သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက
လျာထားတယ်ဆိုတာ မဟုတ်ဘူးလို့ NLD က စက်တင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့
ထုတ်ပြန်လိုက်ပါတယ်။
NLD ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်
ဦးဟံသာမြင့်နဲ့ ရိုက်တာအသင်းထောက် Paul Monney တွေ့ဆုံစဉ်က သူရဦးရွှေမန်းကို
သမ္မတ တင်မယ်လို့ မပြောခဲ့ဘူးလို့ ဦးဟံသာမြင့်က ပြန်လည် ရှင်းလင်းထားပါတယ်။
အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) လုံးကို မပြင်ဘူးဆိုရင် သမ္မတအဖြစ်
သူရဦးရွှေမန်းကို NLD က ထောက်ခံသွားမယ် ဆိုတဲ့ သတင်းမှာ မှားယွင်းနေတယ်။
အဲဒီသတင်းနဲ့ ပတ်သက်လို့ ပြန်လည် ဖြေရှင်းပေးဖို့ ရိုက်တာ သတင်းဌာနကို
ဒီကနေ့ ကန့်ကွက်စာ ပို့လိုက်တယ်လို့ NLD ပြန်ကြားရေတာဝန်ခံ ဦးကြည်တိုးက
ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရင် နောက်ထပ် လျာထားတဲ့သူ မရှိသေးဘူး။ ၅၉(စ) က
၂၀၁၅ ရွေးကောက်ပွဲ အထိ မပြင်နိုင်သေးရင်၊ ရွေးကောက်ပွဲမှာ NLD က
မဲအများဆုံးနေရာ ရခဲ့ရင် ဆက်လုပ်ဖို့ လျာထားတာ ၂ ချက်ရှိတယ်လို့ NLD က
ရိုက်တာ သတင်းဌာနကို ပေးပို့ထားသည့် စာမှာ ဖော်ပြပါတယ်။
လာမယ့်
ရွေးကောက်ပွဲမှာ NLD ပါတီဝင်ထဲက ပါတီဝင် တစ်ဦးဦးကို ဒုတိသမ္မတ အဖြစ်
လျာထားမယ်။ နောက်တစ်ချက် ကတော့ NLD ပါတီဝင် မဟုတ်ပေမယ့် NLD သဘောထားတူတဲ့
ပုဂ္ဂိုလ် တစ်ဦးဦးကို ဒုတိယ သမ္မတအဖြစ် လျာထားတယ်လို့ အဲဒီစာမှာ
ဖော်ပြထားပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment