ခရစ်နှစ်၁၉၃၀ပြည့်နှစ်၊ စက်တင်ဘာ ၂၈ရက်တနင်္လာနေ့တွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ၌ကျင်းပခဲ့ သည့် ကျောင်းသားထု အစည်းအဝေးကြီးက တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ-က-သ)ဖွဲ့ စည်းရန်ဆုံးဖြတ် ခဲ့ပြီးအဖွဲ့ဝင် (၁၂)ဦးပါ ၀င်သော သမဂ္ဂ စည်းမျဉ်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မ တီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်းဥပဒေကို ၁၉၃၁ခုနှစ် ဇန်န၀ါရီ၉ရက်၊ သောကြာနေ့တွင် ကျင်းပသော ကျောင်း သားထု အစည်းအဝေးက လက်ခံအတည်ပြု၍ ကိုကျော်ခင် (ဥက္ကဋ္ဌ)၊ ကိုရာရှစ်(အတွင်းရေးမှူး)တို့ ဦး ဆောင် သော သမဂ္ဂ အမှုဆောင် ကော်မတီဖွဲ့စည်းလိုက်ခြင်းဖြင့် တက္ကသိုလ်ကျောင်း သားများသမဂ္ဂ (တ-က-သ)ဟူ၍ တရား ၀င် စတင်ပေါ်ပေါက်လာခဲ့သည်။
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ-က-သ) ဖွဲ့စည်းပြီးနောက် ၁၉၃၆ခုနှစ်တွင် ဒုတိယ တက္က သိုလ် ကျောင်းသား သပိတ်ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ- က-သ) ၏ ဥက္ကဋ္ဌအဖြစ် ကိုနု (၀န်ကြီးချုပ်ဦးနု) ၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမ်အေရာရှစ်တို့ဟာ ၀န်ထမ်းဆောင်ခဲ့ကြပြီး ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂစာစောင်ဖြစ်သော အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ အဖြစ် ဆောင်ရွက် သည်။ ဗြိတိသျှအစိုးရ တက္ကသိုလ်အာဏာပိုင်၊ ယူနီဗာစီတီကောလိပ် (တက္က သိုလ် ကျောင်း တိုက်) ကျောင်းအုပ်ကြီး ဒီဂျေစလော့၏ မတရားဖိနှိပ်ချုပ်ချယ် မှုများကို တက္ကသိုလ်ကျောင်း သားများ သမဂ္ဂဥက္ကဋ္ဌ ကိုနုက ဝေဖန် ရှုတ်ချခဲ့သောကြောင့် ကျောင်းအုပ်ကြီးစလော့က ကိုနုကို ကျောင်း ထုတ်ခဲ့သည်။ ထို့ပြင် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကိုလည်း အိုးဝေမဂ်္ဂဇင်း၌ ကျောင်းအုပ်ကြီးစလော့၏ အချစ်တော် ကျောင်း အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးအားခပ် ကြမ်းကြမ်း ဝေဖန်ရေးသား ထားသော ဆောင်းပါး တစ်ပုဒ်ဖော်ပြမှုဖြင့် ထိုဆောင်းပါးရေးသူ၏ အမည်ကို ဖော်ထုတ် ရန်တောင်းဆိုသည်။ ကိုအောင်ဆန်းက အယ်ဒီတာတို့၏ စည်းကမ်းအရ အမည်မဖော် ထုတ်သောကြောင့် ကျောင်းအုပ်ကြီးစလော့က ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ် ရန် စီမံခဲ့သည်။…
ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ-က-သ)သည် ၁၉၃၆ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်၊အင်္ဂါနေ့တွင် တက္ကသိုလ် ကျောင်း သားများသမဂ္ဂအမှုဆောင် အစည်းအဝေးကျင်းပပြီး ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ်ကို စတင်ခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီးတွင် သပိတ် စခန်းပြုလုပ်ခဲ့သည်။ ယင်းတက္ကသိုလ် သပိတ်ကို အကြောင်းပြု၍ ရန်ကုန်နှင့်နယ် ရှိအထက်တန်းအလယ်တန်းကျောင်းသား များလည်း သပိတ်မှောက်ခဲ့ကြသည်။ မတ် လတွင် ကျင်းပရန်ဖြစ်သော စာမေးပွဲများ ကိုရက်ရွှေ့ဆိုင်းလိုက်ရသည်။ ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ် တိုက်ပွဲကို ဦးစိုးသိမ်း(ဂျီစီဘီအေ)၊ ဒီးဒုတ်ဦးဘချို၊ ၀တ်လုံဦးကျော်မြင့် စသည့် မြန်မာ့နိုင်ငံ ရေးလောက တွင် ထင်ရှားခဲ့သော ပုဂိ္ဂုလ်ကြီးများက ၀ိုင်းဝန်းကူညီအားပေးခဲ့ကြသည်။
၁၉၃၆ ခုနှစ် မေလဆန်းတွင် တက္ကသိုလ် အာဏာ ပိုင်များနှင့် သပိတ်မှောက်ကျောင်းသား တို့ စေ့စပ်ေ ဆွးနွေး မှု ပြုလုပ်ခဲ့သော်လည်း အသင့်အတင့် သာ ပြေလည်မှုရရှိခဲ့သည်။ သပိတ်မှောက် ကျောင်း သားများကို အပြစ် မပေးရေး၊ စာမေးပွဲဝင်ရန် လုံလောက် သောစာကျက်ချိန်ရရှိရေး၊ မန္တလေး (ဥပစာ) ကောလိပ်ကျောင်း ဆက် လက်တည်မြဲ စေရေး ကိစ္စများအတွက် ပြေလည်မှုရရှိခဲ့ သော်လည်း ပြင်ပမှ တက္ကသိုလ်စာမေး ပွဲ ဖြေဆိုခွင့် ကို ဒေါက်တာ ဘမော်၏ ပညာရေးဌာနက သဘောမတူ ခဲ့ပေ။ ကျောင်းလခ၊ အဆောင်လခ လျှော့ရေး၊ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ပေးရေးတို့ကိုလည်း သဘောတူညီမှုမရရှိခဲ့ပေ။ သို့သော် ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသား သပိတ်ကြီးကို ဦးဆောင်သော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)ကြီး သည် အောင်မြင်မှု အကျိုး ကျေးဇူး ၂ရပ်ကို ရရှိခဲ့သည်။
ပထမအောင်မြင်မှု အကျိုးကျေးဇူးမှာ ကျောင်းအုပ်ကြီး ဒီဂျေစလော့၏ နေရာတွင် ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ပါမောက္ခဦးဖေမောင်တင်ကို အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအောင်မြင် မှုအကျိုးကျေးဇူး မှာ နိုင်ငံ တစ်ဝန်းလုံး ရှိ ကျောင်းသားများ ပါဝင်နိုင်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကိုအကောင် အထည်ဖော် ဆောင်ရွက်နို င်ခြင်းပင်ဖြစ်သည်။
၁၉၃၆ခုနှစ်မေလ ၈ရက်သောကြာ နေ့တွင် အရပ်ရပ်မှ သပိတ်မှောက်ကျောင်း သားများပါဝင်သော ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးကြီးကို ရန်ကုန်မြို့ ဂျူဗလီ ဟောခန်းမကြီး ၌ ပြုလုပ်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကြီးတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)၏ ကျောင်းသားခေါင်းဆောင်အဖြစ် အမ်အေရာရှစ်ကို ဥက္ကဋ္ဌအဖြစ်ခန့် အပ်ခဲ့သည်။ ယင်း အစည်းအဝေးကြီးတွင် အမျိုးသားပညာရေးအဖွဲ့ချုပ် ကျယ်ကျယ် ပြန့်ပြန့်ဖြစ်စေရန် အမျိုးသားတက္ကသိုလ် တည်ထောင်ရန် တိုင်းရင်းသားကျောင်းသား များနှင့် ပြည်တွင်းနေ လူမျိုးခြားကျောင်းသားများ သွေးစည်းရန် စသည်တို့ကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ရန်ကုန် ဂျူဗလီဟောခန်းမကြီးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)ထူထောင်ဖွဲ့ စည်း ရာ၌ ကိုအောင် ဆန်းသည်လည်း ဦးဆောင်ပါဝင်ခဲ့သည်။ ယင်းအစည်းအဝေးကြီးတွင် ကျောင်းသားေ ခါင်း ဆောင် တစ်ဦးဖြစ်သော ကိုအောင်ဆန်း၏ နိုးကြားတက်ကြွစွာ ပါဝင်ဆောင် ရွက်မှု အားမာန်ကို ယင်းအစည်း အဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သော ကျောင်း သားကိုယ်စားလှယ်တစ်ဦးဖြစ် သည့်ကိုဌေး မြိုင်(ဆရာကြီး-ဒဂုန်တာရာ)က-
“၁၉၃၆ခု ပထမဆုံးကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီ လာခံကြီးကို ရန်ကုန်ဂျူ ဗလီ ဟော ခန်းမတွင် ဆင်ယင်သောအခါဖြစ်သည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြား လျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ်အဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် (ကို)အောင် ဆန်း စကားပြောသည်ကို တွေ့ရခြင်းဖြစ်ပေ သည်။ ၁၉၃၆ခု သပတ်မှောက် ကိစ္စတောက် လောင်တော့မည့် ဆဲဆဲ၊ မီးခိုးများအုပ်နေသည့်အခိုက် (ကို)အောင်ဆန်းအမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ ကိုသိချင်သော စိတ်ထက်သန်ခဲ့သည်။ ထိုအခါ (ကို)အောင်ဆန်းမှ တက္ကသိုလ်သမဂ္ဂ အသင်း၏ ကြွေးကြော် သံဖြစ်သော အိုးဝေ မဂ္ဂဇင်း အယ်ဒီတာဖြစ်သည်။ ကျွန်တော်သည် စာပေ၀ါသနာပါ သူဖြစ်ရာ(ကို)အောင် ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်း ကို သိချင်၏။ တွေ့ဖူးချင် ၏။ သို့သော် ဂျူဗလီဟောကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့်သူ့ စကားပြောသည်ကို တွေ့မြင် ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည် ကိုတွေ့ရ၏။ ကျွန် တော်ထင်ထားသည်မှာ ရုပ်ဖြောင့်ဂိုက် ကျ စကားပြောကောင်းသူ ဖြစ်၏။ အယ်ဒီတာ လည်းဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။ တွေ့ရသော အခါ ရုပ်ကလည်း မဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်ရုံစိတ်ထဲတွင် မကျေနပ်။ ထိုအခါ ကျွန်တော့် မှာ အရွယ်နုသေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ (ကို)အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြောကောင်း စေချင်နေ၏။ ထို့ကြောင့် စိတ်ထဲတွင် မကျေနပ်ဟူ၍ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ(ဗကသ)တို့တွင် ဒုဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၁၉၃၇ ခုနှစ်မေလတွင် မန္တလေးမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ (ဗကသ)ညီ လာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ၁၉၃၇-၃၈ခုနှစ်တွင် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အရန်အမှုဆောင်အဖွဲ့ဝင်နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)၏ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၃၈-၃၉ခုနှစ်တွင် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂ (တကသ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၏ ဥက္ကဋ္ဌတာဝန်များကို ထမ်း ဆောင်ခဲ့သည်။ ၁၉၃၈ခုနှစ် ဧပြီလ၂၄-၂၅ရက်နေ့များတွင် ပုသိမ်မြို့၌ ပြုလုပ် ကျင်းပခဲ့သော ဗမာနိုင်ငံ လုံးဆိုင် ရာကျောင်းသားများ ညီလာခံ (ဗကသ)သို့ တက်ရောက်ကာ ဥက္ကဋ္ဌအဖြစ် မိန့်ခွန်း ပြောကြားခဲ့သည်။
ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ ခုနှစ်တွင် တက်္ကသိုလ်၏ ကျောင်းသားများ သမဂ်္ဂ(တကသ)၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေချိန် ၁၉၃၆ခုနှစ်စက် တင်ဘာ ၂၀ရက် (မြန်မာနှစ် ၁၂၉၈ ခုနှစ် သီတင်းကျွတ် လဆန်း ၆ရက်) တနင်္ဂနွေ နေ့တွင် ကျင်းပခဲ့သော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအသင်းကြီး၏ ဆဋ္ဌမနှစ် ပတ်လည် အစည်းအဝေးကြီးကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကြီးသို့ တက္ကသိုလ်ကျောင်း သား များသမဂ္ဂ (တကသ) ၏ဒုတိယဥက္ကဋ္ဌဖြစ်သော ကိုအောင်ဆန်းက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တက သ) ၏ နာယကကြီး ဖြစ်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုသ၀ဏ်လွှာ(သို့မဟုတ်) ဂုဏ်ပြု လေးချိုး ကြီးတစ်ပုဒ်ရေးသားပေးပို့ရန် ဤသို့ ပန် ကြားခဲ့သည်။
ဆရာကြီးခင်ဗျား-
ကျွန်တော်တို့ သမဂ္ဂအသင်းကြီး၏ ဆဋ္ဌမနှစ်ပတ်လည် အစည်းအဝေးကို ၁၂၉၈ခုနှစ်သီတင်းကျွတ်လဆန်း ၆ရက်နေ့၊ နံနက်၇နာရီအချိန်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာပြည်နှင့်တကွ အိနိ္ဒယပြည် အင်္ဂလန်ပြည် ရှိ ခေါင်း ဆောင်ကြီးများ ပညာချွန်သူများထံသို့ ထို့နေ့အရောက် သ၀ဏ်လွှာများ ရေးသားပေး ပို့ကြပါ ရန် တောင်းပန် ထားပါကြောင်း၊ ဆရာကြီးကလည်း ကျွန်တော်တို့၏ အသင်းကို ထောက်ပံ့သော အားဖြင့် ဆရာကြီးနှစ်သက်ရာ သ၀ဏ် လွှာတစ်ခုကို လေးချိုးနှင့်ဖြစ်စေ ရိုးရိုး စကားပြေနှင့်ဖြစ်စေမ-စပါမည့်အကြောင်း ရိုသေလေးမြတ်စွာ အစီရင်ခံပါသည်ခင်ဗျား
(အောင်ဆန်း)
ဒု-ဥက္ကဋ္ဌ(တက္ကသိုလ် ကျောင်းသားများသမဂ္ဂ)
ထိုသို့မေတ္တာရပ်ခံ ပန်ကြားချက်ကြောင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ယကကြီး သခင် ကိုယ်တော်မှိုင်းသည်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက၊ အထက်သမ္မတအသင်းတွေနဲ့ (တြင်း -န၀င်း-ကောင်းမျိုးအထွေထွေ၊ အိုကွယ် – တက်မကွ၊ အတင်းဟေ့လို့ အကွက်ကျ နင်း-နင်းပြီးခက်သမျှရှင်းပေးမည့် သတင်း ဒေါင်းအိုးဝေ)
အိုးဖေမောင်တင်ရဲ့အောင်မျို့ အလှဲ့၊ အထက်ဟိုယခင်ကဲ့သို့ကနက် ဗဟိုပြောင်း ရမှာက၊ နောင်သို့ တကယ့် အောင်ဖို့တပည့် တွေနှင့်၊ သြော်-မောင်တို့ရဲ့ တက္ကသိုလ် သခင်ကျောင်း”ဟူသောတက္ကသိုလ် သမဂ္ဂ အသင်းနှင့် ဒေါင်းအိုးဝေမဂ္ဂဇင်းကြီးဘွဲ့ အလင်္ကာ မင်္ဂလာလေးချိုးကြီး ကို ရေးဖွဲ့ဂုဏ်ပြုပေး ပို့မှတ်တမ်းတင်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားများသမဂ္ဂ (ဗကသ)ဥက္ကဋ္ဌ အဖြစ် ကိုအောင်ဆန်းသည် ၁၉၃၈ခုနှစ်တွင် တို့ဗမာ အစည်းအရုံးသခင်အသင်းသို့ စတင်ဝင် ရောက်ခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရသည်။ ၁၉၃၈ခုနှစ် နိုဝင်ဘာ ၇ရက်တနင်္လာနေ့ တွင် သခင်အောင်ဆန်းဟူသော ၀ိသေသဖြင့် မြန်မာ့ နိုင်ငံရေး နယ်ပယ်အတွင်းသို့ ခြေစုံပစ်ဝင် ရောက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ) ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့လျက် မြန်မာ့ လွတ်လပ်ရေးအတွက် သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဟူသော ၀ိသေသတို့ဖြင့် ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းရွက်ဆောင်ခဲ့သည်။
ကျမ်းကိုး
၁။ ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀ -၁၉၉၅ခုနှစ်)
၂။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တ (သခင်ကိုယ်တော်မှိုင်းတည်းဖြတ်)
၃။ ဗိုလ်ချုပ်အောင်ဆန်း၏ သက္ကရာဇ်စဉ် အတ္ထုပ္ပတိ္တအကျဉ်း (မြန်မာသစ်-ရသစုံ မဂ္ဂဇင်း ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ)
၎။ သခင်ကိုယ်တော်မှိုင်း၏ လေးချိုးပေါင်းချုပ်(ပထမတွဲ) (ရွှေကိုင်းသားတည်း ဖြတ်)
၅။ ဂျူဗလီဟောမြင်ကွင်း(တိုက်စိုး)
Credit - Myanmartandawsint Newspaper


No comments:
Post a Comment