လယ်ယာမြေသိမ်း ဆည်းခံရမှုများနှင့်ပတ်သက်၍ တရားစွဲဆိုခံရကာ ထောင်ကျ သွားသော
တောင်သူလယ်သမား သုံးရာကျော်ရှိကြောင်း ပြည် ထောင်စုလွှတ်တော် လယ်ယာ
မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု
မရှိစေရေး စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ဦးမင်း သူက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။
အဆိုပါ သုံးရာကျော်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မလက်တို ကျေးရွာအုပ်
စု၌ ဖြစ်ပေါ်သော လယ်ယာ မြေပိုင်ဆိုင်မှု အငြင်းပွားမှု ပဋိ ပက္ခ၊ လက်ပံတောင်းတောင်ကိစ္စ၊ နေပြည်တော် ပုဗ္ဗသီရိ ၀ဲကြီးကျေး ရွာ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတို့မှ တောင်သူလယ်သမား များ ပါဝင်နေကြောင်း ဦးမင်းသူ က ပြောသည်။
တောင်သူလယ်သမားများ ကို တရားစွဲဆိုသော ပုဒ်မများ သည် ရာဇသတ်ကြီးပုဒ်မများဖြစ် ပြီး စည်ပင်သာယာဥပဒေနှင့် စည်ပင်သာယာဥပဒေနှင့် ပြည်သူပိုင်ဥပဒေပုဒ်မများ ပါဝင်နေကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ထည့်သွင်းဆွေးနွေးသွားခြင်း ဖြစ်သည်။
မြေသိမ်းဆည်းရာတွင် မြေ လျော်ကြေး၊ သီးနှံလျော်ကြေး များ၊ နစ်နာကြေးများ ပေးခဲ့ခြင်း မရှိဘဲ သိမ်းဆည်းခံရသူများမှ ၎င်းတို့၏ မူလမြေယာများ ပြန် လည်ရရှိရန် ကြိုးပမ်းရာတွင် လည်း တရားစွဲဆိုခံရကာ ထောင် ကျခံရခြင်းများ ကြုံတွေ့နေရသည်ဟု ယင်းအစီရင်ခံစာကိုလွှတ်တော် တွင် ဆွေးနွေးရာ လွှတ်တော် ကိုယ်စားလှယ်များက ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ကြောင့် နစ်နာမှုများ ဖြေရှင်း ရာတွင် အချိန်ကြန့်ကြာသည်နှင့် အမျှ မြေသိမ်းခံ လယ်သမားများ အတွက် ဥပဒေပါ ပြဋ္ဌာန်းချက် များအတိုင်း ရရှိမည့် ရပိုင်ခွင့်များ ဆုံးရှုံးလျက်ရှိရာ အုပ်ချုပ်ရေး အဖွဲ့များမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသင့်ကြောင်း ကော်မရှင်က အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
Credit - 7DAY DAILY

No comments:
Post a Comment