a Comment