Saturday, September 27, 2014

မီဒီယာများအပေါ် တရားစွဲဆိုမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အပြုအမူကို သမ္မတအပေါ်ဝေဖန်ခဲ့သည့် ဦးမျိုးရန်နောင်သိမ်း၏ အမြင်

– အံ့ခေါင်မင်း

“မီဒီယာကို နှိပ်ကွပ်တယ်ဆိုတာ ပြည်သူလူထုကို နှိပ်ကွပ်တာနဲ့အတူတူပဲ။ တစ်နိုင်ငံလုံးရဲ့ နားတွေ၊ ပါးစပ် တွေ၊ မျက်လုံးကို ပိတ်တာနဲ့ အတူတူပဲ။ ဒီတော့ အာဏာရှင် ပုံစံကို ပြန်သွားနေတယ်” . . .

သမ္မတကို ဝေဖန်တဲ့အတွက် ဒီမိုကရေစီ အသိုင်းအ၀ိုင်းဘက်က အပြစ်တင်ပြောဆိုတာမျိုး မရှိပါဘူး။ နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ အဲလိုပြောနိုင်ဆိုနိုင် တဲ့ အတွက်၊ ပြောရဲဆိုရဲတဲ့အတွက် ၀ိုင်းဝန်းချီးမွမ်းကြတယ်ဗျ။ သမ္မတရဲ့ လုပ်ရပ် ကို ထောက်ပြနိုင်တဲ့အတွက် ချီးကျူးကြတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



စက်တင်ဘာ (၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သတင်းမီဒီယာများဖြစ် သည့် မြန်မာသံတော်ဆင့်နှင့် Weekly Eleven သတင်းဌာနများကို တရားစွဲဆို သွားမည်ဟု ပြောကြား ခဲ့ပြီး၊ ပြန်ကြားရေးဝန်ကြီးဌာ န၏ ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု အကြောင်းကြားချက်ကို မြန်မာနိုင်ငံစာနယ် ဇင်း ကောင်စီ(ယာယီ)မှ မြန်မာသံတော်ဆင့်သို့ ထပ်ဆင့်အကြောင်းကြား ထားမှုရှိသည့် သမ္မတ၏ ဂုဏ် သိက္ခာကို ထိခိုက်စေသည်ဟုဆိုသော မြန်မာ သံတော် ဆင့် ပါဝေဖန်ချက်ကို ပြောကြားခဲ့သူ ဦးမျိုးရန်နောင် သိမ်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေ သန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူးနှင့် ဗေဒါနိုင်ငံရေး သိပ္ပံ သင်တန်း ကျောင်းအုပ်ကြီး)အား လတ်တလော ၎င်း ရင်ဆိုင်ခဲ့ရသည့် တီးတိန်မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တရားစွဲဆိုထားမှု(မြန်မာသံတော်ဆင့် အတွဲ -၃၊ အမှတ်-၂၂တွင် အပြည့်အစုံဖော်ပြပြီး)၏ စက်တင်ဘာလ(၂၃)ရက်နေ့က အမိန့်ချမှတ်ခဲ့သော နောက် ဆုံးစီ ရင်ချက် အခြေအနေနှင့် အထက်ပါ မြန်မာ သံတော်ဆင့်အား ပြန်ကြားရေးဝန်ကြီးဌာနမှ (မြန်မာသံတော်ဆင့် အတွဲ-၃၊ အမှတ်-၂၂ တွင် ဖော်ပြခဲ့ေ သာ တွေ့ဆုံမေးမြန်းခန်းပါ ၎င်း၏ဝေဖန် ချက်နှင့်စပ်လျဉ်း၍) တရားစွဲဆို သွားမည်ဆိုသည့်အပေါ် ၎င်း၏ သဘောထား အမြင်များကို စက်တင်ဘာလ(၂၄)ရက်နေ့က ဦးမျိုးရန်နောင်သိမ်း ချင်း ပြည်နယ်၊ ကလေးမြို့တွင် ရှိနေခိုက် ဆက်သွယ်ပြောကြားဖြစ်ခဲ့သည် အား ဖော်ပြအပ်ပါသည်။…

● မေး - တီးတိန်မှာ ရွေးကောက်ပွဲကော်မရှင်က အစ်ကို့ကို တရားစွဲဆိုတဲ့အမှု စီရင် ချက်ချတာ ဘယ်လို အခြေအနေရှိလဲ။

ဖြေ - တီးတိန်က အမှုက မနေ့ကပြီးသွားပြီ၊ ဆုံးဖြတ်ချက်ချလိုက်ပြီ။ စီရင်ချက်ချတယ်ဆိုတာက ငွေဒဏ်တစ်သိန်း သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ပေါ့ အမိန့်ချတယ်။ အဲဒီမှာ ကျွန်တော် တွေ့တာက တရားစီ ရင်ရေး မဏ္ဍိုင်မှာ အထက်အာဏာပိုင် အဖွဲ့အစည်းတွေ ၀င်ရောက်စွက်ဖက်နေတယ်လို့ ကျွန်တော်မြင် တယ် လေ။ တကယ်တမ်းကျတော့ ပုဒ်မ ၅၉(က)အရ ရွေးကောက်ပွဲကော်မရှင်ကနေ အထောက်အထားဖြစ်စေ၊ ထုတ်ပြန်ထားတဲ့ စာရင်းတွေဖြစ်စေ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသည်ပဲဖြစ်စေ ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် တစ်သိန်းအထိ ကျခံရမယ်လို့ရေးထားတာ။ သို့မဟုတ် နှစ်ခုစလုံး ကျခံရမယ်လို့ ရေးထား တာ။ တည်းခိုခန်းရှေ့မှာ ရှိနေတဲ့ လွယ်ဘွားအုပ်ချုပ်ရေးမှူးရုံးက ချိတ်ဆွဲထားတဲ့ မိုးရေထဲမှာပြန့်ကျဲနေတဲ့ စာရွက်တွေကို ကောက်ယူပြီးတော့မှ ကျွန်တော်က မိတ္တူဆွဲယူတဲ့ ကိစ္စ။ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဖတ်လို့ မရအောင် ပြုလုပ်ခြင်းဆိုတာလည်း လုံးဝ အကျုံးမ၀င်ဘူး။ ဒါပေမဲ့ ကျွန်တော် သတိထားမိတာကျတော့ အ ထက် အာဏာ ပိုင်အဖွဲ့အစည်းတွေကနေပြီးတော့ ဖိအားပေးလို့ ဒီလိုမျိုးလုပ်ရတယ်လို့ ကျွန်တော် မြင်တယ်။ ကျွန်တော့်ကို တရားစွဲတဲ့ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ကသူတို့ထွက် ဆိုချက်မှာ ဘာပါလဲ ဆိုတော့ သူတို့တရား မစွဲချင်ဘူး။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ကနေ ပြီးတော့ ညွှန်ကြားလို့ တရားစွဲရပါတယ် ဒီလိုပါတယ်။ တရားဝင်ထွက်ဆိုတာ အဲဒီထွက်ဆိုချက်လည်း ကျွန်တော့်ဆီမှာရှိတယ်။ မိတ္တူ ကူးထားတာရှိတယ်။ ဆိုလိုတာက တရားစီရင်ရေးမဏ္ဍိုင်မှာ ဒီလိုမျိုးနှောင့်ယှက်နေတယ်။ ၀င်လုပ်နေတယ် ဆိုတာကျွန်တော်တွေ့ရတယ်။

● မေး - ငွေဒဏ်ဆောင်လိုက်တော့ ဒီကိစ္စက ပြီးပြတ်သွားပြီပေါ့။

ဖြေ - ဒီကိစ္စကတော့ ကျွန်တော်ကတော့ မကျေနပ်ဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ ဒီကို တစ်ခေါက် လာဖို့ဆိုရင် လေယာဉ်ခက အသွားတစ် သိန်းသုံးသောင်း၊ အပြန် တစ်သိန်းသုံး သောင်းနဲ့ ခရီး စရိတ်ချည်းပဲ သုံးသိန်းရှိတယ်။ တခြားစားစရိတ်၊ တည်းခိုစရိတ်က ရှိတယ်။ ရက်ကလည်း တစ်ခါလာရင် သုံးရက်၊ လေးရက်လောက်ကုန်တယ်။ ငွေရော၊ အချိန်ရော အရမ်းကုန်တဲ့အတွက် ကြောင့် ကျွန်တော်က ဒီအမှုကို ဆက်ရင် ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီအတွက် ကြောင့် ကျွန်တော်တို့က ဒါအမြန်ပြီး အောင် လုပ်ရတဲ့ သဘောရှိတယ်။ အဓိက ကတော့ မကွေးတိုင်းမှာလည်း ဖြစ်နေတာ ရှိတယ်လေ။ ပုဒ်မ၄၃၆ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီးတော့ မကွေးတိုင်းမှာ အဖွဲ့ချုပ်အဖွဲ့ကို တရားစွဲထားတာရှိတယ်။ ဆိုတော့ လက်ရှိ အုပ်ချုပ် ရေးအာဏာပိုင်အဖွဲ့ အသီးသီးအနေနဲ့ အုပ်ချုပ်ရေးအာဏာ ပိုင်ဆိုတဲ့နေရာမှာ ပြည်ထောင်စုအုပ်ချုပ်ရေး အာ ဏာပိုင်၊ တိုင်းဒေသကြီး/ပြည် နယ်အုပ်ချုပ်ရေးအာဏာပိုင် အစရှိတွေက ကျွန်တော်တို့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို ရည်ရွယ်ချက်ထားပြီးတော့ နှိပ်ကွပ်နေ တဲ့ပုံစံမျိုး ကျွန်တော်တွေ့နေရတယ်။

● မေး -အစ်ကို့အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးမှာ ဘယ်လိုမျိုး တစ်စုံတစ်ရာ သက်ရောက်မှုမျိုးရှိနိုင်လဲခင်ဗျ။

ဖြေ - အမှုကိစ္စက အခုလောလောဆယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန် ကြီးကြီးတစ်ခုယူ ထားတဲ့သူ အနေနဲ့၊ ယူထားတယ်ပေါ့ဗျာ။ ၃ လလောက်တော့ အလုပ်ပျက်သွားတယ်။ ၇၊ ၈၊ ၉ သုံးလ လောက်ပေါ့။ သူတို့ တွေကတော့ ကျွန်တော့်ကို ထောင်ဒဏ်ချချင်ပုံရ တယ်။ ထောင်ဒဏ်ချဖို့ကလည်း အဆင်မပြေဘူး။ မြို့နယ် တရားသူကြီးတွေ ကိုယ်တိုင်ကတော့ အတော်လေးကိုတရားမျှတတဲ့ ပုဂိ္ဂုလ်တွေဗျ။ သူတို့တွေကိုလည်း ဖိအား ပေးထားတယ်လို့ ကျွန်တော်ခံစားရတယ်။ သူတို့ တွေအနေနဲ့ ဒီကိစ္စအပေါ်မှာ ဒီလောက် အရေးယူစရာ မလို ဘူးလို့ ယူဆပုံမြင်ရတယ်ဗျ။ ဖိအားပေးတဲ့သူတွေကတော့ ကျွန်တော့်ကို ထောင်ချချင်တယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုလည်း ရပ်တန့်ချင်တဲ့ သဘောတစ်ခု ရှိတယ်ဗျ။ ပြည်သူတွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အစိုးရပိုင်းက နှိပ်ကွပ်နေတယ် ဆိုတာကို ပြည်သူတွေ ပိုသိလာတာပေါ့။ ပြည်သူတွေ ကြားထဲမှာလည်း ပိုပြီးတော့ ငါတို့ပြင်ဆင်ထားရမယ်။ လက်ရှိ တည်ဆဲအစိုးရက မရိုးသားတော့ဘူး။ ငါတို့ ထောက်ခံတဲ့ပါတီကို အားပေးနေကြတဲ့ လူတွေကို နှိပ်ကွပ်တာတွေလုပ်နေပြီ။ ၁၉၈၈ နောက်ပိုင်းတုန်းကလည်း ဒါမျိုး တွေလုပ်ခဲ့တာတွေရှိတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို တစ်စချင်း တစ်စချင်းဖယ် ထုတ်ပြီးတော့မှ ထား ခဲ့တဲ့ ဥပမာတွေရှိခဲ့တော့ ဒီပုံစံမျိုး ပြန်အချိုးချိုးနေတာ ပြည်သူတွေ ပိုသတိထားမိမှာပေါ့ဗျာ။ အစိုးရ ပိုင်းတွေက ဒီမိုကရေစီလမ်းကြောင်းကို သွေဖည်နေပြီ။ အာဏာတည်ငြိမ်ရေးအတွက်ကို ဒီပုံစံမျိုးလုပ်နေတယ်ဆိုတာကို သူတို့ ပိုပြီးတော့ သတိထားမိတာပေါ့။ ဒါကတော့ နိုင်ငံရေးအရ ရရှိတဲ့ ရလဒ်ပေါ့ဗျာ။

● မေး - အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုတွေ ပိုပြီးတော့မှ လုပ်လာတယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရတယ် ဆို တော့ ဒီထဲမှာမှ အစ်ကိုနဲ့ မြန်မာသံတော်ဆင့်မှာ တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့တဲ့အထဲက သမ္မတကိုဝေဖန်တဲ့ ဝေဖန်မှုတွေအပေါ်မှာ အခု ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ဂျာနယ်ကို တရားစွဲဆိုမယ် ဆိုပြီးတော့ ပြင်ဆင်လာတာမျိုး ရှိနေတယ်။ အဲဒီအပေါ်မှာရော အစ်ကိုဘာများပြောချင်ပါသလဲ။

ဖြေ - သမ္မတကိုယ်တိုင်ကိုက ပြည်သူရဲ့ကျွန်၊ ပြည်သူရဲ့ အစေခံဗျ။ ကျွန်တော် ဖတ်လိုက်ရတယ်။ သမ္မတရဲ့ ဂုဏ် သိက္ခာကို ကာကွယ်ရန်ဆိုတော့ သမ္မတဂုဏ်သိက္ခာ ဆိုတာဘာကိုပြောတာလဲ။ သမ္မတရဲ့ဂုဏ်သိက္ခာကို ကာကွယ်ရန်ဆိုရင် ကျွန်တော်က ဆိုးရင် ဆိုးတယ်လို့ မပြောရဘူးလား။ ဒီမေးခွန်း ကျွန်တော့်မှာ ရှိပါတယ်။ သမ္မတ ဂုဏ်သိက္ခာထိခိုက်မှာ စိုးလို့ ပြောခွင့်မရှိရင်တော့ ဒါကအာဏာရှင်ဆန်နေပြီ။ သမ္မတကို မဝေဖန်နဲ့ ဆိုဒါမျိုးက အာဏာရှင်တွေမှာပဲရှိတာ။ သမ္မတဂုဏ်သိက္ခာကို ကာကွယ်ရတယ်ဆိုကတည်းက အဆင် မပြေ တော့ဘူး။ ဥပဒေက ကာကွယ်ပေးရတယ် ဆိုကတည်းက မဟုတ်တော့ဘူး။ သမ္မတကအစောကြီးကတည်းက ဂုဏ်သိက္ခာရှိပြီးသား ဖြစ်နေရ မှာ။ ပြည်သူက လေးစားပြီးသားဖြစ်နေရမှာလေ။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ နိုင်ငံ ရဲ့အချုပ်အခြာ အာဏာကို ပြည်သူတွေပိုင်ဆိုင်တယ်။ သမ္မတ အပါအ၀င်အစိုးရအဖွဲ့ဝန်ကြီးတွေက ပြည် သူတွေက ဘာခိုင်းခိုင်းလုပ်ရမှာပဲ။ ဘာပြောပြောခံရမှာပဲ။

● မေး - သမ္မတက မကြာခင်ကပဲ ပြောထား တာကဒေသအတွင်းမှာ ဆိုရင်မြန်မာနိုင်ငံဟာ မီဒီယာထုတ်ဖော်ပြောဆိုခွင့် အရှိဆုံး နိုင်ငံလို့ပြော ထားပြီးတော့ အခုလို ဝေဖန်မှုကို ဖော်ပြတဲ့အပေါ်မှာ တရားစွဲဆိုဖို့ လုပ်လာတာကိုရော အစ်ကို့အနေနဲ့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဖြေ - မီဒီယာကို တိုက်ခိုက်ခြင်းက တိုင်းသူပြည်သားတွေရဲ့ မျက်လုံးကိုထိုးဖောက် ခြင်းပဲ။ ပြည်သူပြည်သားတွေနဲ့ နားကို ထိုးဖောက်ခြင်းပဲ။ ပြည်သူပြည်သားတွေ ဦးနှောက်ကို ဖျက်ဆီးခြင်းပဲ။ ပြည်သူကို ဘာမှ မမြင်စေချင်ဘူး။ ဘာမှမကြားစေ ချင်ဘူး၊ဘာမှမသိစေချင်ဘူးဆိုတဲ့သဘော တရားသက်ရောက်မှုရှိတယ်။ မီဒီယာဆိုတာက ပြည်သူလူထုရဲ့ မျက်စိ၊ နားပဲ။ မီဒီယာကသာကြားရတာ။ မီဒီယာကို နှိပ် ကွပ်ခြင်းသည် ပြည်သူလူထုကို နှိပ် ကွပ်ခြင်းပဲ။ ဒီမိုကရေစီဖြစ်မှာဆိုရင် အရမ်း အရေးကြီးတယ်ဗျ။ လူထုက ဘယ်လောက် သိလဲ။ ဘယ်လောက် သိထားလဲပေါ်မှာ မူတည်ပြီး ဒီမိုကရေစီဆိုတာ ပြည်သူလူထုကိုးဗျ။ အခုက ဒီမိုကရေစီကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ။ မည်သူမဆို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ မတော်မတရား စွပ်စွဲတဲ့ဟာမျိုး၊ သူက ပစ္စည်း ခိုးထားပါတယ်ဆိုတဲ့ ဟာမျိုးကို စွပ်စွဲပြောဆိုတာ မဟုတ်ဘူး။ သူ့လုပ်ရပ်ပေါ်မူတည်ပြီး ကျွန်တော်တို့က ကိုယ်မြင်တာကိုပြောတာ။ ပြည် သူကထင်တာ၊ မြင်တာကို ပြောတဲ့အခါ မှာ ဘယ်ကပြောရလဲဆိုရင် မီဒီယာက ပြောရတယ်။ မီဒီယာကို နှိပ်ကွပ်တယ်ဆိုတာ ပြည်သူလူထုကို နှိပ်ကွပ်တာနဲ့ အတူတူပဲ။ တစ်နိုင်ငံလုံးရဲ့ နား တွေ၊ ပါးစပ်တွေ၊ မျက်လုံးကို ပိတ်တာနဲ့အတူတူပဲ။ ဒီတော့ အာဏာရှင်ပုံစံကို ပြန်သွားနေတယ်။

● မေး - သမ္မတကို ဝေဖန်လိုက်တဲ့လူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန် တစ်ရပ်ယူထားတဲ့သူ ပြီးတော့ ပြော ရေး ဆိုခွင့်ရှိ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့က ပိုပြီးတော့ အကဲဆတ် တဲ့ သဘောလို့ ပြောလို့ရမလား။

ဖြေ - ဘယ်လိုပဲပြောပြော ကျွန်တော်တို့ ပြောတဲ့စကားကို လက်ခံတဲ့သူတွေတော့ ရှိတာပေါ့။ ဦးရဲထွဋ်ပြောတဲ့ စကား တစ်ခုကို ပြန်သုံးသပ်မိတယ်။ ဆိုရှယ်မီဒီယာမှာသုံးတဲ့ စကားလုံးမျိုးကို သမ္မတကို ဝေဖန်တာမျိုးတော့ ကျွန် တော် လက်မခံနိုင်ဘူးတဲ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှမခံနိုင်စရာ မရှိဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ သမ္မတကို ဖိနပ်နဲ့ပစ်ပေါက်တဲ့ ကိစ္စတွေရှိတာပဲ။ ဒါမျိုးတွေလည်း သည်းခံတာပဲ။ သမ္မတဆိုတာက ပြည်သူ တွေရဲ့အစေခံ။ ပြည်သူ ဆိုတာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပိုင်ဆိုင်တယ်ဆိုတာကို လက်ခံထားလို့ရှိရင် ဒီကိစ္စဘာမှ လက် မခံနိုင်စရာ အကြောင်းမရှိဘူး။ ငါကသမ္မတ။ ငါက ပြည်သူတွေရဲ့အရှင်။ ငါ့ကို မထိနဲ့။ ငါ ဘ၀ရှင်မင်း တရားကြီး ပဲ။ ဒီလိုမျိုးလုပ်နေတာလို့ ကျွန်တော်မြင်တယ်။ သမ္မတသည် ပြည်သူရဲ့ အစေခံဖြစ်တယ်။ ပြည်သူကသူ့ကို ခန့် အပ်ထားတာဖြစ်တယ်။ ပြည်သူ့ဝန်ထမ်း ဆိုတာကို လက်ခံထားလို့ရှိရင် ပြည်သူ တစ်ဦးချင်းရဲ့ ဝေဖန်မှု ကိုဖြစ် စေ သူနားထောင်ပေးပေါ့။ သူ့ကိုဝေဖန်တဲ့အတွက် မီဒီယာကို တရားစွဲမယ် လုပ်တာကတော့ ဒါသည် အာဏာ ရှင်စနစ်လို့မြင်တယ်ဗျ။

သမ္မတကောင်းတာ လုပ်ဆောင်ခဲ့လို့ရှိရင် ကျွန်တော်သမ္မတကို ချီးမွမ်းခန်းဖွင့် နေမှာပေါ့။ အောင်မြင်စွာ ဖော် ဆောင်ခဲ့ရင် ကျွန်တော်တို့က သမ္မတကို ခေါင်းရင်းခန်းမှာချိတ်ပြီးတော့ ကိုးကွယ်ထားကြမှာလို့ လည်းပြော ခဲ့တာပဲ။ ခေါင်းရင်းခန်းမှာချိတ်ပြီး ကိုးကွယ်မယ်ဆိုတဲ့ စကားလုံးသည် ပြည်သူ့နားထဲမှာ၊ မျက်လုံးထဲမှာ ထင်နေအောင် နိုင်ငံရေး သမားက ပြောရတယ်။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလုပ်တဲ့ လူတွေသည် ပြည်သူ တွေကို သတင်းစကားပါးနေတာ။ မကောင်းရင် မကောင်းဘူးပြောမှာပဲ။ ဒါကိုနားလည်ရမယ်။

● မေး - အစ်ကို့ရဲ့ သမ္မတအပေါ် ဝေဖန်မှုနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က အခုလို ဂျာနယ်ကို တရားစွဲမယ် ဆိုတာ မျိုးအထိ မခံမရပ်နိုင်ဖြစ်တာ၊လက်မခံတာ မျိုး တွေ့ရတယ်ပေါ့။ ဒီဘက် ဒီမိုကရက်တစ် အသိုင်းအ၀ိုင်း၊ ဒါမှ မဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းကနေရော အစ်ကို့ဝေဖန် ချက်နဲ့ပတ်သက်ပြီး လက်မခံနိုင် တာမျိုး၊ အပြစ်တင်တာမျိုး သုံးသပ်ပြောကြားမှုမျိုး တွေရောရှိလား ခင်ဗျ။

ဖြေ - သမ္မတကို ဝေဖန်တဲ့အတွက် ဒီမိုကရေစီအသိုင်းအ၀ိုင်းဘက်က အပြစ်တင် ပြောဆိုတာမျိုး မရှိပါဘူး။ နိုင်ငံရေး သမား တစ်ယောက်အနေနဲ့ အဲလိုပြော နိုင်ဆိုနိုင်တဲ့အတွက်၊ ပြောရဲဆိုရဲတဲ့အတွက် ၀ိုင်းဝန်းချီးမွမ်းကြတယ်ဗျ။ သမ္မတရဲ့ လုပ်ရပ်ကို ထောက်ပြနိုင်တဲ့အတွက် ချီးကျူးကြတာ မျိုးပဲရှိတယ်။

● မေး - အခု အစ်ကို့ရဲ့ ဝေဖန်ချက်ကို ဖော်ပြတဲ့အတွက် မြန်မာသံတော်ဆင့် အပေါ် တရားစွဲမယ်လို့ ပြောနေတော့ တကယ် တရားစွဲဆိုလာတဲ့ အခါမှာရော ဝေဖန်ပြောကြားခဲ့သူတစ်ဦး အနေနဲ့ ဘယ်လိုတုံ့ပြန် သွားဖို့ရှိလဲ။

ဖြေ - ဥပဒေဆိုတာက တရားမျှတမှုရှိရ တယ်။ ဥပဒေကိုမှ တင်တင်စီးစီးလုပ်ကြ တယ်ဆိုရင်တော့ လုပ်ကြပေါ့ဗျာ။ ကျွန်တော်တို့မှာက လက်နက်လည်းမရှိဘူး။ အာဏာလည်းမရှိဘူး။ လုပ်နိုင်တာ အမှန် တရားပဲရှိတယ်။ ကျွန် တော်တို့မှာ ပြည်သူ့မျက်နှာပဲရှိတယ်။ ကျွန်တော်တို့ကို ကြိုက်သလိုလုပ်လို့ ရတယ်။ ကျွန်တော်တို့ကတော့ အမှန်တရား ကို ရှေ့လျှောက်ပြောသွားမှာပဲ။ တရားပဲစွဲစွဲ၊ ခေါင်းပဲဖြတ်ဖြတ် အမှန်တရားကို ကျွန်တော်ပြော နေမှာပဲ။

ကျေးဇူးတင်ပါတယ် ခင်ဗျ။

Credit - Myanmartandawsint Newspaper

 
 

No comments:

Post a Comment