Tuesday, December 9, 2014

နှစ်ပေါင်းများစွာ ပိတ်ထားသည့် သီရီဆောင်နှင့်မာလာဆောင်အား ပြန်လည် ဖွင့်လှစ်


သတင်းထောက် ( စိုင်းဟန်)

ကျောင်းသူအဆောင်အဖြစ် အသုံးပြုခြင်းမှ နှစ်ပေါင်းများစွာ ပိတ်ထား ခဲ့သည့် သီရီဆောင်နှင့် မာလာဆောင်အား ဒီဇင်ဘာ၈ရက်တွင် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ ကိုယ်တိုင် ပြန်လည် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်ကျောင်းသူများအတွက် ဖွင့်လှစ်ထားသည့် အဆောင်များအား အင်္ဂလိပ်စာဗဟိုဌာနအဖြစ်လည်းကောင်း၊SEAMEO Chat ဌာနအဖြစ်အသုံးပြုရန် ပိတ်ထားခဲ့ရမှာ ကျောင်းသူများနေ ထိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက`မာလာဆောင်ကို ပြန်ဖွင့်နိုင်တာကို တော်တော်ဂုဏ်ယူပါတယ်။ ပီတီဖြစ်မိပါတယ်။ဘာလို့ဆိုရင် မာလာဆောင်ကို နောက်ဆုံးအဆောင်မှူးလုပ်သွား တာကျွန်မဖြစ်ပါတယ်။ အဆောင်မှူးလုပ်တဲ့ အချိန်မှာပဲကျောင်းပိတ်သွားတဲ့အတွက် ကျောင်းသားမရှိတဲ့ အဆောင်မှူးဆိုပြီး ရယ်စရာပြောလို့ရပါတယ်။ဒါပေမယ့် Hall tutor တွေတော့ အဆောင်မှာထား ပါတယ်။ မာလာဆောင်က အစဉ်အဆက် စီးပွားရေး တက္ကသိုလ်ကျောင်းသူတွေနေတဲ့အဆောင် သီရီဆောင်ဟာ ရန်ကုန်တ က္ကသိုလ် က ကျောင်းသူတွေနေတဲ့အဆောင်ဖြစ်တဲ့အတွက် ဒီမနက်မှာပဲ Grand Opening ဆိုပြီး မာလာဆောင်ကိုဖွင့်ပါတယ်။သီရီဆောင်ကိုဖွင့်မှာ့ဖြစ်ပါတယ်´ဟု ပြောသည်။

ယင်းကဆက်လက်ပြီး မာလာဆောင်နှင့်သီရီဆောင် အား ကျောင်းသူအဆောင်အဖြစ် ပြန်လည် ဖွင့်လှစ်လာနိုင်ခြင်း မှာ၂၀၁၁ ခုနှစ်မှစတင်ပြီးပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ရာတွင် အဆင့်မြင့် ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ကျောင်းသူကျောင်းသားတွေ အဆောင်ပြန် ထားဖို့စီစဉ်ရာ၌ တဖြည်းဖြည်း စီစဉ်ရာမှ အဆောင် အသစ်ပြန်ဆောက်ရခြင်း၊အဆောင်အဟောင်းေ တွပြန်သုံးရခြင်းများတွင် မာလာဆောင် နှင့်သီရီဆောင် အား အဆောင်အဟောင်းအဖြစ် ပြန်လည် အသုံးပြုရန် အတွက် လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

ဒေါ်ခင်စန်းရီက`အခုလိုအဆောင်တွေဖွင့်လှစ်နိုင်တဲ့အတွက် သီချင်းတွေကြည့်တဲ့ အခါမာလာဆောင် သီချင်း တွေ ပြန်လည်ရှင်သန် လာဖို့ရှိပါတယ်။သီရီဆောင်သီးချင်းတွေ ပြန်လည်ရှင်သန်လာဖိုရှိတဲ့အတွက် ဒီဟာတွေဟာကြည်နူးစရာကောင်းတဲ့ အခြေအနေကောင်းတွေဖြစ်လာမှာ ပါတယ်´ဟု ပြောသည်။

ပြန်လည်ဖွင်လှစ်လိုက်သည့်စီးပွားရေးတက္ကသိုလ်လက်အောက်ရှိ မာလာဆောင်တွင် ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းသူ ၂၅၀ဦးခန် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ သီရီဆောင်တွင် ကျောင်းသူ ၁၃၂ ဦးခန့်ရှိပြီး ယင်းထဲတွင်မြန်မာနိုင်ငံတွင် လာရောက် ပညာသင်ကြားသည့် နိုင်ငံခြားကျောင်းသူ ၃၉ဦးကိုပါနေထိုင်ကြောင်း သိရသည်။

သီရီဆောင်တွင်နေထိုင်ပြီး မြန်မာစာလာရောက်သင်ကြားသည့် ဂျပန်နိုင်ငံ မှတတိယနှစ်ကျောင်းသူ မကြည်သာမိုး (Ms.Aika Takeuchi)က `မြန်မာစာကို စိတ်ဝင်စားလို့ မြန်မာနိုင်ငံအကြောင်း ကိုလေ့လာချင် လိုဖြစ်တယ်။ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ကနေ မြန်မာစာ ၂နှစ်တက်ခဲ့ပါတယ်။ဒီနှစ်ကတော့ မြန်မာနိုင် ငံမှာ လာရောက်သင်ကြားတာဖြစ်ပါတယ်။ဒီကိုရောက် တာ၆ရက်ထဲ ရှိပါသေးတယ်။လက်ရှိနေရထိုင်ရတာ အဆင်ပြေပါတယ်´ဟု ပြောသည်။

လက်ရှိတွင် နယ်မှလာရောက်တက်ရောက်သည့်ကျောင်းသူ/သားများအတွက် စီးပွားရေးတက္ကသိုလ် မှ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မာလာဆောင်၊လှိုင်တ က္ကသိုလ်နယ်မြေတွင် ကံ့ကော်၊ဂန္ဒမာ၊သရဖီနှင့် နှင်းဆီ၊ ကျောင်းသားများ အတွက် ရွာသာကြီးတွင်လည်းကောင်းဖွင့်လှစ်ထားပြီး ရန်ကုန်တက္ကသိုလ်တွင် ၀ိဇ္ဖာသိပံဘာသာရပ်သင်ကြားသည့် ကျောင်းသားကျောင်းသူများအတွက် အဆောင် ၁၁ဆောင်ဖွင့်လှစ်ထားရှိပြီး မကြာခင်ကာလတွင် လှိုင်တက္ကသိုလ် နယ်မြေ၌ ကျောင်းသား အယောက် ၄၀၀ဦးဆန့်သည့် နိုင်ငံတကာ အဆင့်မီ အဆောင်နှစ်ခု တည်ဆောင်သွားရန်ရှိကြောင်း သိရသည်။

The Ladies News Journal
 
 
 

No comments:

Post a Comment