![]() |
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့သို့ ဖျော်ဖြေရေးအဖွဲ့ရောက်ရှိလာစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း) |
ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများပြုလုပ်ရေး လှုံ့ ဆော်မှုအစီအစဉ်များကို ဖျော်ဖြေရေးယာဉ်များဖြင့် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
နှစ်(၁၀၀)ပြည့် အခမ်းအနား ပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများ၊ လှုံ့ဆော်မှုများကို ဗိုလ်ချုပ်မွေးနေ့ ဖြစ်သည့် ၂၀၁၅ဖေဖော်ဝါရီ ၁၃ ရက်အထိ လုပ်ဆောင်သွားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ကြေညာထားသည်။
ဖျော်ဖြေရေးယာဉ်များဖြင့်လှုံ့ဆော်မှုပြုခဲ့သည့် ယခုလ ၇ရက် တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့သို့ လာရောက်ဖျော်ဖြေခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည် အားပေး ကြည့်ရှုခဲ့ပြီးဖျော်ဖြေရေးအဖွဲ့များနှင့် ပါဝင်သီဆိုခဲ့သည်။
ရန်ကုန်မြို့သို့ ဖျော်ဖြေရေး ယာဉ်များဖြင့် လှည့်လည်ဖျော်ဖြေ လှုံ့ဆော်ရာတွင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့၊ ဦးနေမျိုးဇင်ဦးဆောင်သည့် မြန်မာ့လူမှုဘ၀တိုးတက်မြင့်မားရေးအသင်းနှင့် အနောက်ပိုင်းခရိုင်NLDတို့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့သို့ လာရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရသီချင်းများ၊ ရွေးကောက်ပွဲမဲဆွယ်သီချင်းများ သီဆိုခြင်း၊ အမေ့အိမ်ပညာဒါနသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်များ ပြောကြားခြင်း စသည့် တင်ဆက်မှုများပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအားပေးခဲ့သည်။
‘‘ဒီနေ့က အများပြည်သူအားလပ်ရက်လည်းဖြစ်တော့ ဒီလိုယာဉ်တွေနဲ့ မြို့လှည့်ပြီးလှုံ့ဆော်မှုလုပ်တာပါ။ ဗိုလ်ချုပ်မွေးနေ့ကလည်း တဖြည်းဖြည်းနဲ့နီးလာပြီဆို တော့ ဒီလိုလှုံ့ဆော်မှုတွေကို ခပ်စိပ်စိပ်ကလေး လုပ်သွားဖို့ရှိပါတယ်’’ဟု လှုံ့ဆော်မှုတွင်ပါဝင်သူ တစ်ဦးကပြောသည်။
ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်ပွဲတော်ကိုဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သည့် နတ်မောက်မြို့တွင်လည်း ခုနစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ်နှင့် မိသားစု၏ အသုံးအဆောင်ပစ္စည်းများ၊ သမိုင်းဝင်အထောက်အထားစာရွက်စာတမ်းများ၊ဓာတ်ပုံ၊ မြေပုံများ၊ဗိုလ်ချုပ်နှင့်ပတ်သက်သည့် နေရာ၊ ဒေသ၊ အဆောက်အအုံများ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ်အကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များ၊ ရိုက်ကူးထားသည့် ရုပ်ရှင်များကို စုဆောင်း ရှာဖွေပြသမည်ဖြစ်သည်။

(ဓာတ်ပုံ - ကျော်ဇင်သန်း) |
Credit - 7DAY DAILY
No comments:
Post a Comment