Wednesday, September 24, 2014

အပစ်ရပ်ဆွေးနွေးပွဲ ဒုတိယနေ့ နှစ်ဖက် သဘောတူထားသည့် အချက်အချို့ကို ပြန်လည်ဆွေးနွေး

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ယခင် နှစ်ဖက်သဘောတူညီ ထားသည့် အချက်အချို့ကို ပြန် လည်ဆွေးနွေးခဲ့ပြီး တပ်မတော် ဘက်မှ သဘောထားတင်းမာမှု များရှိနေကြောင်း သတင်းရရှိ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့(NCCT) တို့ စက် တင်ဘာ ၂၃ ရက် ဆွေးနွေးပွဲ ဒု တိယနေ့တွင် ယခင်သဘောတူ ညီချက်အချို့ကို ပြန်လည်ဆွေး နွေးနေရခြင်းဖြစ်သည်။ ယင်းအ တွက်ကြောင့် အပစ်ရပ်မူကြမ်းမှ နှစ်ဖက်ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်များကို
ဆက်လက်ဆွေးနွေးခြင်း မပြုနိုင်သေး ကြောင်း NCCT အဖွဲ့ခေါင်း ဆောင်နိုင်ဟံသာက ပြောကြားသည်။
မူလက အပစ်ရပ်မူကြမ်း တွင် နှစ်ဖက်ညှိနှိုင်းရန် အဓိက အချက် လေးချက်သာ ကျန်ရှိ ကြောင်း နှစ်ဖက်ပြောကြားထား ခြင်းဖြစ်သည်။
ယခင် နှစ်ဖက်သဘောတူ ညီမှုရရှိထားသော ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းခြင်း၊ အဓမ္မ တပ်သားသစ်မစုဆောင်းရေး၊ ‘‘တော်လှန်ရေး’’ဝေါဟာရကို စာ ချုပ်အတွင်းထည့်သွင်းရန်စသည့် အချက်များကို တပ်မတော်၏ သဘောထားကြောင့် ယခုဆွေး နွေးပွဲ၌ ပြန်လည်ဆွေးနွေးနေခြင်း ဖြစ်သည်။
‘‘အရင်က သဘောတူထား တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိုလာမယ့်နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေး မယ်ဆိုတဲ့ အချက်ကို သူတို့ဘက် က ကန့်ကွက်ချင်တဲ့ သဘောရှိ တယ်’’ဟု နိုင်ဟံသာကဆိုသည်။
ထို့အပြင်ယခင်က အပစ်ရပ် စာချုပ်၏ အတွင်းစာသားတွင် ထည့်သွင်းရန် သဘောတူညီထား သည့် ‘‘တော်လှန်ရေး’’ဝေါဟာရ အသုံးအနှုန်းကိုလည်း တပ်မ တော်ဘက်က မထည့်စေချင်သည့် သဘောထားရှိကြောင်း NCCT ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
‘‘အဲဒီတော့ အနီရောင်တွေ နဲ့ ပြန်ဖြစ်သွားတာပေါ့။ အရင်က နှစ်ဖက် သဘောတူထားတာက အမည်းရောင်၊ အဲဒါကို အနီ ရောင်ပြန်ထည့်လိုက်တယ်’’ ဟု ဆိုသည်။
တပ်သားသစ် မစုဆောင်း ရေးနှင့် ပတ်သက်၍လည်း တိုင်း ရင်းသားများဘက်မှ အပစ်ရပ်စဲ ထားချိန် အတင်းအဓမ္မ လူသစ် မစုဆောင်းရန်သာ အဆိုပြုထား ပြီး တပ်မတော်ဘက်ကမူ လူ သစ် လုံးဝမစုဆောင်းရန်ဆိုသည့် သဘောထားအပေါ် အခိုင်အမာရပ်တည်နေခြင်းဖြစ်သည်။
‘‘တစ်ဖက်တည်းကို ပြော တာဒါကမညီမျှဘူး။ အဲဒီလိုတော့ အန်ကယ်တို့ပြောတယ်။ ဒါပေမဲ့ သူတို့ အဆုံးအဖြတ်မပေးဘူး။ သဘောကတော့ သူတို့က ဒီကိစ္စ ကိုတော့ လက်မခံနိုင်သေးဘူး ပေါ့လေ’’ ဟု နိုင်ဟံသာက ဆို သည်။
ထို့အပြင်အစိုးရဘက်မှ တင်ပြသော လုံခြုံရေးဆိုင်ရာပေါင်း စည်းရေးကိစ္စရပ်များ၊ အပစ်ရပ် ပြီးချိန်တိုင်းရင်းသားများဘက်မှ တင်ပြသော ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံပြုလုပ်ပြီး သ ဘောတူညီချက်များကို လွှတ် တော်တွင် အတည်ပြုရန် စသည့် ကိစ္စရပ်များလည်း ပြေလည်မှုမရရှိသေးကြောင်း သတင်းရရှိ သည်။
‘‘နည်းနည်းလည်း ကြာနိုင် တာက ကြားကာလစီမံချက်၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ အဖွဲ့အစည်းတွေ ဘယ် လိုနေထိုင်ကြမလဲအချက်ပါ’’ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန် ဥက္ကာကဆိုသည်။
ဆွေးနွေပွဲ ဒုတိယရက် နံနက်ပိုင်းမှ စတင်၍ မီဒီယာများကို သတင်းယူခွင့်မပေးတော့ဘဲ ဆွေးနွေးပွဲနောက်ဆုံးရက်ပြီးစီးမှသာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အစိုးရနှင့် NCCT တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆွေး နွေးပွဲကို စက်တင်ဘာ ၂၂ ရက် မှ စတင်ပြုလုပ်နေပြီး ငါးရက် ကြာပြုလုပ်သွားရန် စီစဉ်ထား သည်။
Credit - 7DAY DAILY

 
UPWC နှင့် NCCT တို့၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ဆွေးနွေးပွဲ ဒုတိယနေ့သို့တက်ရောက်လာသော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွန်မော်နှင့် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ကို တွေ့ရစဉ် (Myanmar Peace Center)

No comments:

Post a Comment