နောင်တွင် အဆိုပါ Brayton Model High School တွင် ကျောင်းနေခွင့်
ရရှိခဲ့ပြီး နောင်တစ်ချိန်တွင် KNU ဥက္ကဋ္ဌ ဖြစ်လာမည့် မန်းဘဇံ၏ သားများဖြစ်ကြ
သည် Robert Zan နှင့်Stanley Ba Zan တို့ ညီအစ်ကိုနှင့် ခင်မင်ခွင့် ရ
သည်။ Stanely သည် မိမိထက် အသက်အရွယ်အားဖြင့် အတော်အတန်ကြီးသော်လည်း
အတန်းတူဖြစ် သဖြင့် ပေါင်းရသင်းရ အဆင်ပြေသည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှအဆက်
မိမိငယ်စဉ်အချိန်တုန်းက စာဖတ်ရာတွင် စာရေးဆရာမျိုးစုံ၏အကြောင်းအရာ စုံကို
ဖတ်သော်လည်း ပြည်သူ့ ဘက်က ရပ်တည်သော (အထူးသဖြင့်) ဆင်းရဲသား
လူမွဲပြည်သူတွေဘက်မှ ရပ်တည်သည့် စာရေးဆရာများ ၏ စာအုပ်များကို အထူး
ဦးစားပေးဖတ်ရှုရာတွင်
ဆရာဗန်းမော်တင် အောင်၊ ဆရာသခင်မြသန်း၊ ဆရာသော် တာဆွေ၊
ဆရာအောင်လင်း၊ ဆရာရန်ကုန် ဗဆွေနှင့် အခြားသော စာရေးဆရာ အချို့သည်
မိမိအထူးဦးစားပေး ဖတ်ရှုသည့် စာရေးဆရာစာရင်းဝင်များ ဖြစ်လာတော့သည်။
မိမိတို့ငယ်ငယ်က တိုးတက်သည့် လူငယ်ဆိုသည်မှာ လက်ဝဲစာပေများကို
အစဉ်တစိုက်ဖတ်ရှုလေ့လာသည့် လူငယ်စာဖတ်သူများကို ရည်ညွှန်းသည်ဟု
မိမိယူဆခဲ့သည့် “Once a communist always a communist” ဆိုပြီး
ခေတ်ပြိုင်စကားတစ်ရပ်ရှိခဲ့ရာ လက်ဝဲစာပေများသည်လည်း မိမိအား အတော်အတန်
လွှမ်းမိုးခဲ့သည်မှာ မိမိကိုယ်တိုင်ငြင်းမရချေ။ ယနေ့တိုင်
ဖတ်ကောင်းနေဆဲဖြစ်သည်။…
မိမိအား ရန်ကုန်လမ်း ၃၀မှာ မွေးခဲ့သည်ဟု
မိမိ၏ မိခင်ပြောပြချက် အရသိရှိခဲ့ရသော်လည်း မိမိတို့၏ဇာတိမှာ ဧရာဝတီတိုင်း
ဝါးခယ်မမြို့နယ် ကျုံမငေးကဖြစ်သည်။ မိမိမိဘနှစ်ပါးစလုံး သခင်၊
သခင်မအဖြစ်နှင့် နိုင်ငံရေး လုပ်ကြသကဲ့သို့ မိမိ မိခင်၏ညီမအငယ်ဆုံး ဒေါ်လေး
မအေးမြင့်သည် ခင်ပွန်းဖြစ်သူ ဦးလေးကို လှအောင်နှင့် ယုံကြည်ချက်ချင်း
တူညီစွာ မြေအောက်လှုပ်ရှားမှုများနှင့် တောခိုရဲဘော်လှအောင်နှင့်
ရဲမေမအေးမြင့် အဖြစ် နှင့် တောခိုကွန်မြူနစ် ပါတီဝင်များဖြစ်ကြသည်။
ဦးလေးကိုလှအောင်နှင့် ဒေါ်လေးမအေးမြင့် တို့သည်လည်း ခရိုင် အဆင့်၊
ကွန်မြူနစ်တာဝန်ခံများအဖြစ် ငယ်ငယ်ရွယ်ရွယ်နှင့်ပဲ တောထဲမှာ
ကွန်မြူနစ်ဝါဒအတွက် အသက်ပေး သွားကြသည်။
မိမိအလယ်တန်း ကျောင်းသားဘ၀၊
ပဉ္စမတန်းလောက် အရောက်တွင် မိမိတို့ အိမ်ကို အဲဒီအချိန်မှာ အလင်းဝင်
ရဲဘော်တွေ ဖြစ်လာကြပြီဖြစ်သည့် ဦးလေးကိုလှအောင်နှင့် ဒေါ်လေးမအေးမြင့်၏
တပည့်တပန်း ရဲဘော်ရဲမေ များ အိမ်ကို အလည်အပတ်ရောက်လာကြသည်။ ကျဆုံးသွားသည့်
သူတို့၏ ကွန်မြူနစ်ခေါင်းဆောင် ဦးလေးကို လှအောင်နှင့်
ဒေါ်လေးမအေးမြင့်တို့ရဲ့ အစ်ကိုနှင့်အစ်မဖြစ်သူ မိမိအဖေ နှင့်အမေတို့ကို
အလေးနီပြုကြရင်း စကားစမြည်ပြောကြသည်။
““မမလှငယ်ငယ်တုန်းက
တောခဏခဏခိုတဲ့ကောင်က ဘယ်ကောင်လဲ”” ဟု အိမ်ကို အလည်ရောက်လာတဲ့ ဦးလေး
ကိုလှအောင်ရဲ့ရဲဘော်တစ်ယောက်က မိမိ၏ မိခင်ကို မေးသည်။ အမေက …
““အဲဒီအကောင်ပေါ့၊ နင့်နံဘေးက ကောင် အလင်းလေ””
အဲဒီဦးလေးက မိမိအား ခေါင်းပွတ်လျက်က ဘယ်လိုလဲ တောထဲလိုက်ခဲ့ ဦးမလားမေးတော့ မိမိခေါင်းညိတ် လိုက်သည်။
““မမလှတို့ စိုးရိမ်မယ်ဆိုလည်းစိုးရိမ် စရာပဲ၊ ဒီကောင်လိုက်လာတဲ့တစ်ခေါက်
စခန်းမှာ ထမင်းစားနေတုန်း အစိုးရ တပ်တွေ ရောက်လာပြီး တိုက်ပွဲဖြစ်တော့
ရဲဘော် ဒေါ်အေးမြင့် ဒီကောင့်ကိုချီပြီး လွတ်ရာကို ပြေးခဲ့ရ တယ်””လို့
ပြန်ပြောတော့ တောထဲမှာ မိမိခဏတစ်ဖြုတ် အလည်အပတ် နေခဲ့ရသည်ကို အမှတ်ရတစ်ချက်
မရ တစ်ချက်ဖြင့် ၀ိုးတ၀ါး မှတ်မိနေသည်။
မိမိငယ်ငယ်
ကျုံမငေးတွင်နေစဉ်က တောထဲကို ခဏခဏအလည်အပတ်လိုက် လိုက်သွားသည်ကို မိမိ အမေ က
““တောခို””သည်ဟု ကင်ပွန်းတပ်ပြီး မိမိပြန်လာသည့်အခါ
““အလင်းဝင်””လာသည်ဟုဆို ကြသည်။ မိမိ ငယ်နာမည်ကလည်း “အလင်း” ဖြစ်သည်။
တောထဲက အကြောင်းတွေ၊ ဦးလေး ကိုလှအောင်နှင့် ဒေါ်လေး ဒေါ်အေးမြင့်တို့
အကြောင်းတွေကို မိမိအတွေး ထဲ ပြန်ခေါ်ယူကြည့်သည့်အခါ အလွယ်တကူ ရောက်
မလာတတ်သော်လည်း ရန်ကုန်ကနေ နွေရာသီကျောင်း ပိတ်ရက် ဇာတိမြို့ကိုအလည်
အပတ်ပြန်ရောက်ရင်း အမေနှင့်အတူ ရန်ကုန်က အထည်(ပုဆိုး+ထဘီ)များ အမေ့
အမျိုးများရှိရာ ရွာတွေကို လှည့်ပတ်ရောင်းသည့်အခါ တောအချို့ကို
ဖြတ်သန်းသွားရ လေ့ရှိသည့်အခါ တောအုပ်ညိုညိုခင်တန်း ထူထူကို တွေ့သည့်အခါ
““မေမေ ကျွန်တော် တောခို ခဲ့တာ အဲလိုနေရာတွေလား”” ဟုလက်ညှိုးထိုးပြီး
မေးခဲ့ဖူးသည့် အကြောင်းများ အရွယ်အတော်ရလာသည့်အခါ အမေပြန်ပြောပြသည်ကို
အမှတ်ရလျက်ရှိသည်။
အဲဒီအချိန်က မိမိအား အမေကဆိုနိုင်
ခက်ခဲရှိသည့်အခါမျိုးတွင် ဒီကောင်က မြို့နှင့် မကိုက်ဘူး။ တောကို
ပို့ထားရမယ်၊ မောင်လှအောင်နှင့်မအေးမြင့် တို့ဆီကို လူ ကြုံရှိလျှင်
ငါပို့လိုက်ဦးမယ်ဟု ဆူပူကြိမ်း မောင်းသည့် အခါ တောကို ပို့မည်ဆိုသည်ကို
မိမိသဘောကျနှစ်ခြိုက်သည်။ မြန်မြန် ပို့ပါစေ ဦးလေးကိုလှအောင်နှင့် ဒေါ်လေး
မအေးမြင့်တို့ဆီ မြန်မြန်ရောက်ပါစေဟု ဆုတောင်းမိသည်။ ဘာကြောင့်ဆိုသည့်
အကြောင်းရင်းကို မိမိနားမလည်ခဲ့။
မိမိ၏ အဒေါ်အရင်းနှင့် ဦးလေးသည်
ဧရာဝတီတိုင်းက ခရိုင်အဆင့် ကွန်မြူနစ် ခေါင်းဆောင်၊ ကွန်မြူနစ်ဝါဒကို
သက်ဝင် ယုံကြည်စွာမြို့ပေါ်က အရာအားလုံးကို စွန့်လွှတ်ပြီး လင်ကိုယ်မယား
စိတ်တူကိုယ်တူဖြင့် တောခို သွားကြသည်။ ဆိုလိုတာက မိမိတွင်
ကွန်မြူနစ်ဝါဒနှင့် ပတ်သက်ပြီး မျိုးဆက်ရှိပြီး ဖြစ်ခဲ့သည်။ ကွန်မြူနစ်စာပေ
တို့ကို ငယ်ငယ်တုန်း က နှစ်သက်စွာ ဖတ်သကဲ့သို့ ယခုလည်း အလျဉ်းသင့်လျှင်ဖတ်
နေဆဲဖြစ် သည်။ ငယ်ငယ်က မိမိအပေါင်း အသင်းတွေထဲမှာ ကွန်မြူနစ်ဝါဒကိုလက်ခံ
ယုံကြည်သူတွေ ရှိခဲ့သည်။ ဥပမာ- ရေ ကျော်ကိုတူး (ကွယ်လွန်)နှင့်
ဗိုလ်ချုပ်ကျော်ဇော၏ သားနှစ်ဦးဖြစ်ကြ သည့် အောင်ကျော်ဇောနှင့် ကျော်ဇောဦး
တို့ရှိကြသည်။ သို့သော် မိမိကွန်မြူနစ်ဝါဒကို လက်ခံယုံ ကြည်သည့်
ကွန်မြူနစ် ပါတီဝင်တစ်ဦး မဖြစ်ခဲ့။ ပါတီ မိတ်ဆွေသာ
ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
မိမိအတွေ့အကြုံနှင့် မိမိခံစားချက်
အရကွန်မြူနစ်စာရေးဆရာများသည် “စာပြောင်” ကြသည်။ အနီးဆုံး ဥပ မာက
““ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည်”” ဆိုသည့် အသုံးအနှုန်းမျိုး
မိမိအလွန်နှစ်သက်ခဲ့သည်။ မိမိပထမနှစ် စီးပွားရေး တက္ကသိုလ်တက်ခွင့်ရသည့်အခါ
ဘောဂဗေဒနှင့် ပတ်သက်ပြီး ““မက့်စ်ဝါဒ ရေသောက် မြစ်သုံးသွယ်””ကို သင်ရသည်။
အဲဒီ Chapter မရောက်ခင်မှာ မိမိသူငယ်ချင်း ရေကျော် (ကိုတူး) (မိမိသူငယ်
ချင်း ဆိုပေမယ့်လည်း မိမိတို့ထက် ၁၀နှစ်ခန့် ကြီးပါသည်။
သင်္ကြန်ရောက်သည်နှင့် သူ၏သံချပ်တွေကြောင့် ပြေးရင်းလွှားရင်း သင်္ကြန်ကို
ကျော်ဖြတ်ခဲ့ရသလို သင်္ကြန်မပြီးခင် အင်းစိန်ထောင်ထဲမှာ အခါအားလျော်စွာ
စံမြန်းရလေ့ရှိသူ) က မိမိအား ““မက့်စ်ဝါဒရေသောက်မြစ် သုံးသွယ်””ကို
ရွှေကြည်အေး လက်ဖက်ရည် ဆိုင် (၃၃-လမ်းထိပ်)တွင် ညတွင်းချင်းသင်ပေးခဲ့သည်။
““ကွန်မြူနစ်ဝါဒသည် ဘယ်တော့မှအမှား မလုပ်ခဲ့သည့် အတွက် ဘယ်တော့မှလည်း
ပြန်လည်ပြင်ဆင်ရေးမလုပ်”” ဆိုသည့်ယုံကြည်ချက်နှင့် “Once a communist
always a communist” ဖြစ်လာသူဖြစ်သည်။
မိမိတို့ခပ်ငယ်ငယ်က
အလံနီသခင်စိုးကြီး ရန်ကုန်ရောက်လာပြီး လက်နက်နှင့် ဒီမိုကရေစီလဲ လှယ်ရေး
တွေ့ဆုံ ဆွေးနွေးပွဲများတွင် တရားဟောသည့်အခါ တိုင်းသူ၏ရှေ့တွင်
ရုရှားနိုင်ငံ၏ ကွန်မြူနစ်ေ ခါင်း ဆာင်စတာလင် ၏ ဓာတ်ပုံကြီးကို
တရိုတသေထောင်ပြီး ဂုဏ်ယူစွာ မိန့်ခွန်းပြော လေ့ပြောထရှိသည့်
သခင်စိုးကြီး၏ပုံရိပ်ကို လည်း မြင်ယောင်လျက်ရှိသည်။ ““အချစ်စစ်
အချစ်မှန်သည် ခက်ခဲကြမ်းတမ်းသည်။ ကာမ ပိုင် အမျိုးသမီးကို ချစ်ရသည်မှာလည်း
ခက်ခဲကြမ်းတမ်းသည်။ ဒါကြောင့် ကာမပိုင် အမျိုးသမီး တစ်ယောက်ကို
ချစ်ရခြင်းသည် အချစ်စစ် အချစ်မှန်မည်သည်””ဆိုသည့် အဘိဓမ္မာအချို့ကိုလည်း
သခင်စိုးကြီး၏အပြောအဟောနှင့် အရေး အသားများတွင် ဖတ်ရှုမှတ်သားခဲ့ရဖူးသည်။
သခင်စိုးသည် ကွန်မြူနစ်ဝါဒ၏ သည်းချာ Capital ခေါ် ““အရင်းကျမ်း””ကို
အာဂုံဆောင်နိုင်သူအဖြစ် ထင်ရှားသည်။
မိမိငယ်စဉ်က မိမိ၏ဖခင်သည်
ကရင်အမျိုးသား အလင်းဝင်ရဲဘော်များ စုပေါင်း ဖွင့်လှစ်သည့် (မိမိအရေး အသား
မမှားခဲ့ဘူးဆိုလျှင်ပေါ့) Brayton model ဟိုက်စကူးက ကျောင်းအုပ်ကြီး
မန်းဂျိမ်းဆရာသာထို၊ ပန်း တနော် ဦးအေးမောင်၊ နောက်အမည် မမှတ်မိတော့သည့်
ဆရာအချို့နှင့် စုပေါင်းပြီး အလွတ်ပညာ သင် ကျောင်း တစ်ကျောင်းဖွင့်လှစ်ပြီး
တက္ကသိုလ်ဝင်တန်းကို သင်ခဲ့ဖူးသည်ဟု ကြားသိရသည်။ အကျိုး ဆက်က နောင်တွင်
အဆိုပါ Brayton Model High School တွင် ကျောင်းနေခွင့်ရရှိခဲ့ပြီး နောင်
တစ်ချိန်တွင် KNU ဥက္ကဋ္ဌ ဖြစ်လာမည့် မန်းဘဇံ၏ သားများဖြစ်ကြသည့် Robert Zan
နှင့် Stanley Ba Zan တို့ညီအစ်ကိုနှင့် ခင်မင် ခွင့်ရသည်။ Stanely သည်
မိမိထက် အသက်အရွယ်အားဖြင့် အတော်အတန်ကြီးသော်လည်း အတန်း တူ ဖြစ်သဖြင့်
ပေါင်းရသင်းရ အဆင်ပြေသည်။ သွားအတူလာ အတူရှိကြသည်။ ၇ တန်း၊ ၈ တန်း၊ ၉ တန်း
Brayton ကျောင်းတွင် ၃ နှစ်တာကာလပညာသင်ကြားစဉ် ကရင်သူငယ်ချင်း
အတော်များများနှင့် ခင်မင် ရင်း နှီးခဲ့ကြသည်။ Jasper, Saw Moses Boss, S’
oef;, David, Stanely တို့ ညီအစ်ကိုနှင့် အခြားအမည် မမှတ် တော့သည့်
ကရင်အမျိုးသား သူငယ်ချင်းများဖြစ်သည်။ နောင်နှစ်အတော် အတန်ကြာသည့်အခါ
မိမိနှင့် ရင်းနှီး ခဲ့ရသည့် ကရင်သူငယ်ချင်းအားလုံး ဥက္ကဋ္ဌကြီး မန်းဘဇံ၏သား
Robert Zan, Stanely Ba Zan နှင့် အတူ Karen rebels များ ဖြစ်ကုန်ကြောင်း
သိရတော့သည်။
ကရင်ခရစ်ယာန်ကျောင်းက
ကရင်ကျောင်းနေဖက်သူငယ်ချင်းတွေထဲမှာ မှတ်မှတ်ရရ ရှားရှားပါးပါး ဗမာသူငယ်
ချင်း သူငယ်ချင်းမတွေကို သတိရနေမိသည်။ နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီ
ဖြစ်တာကြောင့် သူငယ်ချင်းတွေ၏ နာမည်များကို မမှတ်မိတော့၊ အချို့ကိုတော့
မှတ်မိနေဆဲဖြစ်သည်။
ညွန့်စိုး၊ လှစိုးနှင့် အောင်မြင့်တို့သည်
ရှားရှားပါးပါး ဗမာကျောင်းသားများဖြစ်သည့်ပြင် Stanely Ba Zan နှင့်
တစ်ချိန်လုံး တွဲလျက်ရှိပြီး ကျောင်းပြေးတာကအစ Recess ဆင်းပြီး အတန်းပြန်
မတက်ကြသည့်အဆုံး မခွဲ အတူရှိတတ်တာကြောင့် နာမည်ရောလူကိုပါ ယနေ့တိုင်
အမှတ်ရနေဆဲဖြစ်သည်။
ညွန့်စိုးသည် မိမိတို့သူငယ်ချင်းတွေထဲမှာ
မိမိအတွက်တော့ Role model သူငယ်ချင်းဖြစ်သည်။ ဒိုဘီက်အက်ႌ လုံ
ချည်ဝတ်စားဆင်ယင်မှုနှင့် အတူ ခြေသည်း လက်သည်း တိတိပပ သပ်သပ်ရပ်ရပ်
လိမ်းလေ့ရှိသည်ကအစ ဆံပင်ကို အုန်းဆီလိမ်းပြီး ဖီးသင်ထားတာအဆုံး မိမိသူ့ကို
အတုခိုးသည်၊ သူ့ဆီကရသည့် အကျင့် ကောင်း များကို မိမိယနေ့တိုင် လက်ခံ
ကျင့်သုံးလျက်ရှိသည်။ လက်ရေး လက်သားလှသည်။ စာကို ဘာသာစုံတော် သည်၊
အင်္ဂလိပ်စာပိုတော်သည်၊ အတန်းထဲတွင် ၀မ်းတူတန်းအမြဲတမ်းပါသည်။ ၉ တန်း
နှစ်ချင်းပေါက် အောင် သည်။ (မိမိတို့ ခေတ်က SLC, HSF ပေါ့) ၁၀ တန်းတွင်
မကျသော်လည်း စစချင်း ဖြေဆိုသည့်နှစ်မှာ B-List နှင့်အောင်သည့် အတွက်
ဆက်ဖြေရာ ၆ နှစ်စလုံး B-List နှင့်ပဲ အောင်တာကြောင့် ဆက်မဖြေတော့ဘဲ မိဘ
လက်ငုတ်လက်ရင်း timber Repres-entative အဖြစ်
အသက်မွေးဝမ်းကျောင်းနေတော့သည်။
Stanely Ba Zan ကတော့
ဟိုအချိန်ကတည်းက ကျောင်းတက်သည့်အခါ jean pant နှင့် cowboy ရှူးဖိနပ်
လွယ်အိတ်ကို စလွယ်သိုင်းလွယ်သည်။ တစ်ခါတစ်ခါ ကျောင်းကို ဂစ်တာလွယ်ပြီး
လာတတ်သည်။ Recess နှင့် မုန့်စားလွှတ်ချိန်များတွင် Ricky Nelson, Elvis,
jim Reeves, Nat King Cole အစရှိသည့် အဆိုကျော်များ၏ သီချင်းများကို
ဆိုတီးပြသည်။ အားလပ်လို့ စိတ်ရလျှင် ဂစ်တာတီးပါသင်ပြသည်။ အသားဖြူဖြူ
အရပ်မြင့်မြင့် ဖြစ်ကာ ဆံပင်ပုံစံအလုံး အထည်နှင့် မျက်နှာကျသည်။ ဟောလိဝုဒ်
မင်းသားကြီးငယ်စဉ် (Fistful of Dollars) ရုပ်ရှင်ဇာတ်ကားထဲက
အသွင်မျိုးဖြစ်နေသည်။ မိမိတို့နှင့် အသက်ကြီးသူပီပီ လူပျို ပေါက်ဖြစ်ခါစ
Fantasy Feeling များကိုပါ share ခဲ့သူဖြစ်သည်။ အသက်ရှင်နေသေးလား၊
အလင်းဝင်သည့် အထဲပါလာပြီလား၊ ပြည်ပ မှာ အခြေချနေထိုင် လေသလား၊ မိမိ
မသိတော့။ Blue Songs, Oldie Song တွေ နားထောင်ဖြစ်လေတိုင်း Stanley ကြီးကို
သတိရနေတော့သည်။
မှတ်မှတ်ရရ ၃နှစ်တာ Brayton High School တွင်
ကျောင်းတက်စဉ် ခရစ်ယာန်ကျောင်းပေါင်းစုံ ဘောလုံးပြိုင် ပွဲကို YMCA က
ကြီးမှူးကျင်းပရာ မိမိတို့ပါဝင်ကစားသည်။ Brayton ကျောင်းဘောလုံး အသင်းက
၁၉၆၄ ခုနှစ် အတွက် ဒိုင်းဆုရခဲ့ရာ အနိုင်ဂိုးနှစ်ဂိုးအနက် တစ်ဂိုးကို
မိမိသွင်းယူခဲ့သည်ကို အမှတ်ရနေတော့သည်။ အဲဒီ အချိန်က ကာယဆရာသည် ဦးစော
Daniel ဖြစ်သည်။
မိမိတို့ကျောင်းသည် မစ်ရှင်ကျောင်း ဖြစ်သကဲ့သို့
အလုံမစ်ရှင်လမ်းတွင်ရှိပြီး မစ်ရှင်ဘူတာနှင့် ကပ်လျက်တွင် ခုံးကျော်
မော်တော်ကားလမ်းသည် ဘူတာရုံကို ဖြတ်လျက်ဆောက်ထားရာ မိမိတို့ကျောင်း/ မှဆင်း
ဘယ်ဘက် ခြမ်းကနေ မီးရထား သံလမ်းကိုဖြတ်ပြီး မြေသားနံရံလှေကား
ထစ်အနည်းငယ်ကို တက်လိုက်ပြီး ကိုယ် ပိုင်မြေနီ လမ်းကို ဖြတ်လိုက်သည်နှင့်
မီးရထားအရာရှိရိပ်သာ တိုက်ကြီးနှင့်အတူ တင်းနစ်ကွင်းရှိသည်။ အဆိုပါအုတ် နီ
အိမ်ကြီးပေါ်တွင် တက်သစ်စရုပ်ရှင်မင်းသမီးချော ခင်သန်းနုနေလျက်ရှိသည်။
ခင်သန်းနုနေ သည့်အိမ်ကနေ မျက်နှာချင်းဆိုင် ဓားလွယ်ခုတ်သည့်ခြံကြီး
အဲဒီအချိန်က သွပ်မိုးသွပ်ကာ ဂိုဒေါင်ကြီးက ခြံကြီးထဲ တွင် အထင်း သားရှိရာ
အဲဒီခြံကြီးထဲတွင် ထိုခေတ်ထိုအခါက မယ်တက္ကသိုလ် အကျော် အမော်များဖြစ်ကြ သည့်
နောင်အခါ အဆိုကျော်မေခလာ၏ မိခင်ဖြစ်လာမည့်) မီနီပုနှင့် (အစ်မတော်သလား၊
ညီမတော်သလား မဝေခွဲနိုင်တဲ့) မီနီ ရှိန်တို့ နေထိုင်ကြသည်။ မိမိတို့
အတန်းချိန်လစ်ပြီး ခင်သန်းနု၊ မီနီပုနှင့် မီနီရှိန်တို့ကို အချိန်ရ
တိုင်းသွားပြီး ချောင်းကြည့်သည်။
မိမိနှင့် ခင်မင်ရင်းနှီးသည့်
ကရင်မ သူငယ်ချင်းတွေ၊ ရခိုင်မ သူငယ်ချင်းတွေရှိ ကြသည်။ Brenda Tun Mra
Ooနှင့် မ၀င်းမြင့်တို့သည် ရခိုင်သူ အချောအလှများ ဖြစ်ကြသည်။
ကရင်မလေးတွေထဲက ဆိုရင်တော့ အရှေ့က ““နော်””ဆိုတာပဲ မှတ်မိတော့သည်။ နောက်က
နာမည်မေ့လျော့ပြီး အဆိုတော် လေးလေးဝါးကို ရုပ်/သံမှာ သီချင်းဆိုနေတာ
တွေ့သည့်အခါ Brayton ကျောင်းက မိမိသူငယ်ချင်း ကရင်မလေး တစ်ယောက် ယောက် ရဲ့
သွေးသားတွေ ဖြစ်နေရော့လား ထင်ယောင်ဝိုးတ၀ါးဖြင့် အတိတ်ဆီသို့
စိတ်မဆောင်နိုင်စွမ်းတော့ ပြီ။
ဆက်လက်ဖော်ပြပါမည်
Credit - Myanmartandawsint Newspaper
No comments:
Post a Comment