Wednesday, September 24, 2014

အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေကြမ်းအား ရှေ့နေချုပ်ရုံးသို့ တင်ပြထား


ရန်ကုန်၊ စက်တင်ဘာ ၂၃။

အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ခိုင် လုံသည့် အထောက်အထားနှင့်သတင်း ပေးသူအား အကာအကွယ်ပေးနိုင် ရေးအချက်ပါဝင်သည့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေအပေါ် အခြေခံထားသည့် နည်းဥပဒေကြမ်း အား ရှေ့နေချုပ်ရုံးသို့ တင်ပြထား ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးမြဝင်း က ပြောကြားခဲ့သည်။


စက်တင်ဘာ ၂၃ရက်ကပြု လုပ်သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်မေးမြန်းသည့် မေးခွန်းကို ဖြေ ကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌဦးမြဝင်းက ''အ ဂတိလိုက်စားမှုအား ခိုင်လုံသည့် အထောက်အထားနဲ့ သတင်းပေးတဲ့ အတွက် ဖော်ထုတ်အရေးယူနိုင်တဲ့ ကိစ္စတွေမှာ သတင်းပေးသူကိုအကာ အကွယ်ပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၁၇၊ ပုဒ်မ ခွဲ(ဂ)မှာ ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်အပေါ် မူတည်ပြီး တော့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနည်းဥပဒေမူကြမ်းမှာလဲထည့် သွင်းရေးဆွဲထားပါတယ်'' ဟုပြော သည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးနည်းဥပဒေမူကြမ်းကို သြဂုတ် လအတွင်းက ရှေ့နေချုပ်ရုံးသို့တင် ပြထားပြီး ဥပဒေအကြံပြုချက်တင် ပြတောင်းခံထားကြောင်းယင်းက ဆက်လက်ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က''အင်ဒိုနီးရှားမှာဆိုရင်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဘယ်လောက်ကောင်းကောင်း တိုင် ကြားသူကို ကာကွယ်နိုင်မှုအားနည်း တဲ့အတွက် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေမအောင်မြင်နိုင်ဘူး ဆိုတဲ့ သာဓကလဲရှိတယ်။ နည်းဥပဒေ ကို လွှတ်တော်တင်ပြလာတဲ့အခါ လို အပ်တဲ့အချက်အလက်ရှိရင် အဲ့ဒီမှာ ထပ်မံဆွေးနွေးသွားမယ်''ဟု ပြော သည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေကို ၂ဝ၁၃ခုနှစ် သြဂုတ် ၇ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ အကောင်အထည်ဖော်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ၂ဝ၁၄ခုနှစ် ဖေဖော် ဝါရီလတွင် ဥက္ကဋ္ဌဦးမြဝင်းအပါ အဝင်အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MP၊ HM

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment