ရှေ့ပြေးမဲစာရင်းများ ကောက်ယူရာတွင် မြို့ကြီးများ၌ မဲစာရင်းတွင်
မိမိနာမည်ပါ၊ မပါ လာရောက်ကြည့်ရှုရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မ
ရှင်မှ သတင်းရရှိသည်။
လူထုအခြေပြု အဖွဲ့အစည်း ၂၆ ဖွဲ့နှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တို့ ပူးပေါင်း ၍ ရှေ့ပြေးမဲစာရင်း ကောက်ယူမှု ပြုလုပ်နေပြီး တစ်နိုင်ငံလုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို လည်း လူထုအခြေပြုအဖွဲ့အ စည်းများနှင့် ပူးပေါင်းပြုစုသွား မည်ဟု ဆိုသည်။
ရှေ့ပြေးမဲစာရင်း ကောက် ယူရာတွင် ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရန်ကုန်တိုင်းရှိ မြို့ နယ်အချို့၌ ယခုနှစ် မေလမှ စ၍ လူထုအခြေပြုအဖွဲ့အစည်း များနှင့် ပူးပေါင်းကောက်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကောက်ယူပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ၁၄ ရက်ကြာ ကပ်ထားခြင်းဖြစ်ပြီး ယင်းရက်များ၌ မဲစာရင်းကို လာရောက်ကြည့်ရှုသူဦးရေမှာ ပြည်နယ်များတွင် ၇၅ ရာခိုင်နှုန်း ခန့်ရှိသော်လည်း ရန်ကုန်တိုင်း တွင် ၁၀ ရာခိုင်နှုန်းခန့်သာရှိသည် ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်း ကြည်က ပြောသည်။
‘‘ရန်ကုန်မှာ နည်းတာက တော့ အလုပ်သွားနေရတဲ့ ၀န် ထမ်းတွေ များတာကြောင့်ရော၊ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် မကြေညာနိုင်တာရော ကြောင့် ဖြစ်မယ်ထင်ပါတယ်’’ ဟု ဦးဝင်းကြည်က ဆိုသည်။
‘‘နောက်ထပ်လုပ်မယ့် မြို့ နယ်တွေမှာတော့ ပိုပြီး ကျယ် ကျယ်ပြန့်ပြန့်သိအောင် ကြေညာ ရမယ်။ ပြည်သူတွေကလည်း မဲ စာရင်းကို ကြိုပြီး လာကြည့်ရ မယ်။ ဒါမှ ပါ၊ မပါ သိရမှာ။ ကျွန် တော်တို့ဘက်ကလည်း ပြန်ပြီး စိစစ်ရမယ့် အပိုင်းတွေ ရှိနေပါ တယ်’’ ဟု ဦးဝင်းကြည်က မဲစာ ရင်းပြုစုမှုနှင့်ပတ်သက်၍ ပြော သည်။
ရွေးကောက်ပွဲတစ်ခုတွင် မဲ စာရင်းပြုစုခြင်းမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ပြီး ရှေ့ပြေးမဲစာ ရင်းများ၌ မိမိတို့၏ အမည်ပါ၊ မပါ စစ်ဆေးရန်နှင့် မပါပါက သတ်မှတ်ပုံစံများဖြင့်တင်ရန်၊ မဲ စာရင်းနှစ်နေရာပါနေပါက တစ် နေရာကို ပယ်ဖျက်ပေးရန် စသည့် အချက်များမှာ ပြည်သူများက မ ဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ကြောင်းကော်မရှင် တာဝန်ရှိသူများက ပြောသည်။
ရွေးကောက်ပွဲကော်မရှင် အ နေဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း ကို သန်းခေါင်စာရင်းတွင်သာ အ ခြေခံပြုစုခြင်းဖြစ်ပြီး လူဦးရေစာ ရင်းနှင့် ပြုစုခြင်းမဟုတ်၍ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက လာမည့် မေလတွင် ထုတ်ပြန်မည့်လူဦးရေစာရင်းနှင့် မူကွဲလွဲနိုင်မည်ဟု ကော်မရှင်မှ တာဝန်ရှိသူများက ဆိုသည်။

Credit - 7DAY DAILY
No comments:
Post a Comment