ကျိုင်းတုံ၊ ဒီဇင်ဘာ ၁ဝ
ကျိုင်းတုံမြို့နယ်နဲ့ မိုင် ၂ဝခန့်ဝေးတဲ့ မိုင်းနော်ဖာသရွာမှာ
ရှေးဟောင်းပစ္စည်း တူးဖော် တယ်လို့ ယူဆရတဲ့အဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ
ဒီဇင်ဘာလ ၁၀ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး ဟုန်းလှေ့နဲ့
ရှေးဟောင်း ပစ္စည်းတူးဖော် တဲ့အဖွဲ့က တစ်ဦးသေဆုံးခဲ့တယ်လို့
ပြည်သူ့စစ်အဖွဲ့ဝင်တွေဆီကနေ သိရှိရပါတယ်။
ရှေးဟောင်းပစ္စည်းတူးဖော်တယ်လို့
ယူဆရတဲ့အဖွဲ့ရဲ့ စခန်းမှာ လူသတ်မှုဖြစ်ပွား တယ် ဆိုပြီး ပြည်သူ့စစ်တွေက
သတင်းပို့လို့ သွားရောက် ဖမ်းဆီးတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာလို့
ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူး ကျော်သိန်းစိုးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ ရှေးဟောင်း ပစ္စည်းတူးဖော်သူတွေရဲ့အဖွဲ့က
အမျိုးသား ငါးဦးနဲ့ အမျိုးသမီး လေးဦးကို တူးမီးသေနတ် လေးလက်၊ ဓားရှည်
လေးချောင်း၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁ ပြားတွေနဲ့
အတူ ဖမ်းမိတယ်လို့ သူက ဆိုပါတယ်။
ရှေးဟောင်းပစ္စည်းတူးဖော်သူတွေအဖွဲ့က
အသက် ၂၅နှစ် အရွယ်ရှိ အားတီးယား ဟာ တိုက်ပွဲမှာ သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့
သုံးရက်ခန့် ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၅နှစ်အရွယ်ရှိ မောရှေရဲ့
အလောင်းကို အဲဒီစခန်းမှာ တွေ့ရတယ်လို့ ဖားငင်းပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်သားက ပြောပါတယ်။
Credit - The Voice Weekly
 |
ဓာတ်ပုံ ..ရန်နိုင် |
No comments:
Post a Comment