ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအမှောင်ချခြင်းအား ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်များ ခံခဲ့ရကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ဘော့စ် ဟိုတယ်၌ ပြုလုပ်သော ဒီဗွီဘီ ဒီဘိတ်အစီအစဉ်တွင် ပြောကြား ခဲ့သည်။ လွှတ်တော် အတွင်း၌ ဆွေးနွေးခဲ့မှုများအား ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ခြင်းမရှိသည့် အပေါ် ယခုကဲ့သို့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဝေဖန်ပြောကြား ခဲ့ခြင်းဖြစ်သည်။
““တကယ်တော့ လွှတ်တော်က ဥပဒေပြုရေးအာဏာသက် သက်ပါ။ အုပ်ချုပ်ရေးအာဏာမှာ သတင်းထုတ်ပြန် တာတွေက ပြန်ကြားရေး ၀န်ကြီးဌာန အောက်မှာ ရှိပါတယ်။ လွှတ်တော်ရဲ့ သတင်းတွေတောင် မှ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အမှောင်ချခြင်းကို တော် တော်ခံခဲ့ရပါတယ်။ လွှတ်တော်ကိုယ်၌က သတင်းနဲ့ ပတ်သက်ပြီး တော့ ချုပ်ချယ်ခံခဲ့ရသူ တစ်စုတစ် ဖွဲ့ဖြစ်ပါတယ်””ဟု ဦးခိုင်မောင်ရည် က ပြောသည်။…
လွှတ်တော်အား သတင်း အမှောင်ချခြင်းဆိုသည်ထက် ပြန် ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန် သော သတင်း စာများသည် ပြည်သူလူထု သိလိုသော သတင်းများအား လုံလောက်စွာ ချပြနိုင်ခြင်း မရှိကြောင်း အဆိုပါ ဒီဘိတ်အစီအစဉ်တွင် ပါဝင်ခဲ့သော ပဲ့တင်သံ ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဆရာမ မသီတာ(စမ်းချောင်း)က ဝေဖန်ပြောကြားခဲ့သည်။
““တကယ်တမ်းကျတော့ သတင်းအမှောင်ချတယ်ဆိုတာထက်က
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်များကို သတင်းအမှောင် ချထားသည်ဆိုခြင်းအား အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တံတားဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
““ပြီးခဲ့တဲ့အပတ်က အစ်မတို့ ချေးငွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာ ဘယ်ရုပ်သံလိုင်း၊ ဘယ် သတင်းစာမှာမှပါ မလာဘူး။ ဒါက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ
အဆိုပါ ဒီဗွီဘီဒီဘိတ်အစီ အစဉ်တွင် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ 7Days ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ ပဲ့တင်သံဂျာနယ် တာဝန်ခံအယ်ဒီတာ ဆရာမ မသီတာ(စမ်းချောင်း) နှင့် စာရေးဆရာ အတ္တကျော်တို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။
ဝိုင်းမော်
Credit - Myanmartandawsint Newspaper

No comments:
Post a Comment