ပါတီယူနစ်ဥက္ကဋ္ဌ စကားပြောပြီးတော့ ပါတီစိတ် ဥက္ကဋ္ဌကိုရွေးတယ်။ ဆိုက္ကားအုံနာ ဦးအုံးသာ ကို တစ်ယောက်က အဆိုတင်သွင်းတယ်။ တစ်ယောက်က ထောက်ခံတယ်။ ကော်မရှင်အဖွဲ့မှာ ပါလာသူက အိပ်ငိုက်ငိုက်နဲ့ “ထောက်ခံမယ့်သူ ရှိပါသလား” ဆိုပြီး သုံးကြိမ်မေးတယ်။ ဖြေတဲ့ သူတွေကလည်း အိပ်ငိုက်ငိုက်နဲ့ “ထောက်ခံမယ့်သူ မရှိပါဘူး” လို့ သုံးကြိမ်ဖြေတယ်။ ဒီတော့ “ထောက်ခံမယ့်သူ မရှိတဲ့အတွက် အတည်ပြုလိုက်ပြီ” ဆိုကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ဖူး တယ်”
အစည်းအဝေးတွေကို လွမ်းပါသည်
-------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
-------
( ၁ )
မောင်ဘသစ် အစည်းအဝေးတွေကို သ ဘောကျသည်။ မောင်ဘသစ်ကလေးဘ၀က တည်းက အစည်းအဝေးတက်ရသည်။ မယုံ ဘူးလား။ ငယ်ငယ်က သမ၀ါယမအစည်းအ ဝေးတွေရှိသည်။ တစ်အိမ်တစ်ယောက်လာ ကြရသည်။ မလာရင်မရပါ။ ဤနေရာတွင် မရပါဆိုသည့် မြန်မာ စကားသည် အတိအကျ မှန်သည်။ ဟိုးရှေးရှေးကအကြောင်းကိြုေ
တစ်ခါက လူနှစ်ယောက် အရက်မူးပြီး ရန်ဖြစ်ကြ သည်။ မောင်ဖြူနဲ့ မောင်မည်း ဆိုပါစို့။ သူ တို့နှစ်ယောက်ကို အချုပ်ခန်းထဲထည့်ထား လိုက်သည်။ နောက်တစ်ရက်တွင် မောင်မည်း ကို လွှတ်ပေးလိုက်သည်။ မောင်ဖြူကတော့ အချုပ်ထဲကျန်နေသည်။
“မောင်ဖြူကိုလည်း လွှတ်ပေးလေ”
မောင်ဖြူ၏အစ်ကိုက တာဝန်ရှိသူကိုသွား ပြောသည်။ တာဝန်ရှိသူက “မရလို့ပါ”တဲ့။ မရလို့ မလွှတ်တာပေါ့။ ဘာမရတာလဲ။ မရလို့ မလုပ်တာတွေ အများကြီးပါပဲ။ (ဒေါ်လာရရင် တော့ မဟုတ်တာလည်း လုပ်ပါသည်) ခု လည်း “မလာရင်မရပါ” ဆိုသည်မှာ ဘာမရ တာလဲ။ ဆပ်ပြာ ခွဲတန်း မရဘူး။ ဖယောင်းတိုင် ခွဲတန်းမရဘူးပေါ့။ တစ်အိမ်တစ်ယောက်လာ ရမည်ဆို အိမ်တွေ က အလုပ်လုပ်နေကြသူ လူကြီးများ မလာနိုင်ပါ။ ကလေးများကိုသာ လွှတ်သည်။
အမေက မောင်ဘသစ်ကိုလွှတ်သည်။ အခြားနေရာခိုင်းလျှင် အကြောင်းပြတတ်ပေမဲ့ အစည်းအဝေး တက်ဖို့တော့ မောင်ဘသစ်သ ဘောကျသည်။ အစည်းအဝေးတွင် “စားရ သည်”။ မောင်ဘသစ်တို့ ကလေးတွေအတွက် အအေးတစ်ပုလင်းနှင့် ကိတ်မုန့်တစ်ချပ်သည် အတော်လေး တန်ဖိုးရှိသည်။ နောက် သူငယ် ချင်းတွေနဲ့လည်း တွေ့ရသည်။
အစည်းအဝေး ခန်းမကျယ်တွင် လူကြီးလစ် ရင်လစ်သလို ဆော့နိုင်သည်။ တစ်ယောက် ကိုတစ်ယောက် စကြသည်။ ပေတလူတို့ညီ အစ်ကိုဆိုရင် အစည်းအဝေးစားပွဲပေါ်တွင် နပမ်းလုံးကြသည်။ ငယ်ငယ်က အစည်းအ ဝေးပျော်စရာအင်မတန်ကောင်းသည
( ၂ )
တကယ်တော့ အစည်းအဝေးဆိုတာ အင်္ဂလိပ်စကား meeting နှင့်အတူတူပင်ဖြစ်၍ တစ်ခါတစ်ရံတွေ့ဆုံခြင်း သို့မဟုတ် တွေ့ဆုံပွဲဟုလည်း ဆိုကြသည်။ ယခုနောက်ပိုင်း အစိုးရ အဖွဲ့ဝင်များနှင့် ပြည်သူတွေ့ဆုံကြသည် ကို “တွေ့ဆုံပွဲ” ဟု ရိုးရိုးစင်းစင်းခေါင်းစဉ်တ
ဒါလည်း ကောင်းတော့ ကောင်းပါသည်။ မြန်မာနိုင်ငံတွင် Seminar, Workshop, Conference စသည့် တွေ့ဆုံပွဲများ လည်း ရှိပါသေးသည်။ အကြောင်းရာတစ်ခုကို အသေးစိတ်ရှင်းလျှင် Seminars များဖြင့်ရှင်းသည်။ စာတမ်း ဖတ်ကြသည်။ ဒါကို မြန်မာက စာတမ်းဖတ်ပွဲ ဟုသာ ခေါ်ပါသည်။ Workshop ကိုတော့ အလုပ်ရုံဆွေးနွေးပွဲဟု လည်းခေါ်သည်။ Workshop ၏ အဓိပ္ပာယ်ကိုက အလုပ်ရုံဟုနားလည်ထားသောကြော
စင်စစ်ရှင်းပြသူ တာဝန်ရှိသူက ဘာမှမဖြေဘဲလည်း နေ၍ ရသည်။ သို့သော် သူက စိတ်ဆိုး သည်။ ဒီမေးခွန်းမေးတာ ခင်ဗျားက ယူဂျီလား ဆိုတာမျိုး တုံ့ပြန်သည်။ ထိုသတင်းထောက် အရေးယူခံရသည်ဟု ကြားရသည်။
တကယ်တော့ ဒီလို မတုံ့ပြန်သင့်ပါ။ ဒီဘက်ခေတ်မှာလည်း မောင်ဘသစ် ဒီလို ရှင်းလင်းပွဲ ရောက်ဖူးပါသည်။ နေပြည်တော်အထိ သွားရပါသည်။ ပွင့်လင်းမှု ရှိလာသောကြောင့် မေးခွန်းကို ရဲရဲတင်းတင်းမေးသည်။ သို့သော် တာဝန်ရှိသူက ဒီလိုတော့ မမေးပါနဲ့ ထိုင်ပါဟု မေးတာကို ရပ်ခိုင်းပါသည်။ Press Conference ဟုခေါ်သော သတင်းစာ ရှင်းလင်းပွဲများ၏ သဘောကို ပြောပြတာပါ။ တစ်ခါတစ်ခါ Seminars များတွင်လည်း အမေးတွေကို မဖြေနိုင်သောကြောင့် စာတန်းဖတ်ပြီးသည့်အခါ မေးခွင့် မပြုသည်များ ကိုလည်း တွေ့ရပါသည်။ Workshop ကို တော့ မောင်ဘသစ် သဘောကျ သည်။ ကောင်းကောင်းစားရသည်။ အချိန်ယူပြီး လိုအပ်တာတွေကို တင်ပြခွင့်လည်းရှိသည်။
( ၃ )
မောင်ဘသစ် သဘောအကျဆုံးမှာ လွှတ်တော်အစည်းအဝေးဖြစ်သည်။ တစ်ခါက သတင်းထောက်များက လွှတ်တော်အစည်းအဝေးတွင် အိပ်ပျော်နေသော တပ်မတော်သား ကိုယ်စားလှယ်တော်များကို ဓာတ်ပုံရိုက်ကာ သတင်းစာထဲထည့်လိုက်သည်။ အနောက်တိုင်း သတင်းများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးမျ
မောင်ဘသစ် ကျောင်းသားဘ၀က ဆရာစာသင်နေစဉ် တစ်ခါတစ်ခါအိပ်ပျော်သွားတတ်
ပညာရှင် ဆရာတစ်ယောက်ကတော့ “လူတစ်ယောက်က အာရုံ စူးစူးစိုက်စိုက်နဲ့ နားထောင်နိုင်တာ ၄၅ မိနစ်ထက် မပိုဘူး။ ဒါ ပေမဲ့ တကယ့်ကို ဈာန်ဝင်သလိုဖြစ်သွားရင်တော
( ၄ )
“ကျွန်တော့်ဆရာပြောပြတဲ့ သူတို့ရပ်ကွက် ထဲက အစည်းအဝေးကို ဖောက်သည်ချချင် တယ်။ အဲဒီ့မှာ ရပ်ကွက်က ပါတီစိတ်ဥက္ကဋ္ဌ ရွေးတာပေါ့လေ။ မြို့နယ်ပါတီယူနစ်က ကြီးမှူး ကျင်းပပေးတယ်”
“ရပ်ကွက်ထဲက တင်းပြည့်ပါတီဝင်တွေ တက်ရတာပေါ့ဟုတ်လား”
“ဟုတ်ပါတယ်။ ပါတီယူနစ်က ၀မ်းဆက် (one set) လာတယ်။ ဆိုလိုတာက သူတို့က လူရွေးပွဲ ကျင်းပတဲ့ ကော်မရှင်နဲ့ ယူနစ်ဥက္ကဋ္ဌ ကို လွှတ်လိုက်တာပဲ။ ဘာမှအခက်အခဲတော့ မရှိပါဘူး။ ထုံးစံ အတိုင်း ယူနစ်ဥက္ကဋ္ဌက ဆို ရှယ်လစ် အသီးအပွင့်တွေအကြောင်းနဲ့ ပတ်သက်ပြီး မိန့်ခွန်းတွေ အကြာကြီးပြောတာပါပဲ။ မဟုတ်မမှန်တာကို သိတဲ့ အစည်းအဝေး တက် သူတွေ ကလည်း ဘာမှနားမ၀င်ဘူး။ သူတို့ အလုပ်ကိုပဲ သူတို့ စဉ်းစားနေကြတယ်။ ပါတီ ယူနစ် ဥက္ကဋ္ဌ စကားပြောပြီးတော့ ပါတီစိတ် ဥက္ကဋ္ဌကိုရွေးတယ်။ ဆိုက္ကားအုံနာ ဦးအုံးသာကို တစ်ယောက်က အဆိုတင်သွင်းတယ်။ တစ်ယောက်က ထောက်ခံတယ်။ ကော်မရှင်အဖွဲ့ မှာပါလာသူက အိပ်ငိုက်ငိုက်နဲ့ “ထောက်ခံမယ့်သူ ရှိပါသလား”ဆိုပြီး သုံးကြိမ်မေးတယ်။ ဖြေတဲ့ သူတွေ ကလည်း အိပ်ငိုက်ငိုက်နဲ့ “ထောက်ခံမယ့် သူမရှိပါဘူး”လို့ သုံးကြိမ်ဖြေတယ်။ ဒီတော့ “ထောက်ခံမယ့်သူ မရှိတဲ့အတွက် အတည်ပြုလိုက်ပြီ” ဆိုကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ဖူးတယ်”
တကယ်တော့ ကန့်ကွက်သူများရှိပါသလားဟု မေးရမည်ကို မှားသွားပါသည်။ သို့ သော် အလုပ်ဖြစ်သည်။ ဦးအုံးသာ ဥက္ကဋ္ဌဖြစ်လာပါသည်။
( ၅ )
လွှတ်တော် Channel ကို ကြည့်ဖူးပါသလား။ လွှတ်တော်တွင် လူမှုစီးပွား၊ ပညာရေး၊ နိုင်ငံရေး စသည့် အကြောင်းရာစုံ၊ ဘာသာရပ်ပေါင်းစုံကို ဆွေးနွေးကြသည်။ မြစ်ကြီးနားက ကိုယ်စားလှယ်သ ည် ကော့သောင်းမှ ကိုယ်စားလှယ်ပြောတာကို နားလည်ရခက်သည်။ ပြော သူများသည်လည်း အလွှာအမျိုးမျိုးမှာလာ၍ တင်ပြပုံ အမျိုးမျိုးရှိသည်။ မိမိ နားမလည်သော အကြောင်းရာများစွာ ပါဝင် ပါမည်။ နားမလည်သည်များကို တာရှည်နားမထောင်နိုင်ပါ။ ထိုအခါ အိပ်ငိုက်တာ မဆန်းပါ။
လွန်ခဲ့သောနှစ် ၂၀ ကျော်က မောင်ဘ သစ်သူငယ်ချင်း ဆရာဝန်ပြောသည့်စကားကို မှတ်မိနေ သည်။ “အဲ့ဒီတုန်းက ငါက အလုံ ဘက်မှာ ဆေးခန်းဖွင့်ထားတယ်။ ငါ့ဆီမှာငါ့ သူငယ်ချင်းမ တစ်ယောက်က ဆေးလာကုတတ်ပြီး သူတို့က ငါ့ကို မိသားစုဒေါက်တာ (Family Doctor) အနေနဲ့ ဆက်ဆံတယ်။ တစ်ရက်မှာ သူ့အဖေကြီး နေမကောင်းဘူးဆိုလို့ ငါလိုက်သွား ကြည့် တယ်။ အဖိုးကြီးက လွှတ်တော်ကိုယ်စားလှယ်ကွ၊ သူက နေ့စဉ်လွှတ် တော်တက်နေရတဲ့ အချိန်ကွ။ ခု အလုံလမ်းက လွှတ်တော်ပေါ့။ ခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ
“ပင်ပန်းလို့နေမှာပေါ့”
“ဟုတ်မှာပါ။ ဒါနဲ့ ငါလည်း အားဆေးသွင်းပြီး အနားယူခိုင်းတယ်။ အိပ်ရေး၀၀အိပ် ဖို့မှာတယ်”
“ကောင်းသွားလား”
“မကောင်းဘူး။ နောက်ရက်မှာလည်း မကောင်းသေးဘူး။ ဒါနဲ့ငါက ကောင်းကောင်း အိပ်ပါ။ အိပ်လိုက်ရင် နေကောင်းသွားမှာပါ လို့ မှာတော့ သူ့သမီးတွေကပြောတယ်။ ဟုတ်တယ်ဆရာ၊ အဖေကြီးက မအိပ်ဘူး။ ဆရာ လို့ပြောတော့ သူ့အဖေက ငါအိပ်ပါတယ်ကွာ လို့ပြောတယ်။ ဒီတော့ သမီးကြီးက အဖေက တစ်ညလုံးမျက်လုံးကြီးဖွင့်လ
“ဘာပြောလဲ”
“သမီးတို့ စိတ်မပူနဲ့၊ အဖေလွှတ်တော်တက်နေတာ သမီးတို့မသိဘူးလားတဲ့”
“ဟားဟား၊ အဖိုးကြီးက မျက်လုံးဖွင့်ပြီး အိပ်တာပေါ့ ဟုတ်လား”
“အစစ်ပေါ၊ ဂီတာဖေ၀င်း ပြောသလို "မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်" ဆိုတာ ဒီနေရာတော့ လွဲနေပြီထင်တယ်”
“အင်း သူကတော့ ငါးသေလို့ဝင်စားတာ ဖြစ်နိုင်တယ်။ ငါးတွေလည်း မျက်လုံးဖွင့်အိပ်တာပဲ”
“ဒါဆိုရင် လွှတ်တော်ကိုယ်စားလှယ်များထဲ
“ဒါရရင် ဘာလုပ်မလဲ”
“အဖြေတစ်ခုတော့ ရတာပေါ့။ လွှတ်aတ်ာအချိန်တွေ ချုံ့ပေးတာတို့၊ စိတ်ဝင်စားအောင် လုပ်ပေးတာတို့၊ နားလည်အောင် ရှင်းပေးတာတို့ပေါ့”
“မဆိုင်တာတွေကို ဖယ်ထားတာတို့လည်း လုပ်သင့်တာပဲ”
“ဘယ်လိုပြောပြော အစည်းအဝေးတွေဆိုတာ လူတွေအတွက် အရေးပါတာပဲ။ အစည်းအဝေး တက်ဖို့ လိုတယ်။ ဘယ်လိုလေ့ကျင့်မလဲ”
“Facebook တို့လို Social Media မှာ လေ့ကျင့်ကြမယ်။ အ၀ိုင်းလေးလည်တာကိုကြည့်ပြီ
The Ladies News Journal
No comments:
Post a Comment