လူအများစိတ်ဝင်စားနေကြသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်မလုပ်တော့ဟု
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ကြေညာလိုက်သည်။ ပွင့်လင်းမြင်သာမှု မရှိသော
မြို့သစ်စီမံကိန်းအကြောင်း လွှတ်တော်ကိုယ်စားလှယ်များက
ရန်ကုန်တိုင်းအစိုးရကို မေးမြန်းဆွေးနွေးရန် အစီအစဉ်မစမီ ရုတ်တရက်ဆိုသလို
အဆိုပါကြေညာချက်အား ဖတ်ကြားခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်တွင် သတင်းယူနေသော
ဧရာဝတီသတင်းထောက်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ်
စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီအား
တဦးတည်း
လုပ်ဆောင်ခွင့်ပေးလိုက်ကြောင်း ယခင်လက ကြေညာခဲ့ရာ လုပ်ထုံးလုပ်နည်းများ
ပွင့်လင်းမြင်သာမှု မရှိဘဲ နောက်ကွယ်တွင် အဂတိလိုက်စားမှုများ
ရှိနေနိုင်သလားဟု အများပြည်သူကြား မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။
ယခုကဲ့သို့ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍လည်း
အသေးစိတ်အကြောင်းပြချက်ကို ရန်ကုန်တိုင်းအစိုးရနှင့် မြို့တော်ဝန်က
ပြောဆိုခြင်း မရှိပါ။.
Credit - The Irrawaddy (Burmese Version)
No comments:
Post a Comment