ရန်ကုန်၊ စက်တင်ဘာ ၂၅။
မြန် မာအစိုးရနှင့်တပ်မတော်တို့က လက်
နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူ ငယ်များကို တပ်သားအဖြစ် ခေါ်ယူ
စုဆောင်းအသုံးပြုမှု အလေ့အထ ကို အဆုံးသတ်ရန် အရှိန်မြှင့်ဆောင်
ရွက်သည့်အနေဖြင့် အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေး သူငယ်၁ဝ၉ဦးကို
စက်တင်ဘာ ၂၅ရက်က ထပ်မံနုတ်ထွက်ခွင့်ပေးခဲ့ ကြောင်း Unicef
မြန်မာမှသိရသည်။
စက်တင်ဘာ ၂၅ရက်တွင် ရန်ကင်းမြို့နယ်ရှိ
တပ်မတော်မှတ် တမ်းရုံးတွင်
အရွယ်မရောက်က လေးသူငယ်များအား တပ်မတော်မှ
ထပ်မံနုတ်ထွက်ခွင့်ပြုသည့် အခမ်း အနားကျင်းပခဲ့ပြီး ကလေးစစ်သား များအား
ပြန်လည်နုတ်ထွက်ခွင့်ပြု ရန် စတင်လက်မှတ်ရေးထိုးချိန်မှစ ၍
ယခုအကြိမ်ပြန်လည်လွှတ်ပေး သည့် အရေအတွက်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။
''တပ်မတော်က အရွယ်မရောက် ဘဲစစ်မှုထမ်းနေတဲ့ ကလေးသူငယ် တော်တော်များများကို
နုတ်ထွက်ခွင့် ပေးနေတာကို မျက်မြင်ဖြစ်တဲ့အတွက် ဒါဟာ
မြန်မာနိုင်ငံအစိုးရနဲ့ တပ်မ တော်တို့က လက်နက်ကိုင်တပ်ဖွဲ့ တွေမှာ
ကလေးသူငယ်တွေကို တပ် သားအဖြစ် ခေါ်ယူစုဆောင်းအသုံး ပြုမှု အလေ့အထကို
အဆုံးသတ်ဖို့ အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်နေ တာကို ညွှန်ပြနေပါတယ်'' ဟု က
လေးသူငယ်အခွင့်အရေးများကို ကြီး လေးသောအခွင့်အရေးချိုးဖောက်
မှုအားစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်ပြနိုင်ရေး၊ နိုင်ငံအ
လိုက်အထူးတာဝန်အဖွဲ့ (CTFMR) ၏ပူးတွဲဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင် ရာ
ကုလသမဂ္ဂဌာနေညှိနှိုင်းရေး မှူး Ms.Renata Lok Dessallien မှ ပြောသည်။
၂ဝ၁၂ခုနှစ်ဇွန်လတွင်လည်း အရွယ်မတိုင်မီ စစ်မှုထမ်းဆောင် နေသည့်
ကလေးသူငယ်များအား တပ်မတော်မှ နုတ်ထွက်ခွင့်ပြုရေး
လုပ်ငန်းစီမံဆောင်ရွက်မှုစီမံချက် ကို လက်မှတ်ရေးထိုးပြီးချိန်မှစ၍
ယခုအကြိမ်အထိ လက်နက်ကိုင် တပ်ဖွဲ့များတွင် ခေါ်ယူစုဆောင်း အသုံးပြုမှုကို
အဆုံးသတ်ရန်အလို့ ဌာ တပ်မတော်တွင် စစ်မှုထမ်း ဆောင်နေသည့် အရွယ်မရောက်သူ
ကလေးသူငယ်များနှင့် လူငယ် စုစု ပေါင်း၄၇၂ဦးကို နုတ်ထွက်ခွင့်ပြုခဲ့
ပြီးဖြစ်ကြောင်းလည်း သိရသည်။
''မြန်မာနိုင်ငံဟာ ကလေးသူငယ် တွေရဲ့
အခွင့်အရေးကို ကျယ်ကျယ် ပြန့်ပြန့်ကာကွယ်စောင့်ရှောက်ပေး ဖို့နဲ့
သူတို့ရဲ့အခွင့်အရေးကို တာ ဝန်ယူဖို့ ပိုမိုခိုင်မာအောင်ကြိုးပမ်း
ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် တပ် မတော်ထဲမှာ ကလေးစစ်သားခေါ် ယူအသုံးပြုမှုကို
အဆုံးသတ်ဖို့က အလွန်အရေးကြီးပါတယ်''ဟု ယူနီ ဆက်ဖ်မြန်မာ၏ ဌာနေကိုယ်စားလှယ်
မစ္စတာ ဘက်ထရန်ဘိန်းဘဲ(လ်)ကလည်း ဖြည့်စွက်ပြောဆိုသည်။
၂ဝဝ၇ခုနှစ်မှစတင်ကာ မြန် မာ့တပ်မတော်နှင့် အခြားသောတိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ဖွဲ့ကိုလည်း ကုလသမဂ္ဂအထွေထွေ
အတွင်းရေးမှူးချုပ်ထံ တင်သွင်းသည့် ပဋိပက္ခအတွင်း ကလေးစစ်သား
ခေါ်ယူစုဆောင်းအသုံးပြုသည့် နိုင် ငံများစာရင်းတွင် ဖော်ပြခဲ့ကြောင်း၊
အဆိုပါစာရင်းအပေါ် တုံ့ပြန်သော အားဖြင့် အရွယ်မရောက်သူ ကလေး သူငယ်များကို
လက်နက်ကိုင်အဖွဲ့ များတွင် ခေါ်ယူစုဆောင်းအသုံးပြုမှု ကို အဆုံးသတ်နိုင်ရန်
နည်းလမ်း များ ချမှတ်အကောင်အထည်ဖော် ရန်မြန်မာအစိုးရသည် (CTFMR)နှင့်အတူ
ကလေးစစ်သားပပျောက် ရေးစီမံချက်ကို ၂ဝ၁၂ခုနှစ် ဇွန်လ တွင် သဘောတူလက်မှတ်
ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ZCH
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Ref ; Yangon Media Group
No comments:
Post a Comment