Thursday, September 25, 2014

မြို့နယ်(၆)မြို့နယ်ဖြတ်ကျော်ကာ လက်ရှိအစိုးရကို တကိုယ်တော်ဆန္ဒပြ.

ရန်ကုန်မြို့ ၊တောင်ဒဂုံမြို့နယ်မှ စတင်ပြီး မြို့နယ်ခြောက်မြို့နယ်ကို ဖြတ်ကျော်ကာ မြို့လယ်ဆူးလေအထိ လက်ရှိအစိုးရကို အယုံအကြည်မရှိကြောင်း တကိုယ်တော်ဆန္ဒပြမှုတခု စက်တင်ဘာလ(၂၅)ရက်နေ့ ကဖြစ်ပေါ်ခဲ့သည်။ လက်ရှိအစိုးရ၏ လုပ်ရပ်များကို ထုတ်ဖော်ပြစ်တင်ပြောဆိုမှုများကိုလမ်းတစ်လျှောက် ဟောပြောရင်း ပြည်ထောင်စုကြီးငြိမ်းချမ်းပါစေ စာသားပါ ပိုစတာကိုင်ဆောင်ထားသည့် ကိုနေလင်းစိုးသည် တောင်ဒဂုံမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ တာမွေမြို့နယ် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဗိုလ်တစ်ထောင်မြို့နယ် ၊ ကျောက်တံတားမြို့နယ်တို့ကို တကိုယ်တော်
လမ်းလျှောက်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ တောင်ဒဂုံမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ တာမွေမြို့နယ် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် နှင့် ကျောက်တံတားမြို့နယ်တို့ကို ဖြတ်သန်းရာတွင် ဆန္ဒပြခွင့် ခွင့်ပြုချက်ဖြင့် ဖြတ်ကျော်ခြင်းဖြစ်သော်လည်း ဗိုလ်တထောင်မြို့နယ်ကို ဆန္ဒပြခွင့် လျှောက်ထားရာတွင် ခွင့်ပြုချက်မရရှိခဲ့သဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
Credit -  The Irrawaddy (Burmese Version)

 
 

No comments:

Post a Comment