Thursday, September 25, 2014

ညှိရခက်သည့် တပ်ပိုင်းဆိုင်ရာကိစ္စများ နှစ်ဖက်ကိုယ်စားလှယ်များ သီးသန့်ဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (မူကြမ်း) မှ ညှိနှိုင်းရန် ခက်ခဲနေသော တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်ကိုယ်စား လှယ်များ သီးသန့်ဆွေးနွေးသွား မည်ဖြစ်ကြောင်း NCCT ခေါင်း ဆောင် နိုင်ဟံသာက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲတွင် နှစ်ဖက်ညှိနှိုင်း ရခက်ခဲနေသော အချက်များတွင် တပ်ပိုင်းဆိုင်ရာ    ကိစ္စရပ်များ လည်း ပါဝင်နေခြင်းဖြစ်သည်။

ယင်းတပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကို တပ်မတော်ဖက်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်း သားကိုယ်စားလှယ်များ သီးသန့် တွေ့ဆုံပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း၍ စာတမ်းပြုစုသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြော သည်။
‘‘သီးသန့်အချိန်သတ်မှတ်ပြီး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ သဘောရှိတယ်’’ ဟု NCCT ခေါင်းဆောင်က ဆိုသည်။
စက်တင်ဘာ ၂၂ ရက်မှ စ တင်ပြုလုပ်နေသော တစ်နိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲတွင် တပ် ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည့် ပုံစံ၊ ကြားကာလအစီအစဉ်များ နှင့်ပတ်သက်၍လည်း ညှိနှိုင်းရန် ခက်ခဲနေကြောင်း သတင်းရရှိ သည်။

Credit - 7DAY DAILY

No comments:

Post a Comment