Saturday, September 27, 2014

စိတ်ရှည်သည်းခံ ပြည်သူ့အစေခံ – မဟာနွယ်


သမ္မတအိုဘားမား၏ နိုင်ငံခြားဆက်ဆံရေး Brand အသစ် (New brand of foreign Relations) သည့် အာဆီယံ နိုင်ငံပေါင်း ၁၁နိုင်ငံ ရှိသည့် အထဲတွင် ချောမောပြေပြစ်သည့် အမျိုး သမီးခေါင်းဆောင် များရှိသည့် ထိုင်းနိုင်ငံနှင့် မြန်မာနှစ်နိုင်ငံတည်းကိုသာ အထူးထား ကျင့်သုံးနေသည်လား၊ သမ္မတဘားရက် အိုဘားမားပဲ သိမည်ဖြစ်သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှအဆက်
ယခုမိမိတို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့ မေးခွန်း များ မေးမြန်းရာတွင် ဒေါ်တင်နွယ်ဦးက ၁၉၉၀ ပြည့် ၀န်းကျင်နှစ်များက အစိုးရ၀န်ထမ်းများ ၏ နေအိမ် အခက်အခဲကို ဖြေရှင်းပေးရန် စတင်အကွက်ချ တည်ထားခဲ့သည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌
မြို့တည်ရာတွင် စနစ်တကျ ဆောင်ရွက်ခဲ့ခြင်း မရှိ၍ လျှပ်စစ်မီးတပ်ဆင်သွယ်တန်းခြင်း လုပ်ငန်းများ မှာလည်း စနစ်မကျဘဲ လက်ရှိ အချိန် တွင် လျှပ်စစ်မီး ရရှိမှု အခက်အခဲများ ဖြစ်ပေါ်ေ စကြောင်း ဒေါ်တင်နွ ယ်ဦးက တင်ပြသည်။ လျှပ်စစ်ဝန်ထမ်းများ ညံ့ ဖျင်းသည်ဟုလည်း ထောက်ပြခဲ့သေးသည်။ မြို့နယ်တွင်းရှိသည့် ထရန်စဖော်မာအလုံး ၃၀ နှင့် ပတ်သက် ပြီး ““ထမပေါက်ဖူးတဲ့ ထရန်စဖော်မာဆိုတာ မရှိပါဘူး””ဟု ပြော သည်နှင့် ဒေါ်တင်နွယ်ဦး သတိပေးခံရပြန် သည်။ သို့သော် သူမကား ပြည်သူ့အစေခံ ပီသသူ ဖြစ်သည်။
မိမိတို့၏ အနီးဆုံးအိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် သက်ဦးဆံပိုင် ဘုရင်စနစ်သက်ရောက်မှုများနှင့် ဒီမိုကရေစီနိုင်ငံအဖြစ် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် စနစ်များအပေါ် အခါအား လျော်စွာ ၀င်ရောက် ပတ်သက်နေမှုများ အထင်အရှားရှိနေသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ သက်ဦးဆံပိုင်ဘုရင်ကို အကောင်း၊ အဆိုး ဝေဖန်ခြင်းကို တားမြစ်သည်မှအပ ၀န်ကြီးချုပ်ကဲ့သို့ အစိုးရ အဖွဲ့ခေါင်းဆောင်ကိုလည်းကောင်း၊ ပါတီ အကြီးအကဲတစ်ဦးဦး ကိုသော်လည်းကောင်း ဝေဖန်ထိုးနှက်ကြသည်။ စာမျက်နှာပေါ် မီဒီယာများပေါ်မှပြန် လည် ထိုးနှက်တုံ့ပြန် မှုများ ရှိကြသော်လည်း ဥပဒေကြောင်းအရ အရေးယူခြင်းမျိုး မိမိလက်လှမ်းမီသ လောက် မတွေ့ရှိရချေ။…
နိုင်ငံတကာ နိုင်ငံရေးလောကတွင် မျိုးဆက်သစ် အမျိုးသမီးနိုင်ငံရေး သမားများ ၀င်ရောက်လာမှု အရှိန်မြင့် တက်လာသည်ကို အခါအားလျော်စွာ ဖတ်ရှုတွေ့ မြင်နေရသည်။ ဥရောပနှင့် မြောက် အမေရိက နိုင်ငံ အချို့တွင် မော်ဒယ်လောက အပါအ၀င် အနုပညာလောကမှ နိုင်ငံရေးလောက ထဲ ၀င်ရောက်လာကြသည်ကို ဖတ်ရှုရ သည်။ အဲဒီအကြောင်းအရာနှင့် ဆက်စပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းမှ စစ်တမ်း ကောက်ယူရာတွင် အလွှာစုံ နိုင်ငံစုံမှ မျိုး ဆက်သစ် နိုင်ငံရေးသမားမျိုးဆက်သစ် များ နိုင်ငံရေးဇာတ်ခုံအသီးသီးအပေါ် ရောက်ရှိ လာကြပြီး နိုင်ငံရေး တာဝန်အသီးသီးကို ထမ်းဆောင်ကြသည့်အခါ အဂတိလိုက်စားမှုများနှင့် လိင်ရေးရာ အရှုပ်တော်ပုံ များတွင် မျိုးဆက်သစ် အမျိုးသမီးနိုင်ငံရေး သမားများ ပါဝင်ပတ်သက်မှု မရှိသလောက်ဆို သည့် တွေ့ရှိချက်ကို သိရှိရသည်။
အဂတိလိုက်စားမှုသည် နည်းနည်း လေးစွန့်စားလိုက်သည်နှင့် မြိုးမြိုးမြက်မြက် ရတတ်သည့်အခွင့်အလမ်းများ ရရှိ နေချိန်နှင့် လိင်ရေးရာ ကိစ္စရပ်သည်လည်း အချိန်အခါအခြေအနေနှင့် အသက်အရွယ် မရွေး ဖောက်ပြန် မှု တွေ ဖြစ်တတ်ချိန်တွင် နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်တွင် ရောက်ရှိနေကြသည့် မျိုးဆက်သစ်နိုင်ငံရေး သမား (အမျိုးသမီး)များ လိင်ကင်းလာဘ်ရှင်း သည်မှာ အံ့သြ၀မ်းသာမှုများနှင့် ကြိုဆိုရမည်ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုင်းနိုင်ငံ၏ မျိုးဆက်သစ်နိုင်ငံရေးသမား တစ်ဦးကနေ ထိုင်းနိုင်ငံ၏ ပထမ ဦးဆုံး အမျိုးသမီးဝန်ကြီး ချုပ်တစ်ဦးဖြစ် လာခဲ့သူ Yingluck Shinawatra အပေါ် လိင်ရေးရာ စွပ်စွဲချက်များ ထိုင်း နိုင်ငံသတင်းစာ စာမျက်နှာများပေါ်တွင်လည်းကောင်း မီဒီယာ အသီးသီးတွင်လည်းကောင်း ခေါင်းကြီး ပိုင်းစာလုံးမည်းကြီးများနှင့် ဖော်ပြပါရှိ လာတော့­သည်။ ”Yingluck Sex Scandal” ခေါင်းစဉ်ကြီးနှင့် ထိုင်းနိုင်ငံရဲ့ ­­­သက်တမ်းရှည်အထင်ကရသတင်းစာကြီး တစ်စောင်မှ ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။
၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်လောက်က အဲဒီအချိန်ထိုင်းဝန်ကြီးချုပ် Yingluck သည် အသက်အရွယ်အားဖြင့် ၄၄ နှစ်သာ ရှိသေးပြီး အိမ်ထောင်ရှင်သား တစ်ဦးရဲ့မိခင်ဖြစ်နေပါပြီ။ အရပ်မြင့်မြင့် ပါးပါးလျားလျားဖြင့် ရှုချင့်စဖွယ် အင်္ဂါရုပ်ပိုင်ရှင်ဖြစ်သည်။
သူမ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေစဉ်မှာပဲ သိက္ခာကျစေမည့်အပုပ် ချရှုတ်ချဝေဖန် တိုက်ခိုက် မှုကြီး တွေ ပေါ်ထွက်လာသည်။ သူမအား အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်သူကတော့ ယခင်ဝန်ကြီးချုပ်ဟောင်း Abhisit ခေါင်းဆောင်သည့် အတိုက်အခံ Democrat Party မှ ပဲဖြစ်သည့် Abhisit ၏ တိုက်ခိုက်မှုတွေထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်က Yingluck ၏ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် သက်တမ်း ၂ နှစ်သာသာ အတွင်း အနောက်နိုင်ငံ ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၅၀ခန့်ကို အလုပ်သဘော အလည်အပတ် ခရီး သွားရောက်ခြင်းများ ပါဝင်သည်။ ၂ နှစ်သာသာတွင် နိုင်ငံပေါင်း ၅၀ ခန့်ကို အလည်အပတ် ခရီးသွားသည် ဖြစ် ရာ ပျမ်းမျှအားဖြင့် ၁၅ ရက်တစ်ခါ ပြည်ပခရီး ထွက်နေခြင်းဖြစ်သည်။ တိုင်းပြည်အတွက် မဟုတ်ဘဲ Yingluck ၏ ပုဂ်္ဂိုလ်ရေးအကျိုးအမြတ် တစ်စုံတစ်ရာအတွက်သာ ယခုကဲ့သို့ ပြည်ပခရီး ထွက်နေခြင်းဖြစ်ကြောင်း ဝေဖန် ကြသည်။
နောက်ထပ်ထိုးနှက်ချက် တစ်ခုက Yingluck သည် လိင်ရေးရာအရှုပ်တော်ပုံ တစ်ခုကို ဖန်တီးနေသည်ဟူသော စွပ်စွဲချက်ဖြစ်သည့် မူရင်းခေါင်းစဉ်ကိုပါ ဖော်ပြလိုက်ပါသည်။ Diplomacy : Thailand’s Democrat Party drags Myanmar’s Aung San into it “Yingluck Sex Scandal” Creation ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။
Democratic Party ၏ စွဲချက်ကိုမူရင်း အတိုင်းဖော်ပြပါမည်။ အဖြစ်အပျက်စွဲချက်က Yingluck ခု ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေဆဲကာလ ၂၀၁၂ခုနှစ် နှစ် ဦးပိုင်းကာလလောက်အချိန်က ဖြစ်မည် ထင်ပါသည်။
Yingluck သည် လွန်ခဲ့သည့် ရက်သတ္တပတ်လောက်က လျှို့ဝှက်အစည်းအဝေး တစ်ခုတွင် လျှို့ဝှက် တွေ့ဆုံ စရာရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပါလီမန်မြင်ကွင်းမှ ခေတ္တပျောက်ကွယ်သွားပါသည်။ အဲဒီလို အခြေ အနေကစတင်ပြီ့း  Yingluck ကိုယ်တိုင်ပါဝင်ပတ်သက်သည့် လိင်အရှုပ်တော်ပုံ (Sex Scandal) သည် အများ ပြည်သူများ စိတ်ဝင်စားစရာသတင်း တစ်ရပ် ဖြစ်သွားပါတော့သည်။
နောက်စွဲချက်တစ်ခုက အဲဒီအချိန်အခါ ထိုင်းနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်နေသခိုက် အချိန်ဖြစ်သည် ဟုဆိုပါသည်။ ထိုင်းနိုင်ငံပြည်တွင်း မီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ Democratic Party မှ အမျိုးသား ပါလီမန်အမတ်များ တွေ့ဆုံနေကြသည့်ပုံကို သတင်းဖော်ပြပါသည်။ ဤသို့ အစည်းအဝေး တစ်ခု ကျင်းပနေသခိုက်မှာ Yingluck က စီးပွားရေးလုပ်ငန်းရှင်တစ်စုနှင့် လျှို့ ၀ှက်တွေ့ဆုံဆွေး နွေးနေသည့် အတွက် ယင်းလုပ်ရပ်သည် Policy Corruption ဟု ခေါ်သည့် “မူဝါဒရေးရာ အကျင့်ပျက်”လုပ်ရပ်အဖြစ် Yingluck အပေါ် စွပ်စွဲပါသည်။
မရှေးမနှောင်းမှာပဲ Abhisit ရဲ့ Democratic Party က Blue Sky ရုပ်/သံ မှတစ်ဆင့် Yingluck သည် ဟိုတယ် တစ်ခုသို့ သွားရောက်ပြီး အမည်မဖော်လိုသည့် ချစ်သူတစ်ယောက်နှင့် လျှို့ဝှက်ချိန်းတွေ့ နေသည်ဟု စွပ်စွဲ ပြောဆိုပါသည်။ ဒါတင် မကသေးပါဘူး။ Yingluck ၏ Pheu Thai Party မှ ပါလီမန်အမတ် အားလုံးနီးပါး Yingluck ကဲ့သို့ ကိုယ်ကျင့်တရား ဖောက်ပြန်မှုတွေ မကူးစက်နိုင်အောင် မိမိကိုယ်ကိုယ် သန့်စင်ဆေးကြောပြီးမှ ပါလီမန် အတွင်းသို့ ၀င်ရောက်လာကြဖို့ကိုလည်း သတိပေးပြောဆိုသယောင် သိမ်းကျုံးစွပ် စွဲလိုက်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သမာသမတ်ကြသည့် ပြည်တွင်းသတင်းမီဒီယာ တစ်ခုက Abhisit ပါတီ၏ စွဲချက် သည် အခြေအမြစ်မရှိကြောင်း ဝေဖန်ပြောဆိုသည်။ ယင်းတို့ စွပ်စွဲသည့် Sex Scandal သည် လျှို့ဝှက်မစ်ရှင် တစ်ခုအတွက် Yingluck ပါလီမန်မြင်ကွင်းမှ ခေတ္တ ပျောက်ကွယ်သွားပြီး ရက်သတ္တတစ်ပတ်ခန့် အကြာတွင် လူသိရှင်ကြားဖြစ်သွားသည် ဟုဆိုသည်။
Yingluck ၏ ရန်ဘက်တစ်ဦးဖြစ်သူ Ekkayuth က ဗန်ကောက်မြို့ Four Seasons Hotel တွင် Yingluck က လျှို့ဝှက်တွေ့ဆုံပွဲ တစ်ခုကျင်းပနေသည် ဆိုသည့်သတင်းကို ရသည်နှင့် အဆိုပါ Hotel သို့ ယင်းလိုက်သွား ခဲ့ကြောင်း Yingluck သည် ခရီးတိုဖြစ်စေ ခရီးသွားရာတွင် ကိုယ်ရံတော်သက်တော်စောင့် တစ်ပုံတစ်ခေါင်း နှင့် ခရီးသွားလာတတ်သည်ဟု ဆိုသည်။ အဲဒီမှာပဲ Yingluck ၏ ရန်သူတော်ကြီး Ekkayuth က Yingluck သည် တိတ်တိတ်ပုန်းချစ်သူနှင့် တိတ်တိတ်ပုန်းအချစ် ဇာတ်ခင်းနေကြောင်း လူသိရှင်ကြားပြော ဆိုစွပ်စွဲမှုတွေ ထွက် ပေါ်လာတော့သည်။
Yingluck အပေါ် စွပ်စွဲထိုးနှက်ချက်သည် ရာထူးလက်မဲ့ဖြစ်နေသည့် ယခင်ဝန်ကြီးချုပ်ဟောင်း Abhisit နှင့် သူ၏ Democratic Party အတွက် ရတောင့်ရခဲ အခွင့်အရေးတစ်ရပ်ဖြစ်ကာ Democratic Party ပိုင် Blue Sky TV စတေရှင်မှနေပြီး Sex Scandal နှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းပြရန် Yingluck အပေါ်တောင်း ဆိုမှုများအား နေ့ပေါင်းများစွာ ဆက်တိုက် လွှင့်ထုတ်တောင်းဆိုလျက် ရှိတော့သည်။
Yingluck Four Seasons Hotel ကို သွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် များ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာ နေရာသည် သတ္တမထပ်တွင်ဖြစ်သည်။ ယင်းနေရာ အထပ် သည် Democratic Party သည် တိတ်တိတ်ပုန်းချစ်သူနှင့် တိတ်တိတ်ပုန်း ချိန်းတွေ့ ခဲ့ပါသည်ဟု စွပ်စွဲသည့် နေရာနှင့် အထပ်ဖြစ်နေပေသည်။ လျှို့ဝှက်သွားရောက် တွေ့ဆုံရသည့် ပုဂ်္ဂိုလ်များသည် Yingluck ၏ အိမ်ခြံ မြေရောင်းဝယ်သည့် လုပ်ငန်းရှင် (Real estate) များ ဖြစ်ရကား Policy Corruption ဖြစ်လာမည့်အရေး Yingluck က စိုးရိမ်ပူပန်လျက် ရှိနေသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ၁၁-၂-၂၀၁၂နေ့စွဲဖြင့် ၀န်ကြီးချုပ် Yingluckက ဗန်ကောက်ဟိုတယ်တွင် မရိုးမသား အပြုအမူမျိုး ဘာတစ်ခုမှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုသည့်သတင်းကို The Nation သတင်းစာမှာ ယခုကဲ့သို့ ဖော်ပြခဲ့သည့် (PM Yingluck Denies Misconduet At Baugkok Hotel) သတင်းကို တင်ပြပါမည်။
ယခုသတင်းပတ် စောစောက ဗန်ကောက်ဟိုတယ်တွင် ရှိနေစဉ်အတွင်း မိမိ၏ကိုယ်ကျင့် သိက္ခာနှင့် ပတ်သက် ပြီး သင်္ကာမကင်းဖြစ်ဖွယ် မည်သည့်လုပ်ဆောင်ချက်ကိုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ၀န်ကြီးချုပ် Yingluck က ရှင်းလင်းပြောကြားခဲ့သည်။
““ကျွန်မ အဲဒီမှာဘယ်သူနဲ့မှ တွေ့ဆုံခြင်းမရှိဘူး။ ဒါပေမဲ့ ၀န်ကြီးချုပ်တစ်ယောက် အနေနှင့် လူပုံအလယ် လူမြင်ကွင်းတွင် မည်သူ့ကိုမဆို ကျွန်မတွေ့ဆုံခွင့်ရှိတယ်။ ဒါဟာ ထိခိုက်နစ်နာစေတာ မဟုတ်ဘူး””ဟု သူမကပြောသည်။ ““ကျွန်မဟာ မိန်းမသားတစ်ယောက် ကျွန်မခိုင်ခိုင်မာမာ ပြောမယ်။ ကျွန်မ မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူး။
အဲဒီကိစ္စတွေနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ် Yingluck အား သတင်းထောက်တွေက ခင်ဗျားအပေါ် ယခုကဲ့သို့ စွပ်စွဲချက်နှင့် ပတ်သက်ပြီး အတိုက်အခံအဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွှယ်နေသည့် နိုင်ငံရေးသမားတွေရော စီးပွားရေး လုပ်ငန်းရှင်တွေကိုပါ ဥပဒေအကြောင်းအရ အရေးယူ မယူသိချင်ပါသည်ဟု မေးမြန်းသည့်အခါ ““ကျွန်မစိတ်ရှည် သည်းခံရမယ်။ ပြည်သူတွေက ဘယ်သူတွေဘာပြောတယ်ဆိုတာ အသိတရားနှင့်ယှဉ်ပြီး သုံးသပ်မယ်ဆိုတာ ကျွန်မယုံကြည်တယ်””
နောက်တစ်ပုဒ်ကတော့ Yingluck အား ပြည်တွင်းက လျှို့ဝှက်ချစ်သူတစ် ယောက်ယောက်နှင့် တိတ်တိတ် ပုန်းချစ် ဇာတ်ခင်းနေကြောင်း သားပုပ်လေလွင့် ပြောဆိုရှုတ်ချပြီး မရှေးမနှောင်းကာလ မိမိအထင်အရဆိုလျှင် ယခင်တစ်ကြိမ် အမေရိကန်သမ္မတ မြန်မာပြည်ကို မလာခင် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်း ထိုင်းနိုင်ငံကို အရင်ရောက် ရှိပြီး ထိုင်းတွင် ခေတ္တခဏ ရပ်နားပြီးမှ မြန်မာနိုင်ငံသို့ ခရီးဆက်လာ ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိ ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Yingluck တွေ့ဆုံခဲ့သည့် ခဏတာ အခိုက်အတန့် အတွင်းမှာ The Charmer in Chief: Obama gets ftirty as he schmoozes with Thai prime minister on first stop of historie Asic visit သတင်းခေါင်းစဉ်ပါ သတင်းများကို Daily Mail အပါအ၀င် မီဒီယာများ၊ အွန်လိုင်း၊ Twintter နှင့် Facebook အသီးသီးတွင် ဖော်ပြကြတော့သည်။
““လိင်ရေးရာတွင် မိန်းမကျမ်းကျေသူချုပ်ကြီး ဘားရက်အိုဘားမား အာရှသမိုင်းဝင်ခရီးအဖြစ် ဦးဆုံး တစ်ထောက်နားစဉ် ထိုင်းဝန်ကြီးချုပ် Yingluck နှင့် အီရာမှ ညုတုတု အမူအရာများ ခံစားရ””
ဗန်ကောက်မြို့အစိုးရဧည့်ဂေဟာတွင် ကျင်းပခဲ့သည့် နိုင်ငံတော်ညစာစားပွဲတွင် ကျင်းပနေစဉ်တစ်လျှောက် သမ္မတ အိုဘားမားနှင့် ၀န်ကြီးချုပ် Yingluck တို့ နှစ်ဦးအား အပြုံးချင်း၊ ချစ်ဖွယ်အကြည့် ချင်းဖလှယ်နေကြ သည်ကို တွေ့မြင်နိုင်သည်။
နာရီပိုင်းအကြာမှာတော့ ဒီမိုကရေစီ အရေးအတွက် နေအိမ်အကျယ်ချုပ်အဖြစ် ဆယ်စုနှစ် နှစ်ခုကြာအောင် ထိန်းသိမ်းခံခဲ့ရသည့် ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ ရန် မြန်မာနိုင်ငံကို ထွက်ခွာလာတော့သည်။ စသည်ဖြင့် သတင်းများ ရေးသား ဖော်ပြကြသည်။
သမ္မတအိုဘားမား၏ နိုင်ငံခြားဆက်ဆံရေး Brand အသစ် (New brand of foreign Relations) သည့် အာဆီ ယံနိုင်ငံပေါင်း ၁၁နိုင်ငံရှိသည့် အထဲတွင် ချောမောပြေပြစ်သည့် အမျိုးသမီးခေါင်းဆောင် များရှိသည့် ထိုင်းနိုင်ငံ နှင့် မြန်မာနှစ်နိုင်ငံတည်းကိုသာ အထူးထား ကျင့်သုံးနေသည်လား၊ သမ္မတ ဘားရက်အိုဘားမားပဲ သိမည်ဖြစ် သည်။
အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် Yingluck တွေ့ဆုံသည့်အခါ သတင်းမီဒီယာများတွင် ဖော်ပြသ လိုမျိုး တွေ့နေရသော်လည်း မိမိတို့ ဒေါ်အောင်ဆန်းစုကြည်ခမျာတော့ ကြုံတွေ့နေရသည် Culture Shock သခုကို စိတ်ကျဉ်းကျပ်စွာ ခံစားနေရပုံပေါ်သည်။
လာမည့် နိုဝင်ဘာလတွင် သမ္မတ အိုဘားမား ရန်ကုန်ကို ရောက်လာဦးမည် ဟုဆိုကြသည်။ ထိုင်းနိုင်ငံရဲ့ Yingluck ကတော့။ နိုင်ငံရေးဇာတ်ခုံပေါ်တွင် မရှိတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း သာရှိနေတော့ရာ သမ္မတအိုဘားမား၏ New brand of foreign Relations အသစ်တွေနှင့် အတူပါဝင်လာမည့် အနောက် တိုင်း ဆန်ဆန် ဖက်လဲတကင်းမှုများ (Culture Shock) များကို ဒေါ်အောင်ဆန်းစုကြည် မလွဲမသွေကြုံတွေ့ရပေ ဦးမည်။
ဆက်လက်ဖော်ပြပါမည်

Credit - Myanmartandawsint Newspaper

 

 
 

No comments:

Post a Comment