Wednesday, September 24, 2014

အဆင်းလည်းလှပ အနံ့လည်း မွှေးကြိုင်ပါစေ

[ ဗု ဒၶ ၏ အ ဆံုး အ မ ေ တ ာ္ မ် ာ း - ၁ ၇ ၈ ]

- မင်းနန်(မော်ကျွန်း)ရေးသားသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ငယ်စဉ်က ပင် မိဘတို့ကိုးကွယ်ရာ ဗုဒ္ဓဘာ သာကို ကိုးကွယ်ကြသူများဖြစ်ပါ၏။ ထိုသို့ မိရိုးဖလာအရ ကိုးကွယ်မှုခြင်းတူညီကြသော် လည်း အရွယ်ရောက်လာသောအခါ မိမိ ကိုးကွယ်ရာ ဘာသာတရား အကြောင်းကို သိလိုစိတ် ပြင်းပြစွာဖြင့် နာကြားဖတ်ရှုလေ့ လာမှုပြုသူများ ရှိသကဲ့သို့ မိမိကိုးကွယ်ရာ ဘာသာတရားကို လေ့လာရကောင်းမှန်း မ သိသူတွေလည်း အများအပြား ရှိပါ၏။


အမှန်တော့ ဘာသာတရားကို မလေ့လာပဲ ရှိခိုးဝတ်ပြုနေရုံမျှဖြင့် ဆုတောင်း ဆုယူပြုနေရုံမျှဖြင့် ကိုးကွယ်ရကျိုး မနပ်လေ ပါ။ နေ့စဉ် ဘုရားရှိခိုးဝတ်ပြုရုံ၊ ဆုတောင်း ဆုယူ ပြုနေရုံမျှဖြင့် တင်းတိမ်ရောင့်ရဲနေ ခြင်းသည် ဘာသာတရား၏ အနှစ်သာရဆီ သို့ မရောက်လေပါ။ ဘာသာတရားတစ်ရပ် ကို ကိုးကွယ်ရကျိုး နပ်ချင်သော် ပထမဦး စွာ မိမိကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ အကြောင်း ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် သိမြင်ဖို့ လိုပါသည်။ မိမိတို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓသည် မည်သို့သော ဘုရားမျိုးလဲဆို တာကို အရှိပကတိအတိုင်း သိမြင်နားလည် ထားဖို့ လိုပါသည်။ လူအတော်များများက မြတ်ဗုဒ္ဓကို ကယ်တင်ရှင်၊ ဖန်ဆင်းရှင်ဟု ထင် မှတ်ယူဆထားကြသည်။ အမှန်တော့ မြတ် ဗုဒ္ဓသည် ကယ်တင်ရှင်လည်း မဟုတ်ပါ။ ဖန်ဆင်းရှင်လည်းမဟုတ်ပါ။ ဘုရားရှင်ကိုယ် တော်တိုင်က ဓမ္မပဒတွင် ''ဘုရားရှင်တို့မည် သည် လမ်းကောင်းလမ်းမှန်ကို သွန်သင် ညွှန်ပြသူသာ ဖြစ်ပါ၏။ ထိုလမ်းကောင်း လမ်းမှန်အတိုင်း မိမိတို့ကိုယ်တိုင် လျှောက် လှမ်းရပေမည်''ဟူ၍လည်းကောင်း၊ ''မိမိ ကိုယ်သည်သာ မိမိ၏ အားထားရာဖြစ်သည်။ မိမိကိုယ်ကိုယ်သာ ကိုင်းကျွန်းသဖွယ် မှီခိုရာ ဖြစ်ပါစေ''ဟူ၍လည်းကောင်း ဟောတော် မူခဲ့ပါ၏။
ဆုတောင်းဆုယူခြင်းနှင့် ပတ် သက်၍လည်း၊ အသိဗန္ဓကရွာသူကြီးသား က ဗြဟ္မဏတို့သည် သေလွန်သူကို နတ်ပြည် ရောက်အောင် ဆုတောင်းပေးနိုင်ကြပါသည်။ အရှင်ဘုရားရော ထိုသို့ဆုတောင်းပေးနိုင် ပါသလား''ဟု မေးတော်မူခဲ့ပါ၏။

ထိုအခါဘုရားရှင်က ''မကောင်း မှု ဒုစရိုက်ပြုသူကို ငရဲသို့မကျပါစေနှင့်ဟူ ၍ ဆုတောင်းပေး၍ မရနိုင်။ ကောင်းမှုသုစ ရိုက်ပြုသူကို နတ်ပြည်သို့ မရောက်ပါစေနှင့် ဟူ၍ ဆုတောင်းပေး၍ မရနိုင်ကြောင်း ဟော တော်မူခဲ့ပါ၏။ ကျေးဇူးရှင်မာန်လည်ဆရာ တော်ကြီးကလဲ မကြိုးမကုတ်၊ အားမထုတ် မူ၊ လူကိုထား၍ ဘုရားသော်မှ ကယ်မရဘူး'' ဟူ၍(မဃဒေဝ)တွင် စပ်ဆိုရေးဖွဲ့တော် မူ ခဲ့ပါ၏။

လူတို့သည် မိမိတို့ပြုသော ကံ အားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစား စံစားနေရခြင်းဖြစ်ပါသည်။ မိမိတို့၏ ဘဝ ကို မိမိတို့ကိုယ်တိုင် ပုံဖော်ဖန်တီးနေခြင်း ဖြစ်ပါ၏။ နေ့စဉ်နှင့်အမျှ ပြုသော မိမိတို့၏ ကံသုံးပါးကသာလျှင် မိမိတို့၏ဘဝကို တ ဖြည်းဖြည်းချင်း ပုံဖော်ထုဆစ်ဖန်တီးခြယ် မှုန်းခြင်းဖြစ်ပါ၏။ မည်သည့်တန်ခိုးရှင်၊ ကယ် တင်ရှင်၊ ဖန်ဆင်းရှင်တို့ကမှ မိမိတို့ဘဝကို လွှမ်းမိုးချုပ်ကိုင် ဖန်တီးနေခြင်းမဟုတ်ပါလေ။
ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်စာပေတို့တွင် ဖော်ပြပါရှိသော မြတ် စွာဘုရား၏ အကြောင်းကို ဖတ်ရှုသင့်ပါ၏။ သို့မှသာလျှင် မြတ်စွာဘုရားအကြောင်းကို ပို၍ပို၍ သိလာမည်ဖြစ်ပါသည်။ မြတ်စွာ ဘုရား၏အကြောင်းကို ပို၍သိလာလေ၊ ပို ၍ပို၍ ကြည်ညိုတတ်လာလေ ဖြစ်ပါသည်။ ပို၍ပို၍ ကြည်ညိုတတ်လာသည်နှင့်အမျှ မြတ်စွာဘုရားအကြောင်းကို ပို၍ပို၍ သိချင် လာလေဖြစ်ပါ၏။

မြတ်စွာဘုရားရှင်၏ ရူပ ကာရတော်၊ အပြုအမူတော်၊ ဂုဏ်တော်၊ ဘုန်း တော်၊ ကျေးဇူးတော်များကို ပြည့်ပြည့်စုံစုံ သိရှိမှသာလျှင် မြတ်စွာဘုရားကို ပညာနှင့် ယှဉ်သော သဒ္ဓါတရားဖြင့် ကိုးကွယ်ဆည်း ကပ်တတ်ပေမည်။ သဒ္ဓါတရားဟူသည် ပညာနှင့်ယှဉ်မှသာ သဒ္ဓါစစ် သဒ္ဓါမှန် ဖြစ် ပါ၏။ ပညာနှင့်မယှဉ်သော သဒ္ဓါတရားသည် တုံးတိသဒ္ဓါမျှသာ ဖြစ်လေရာ တုံးတိသဒ္ဓါ လောက်တွင်သာ အဟုတ်ကြီး ထင်မှတ်နေ သော် မိရိုးဖလာဗုဒ္ဓဘာ သာဝင်အဖြစ်မှ မိရိုးဖ လာလွန် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ တက်လှမ်း နိုင်မည်မဟုတ်ပါချေ။

ဗုဒ္ဓဘာသာတွင် သိမြင်နားလည် သဘောပေါက်မှုသည် အရေးကြီးပါ၏။ ဥပ မာအားဖြင့် ဘုရားဂုဏ်တော်များကို ရွတ် ဖတ်သရဇ္ဈယ်ရာတွင်ပင် ဂုဏ်တော်တစ်ပါး ချင်းစီ၏ အနက်အဓိပ္ပာယ်ကို သိမြင်နား လည်ပြီး ရွတ်ဖတ်မှသာ ဗုဒ္ဓနုဿတိဘာဝ နာ ပွားများရာရောက်ပေသည်။ အရဟံဂုဏ် တော်ကို ရွတ်ဖတ်ပွားများရာတွင် ''အရဟံ = ကိလေသာဟူသော အပူအညစ်တို့မှ ကင်း ဝေးစင်ဖြူ၍ လူနတ်တို့၏ ပူဇော်အထူးကို ခံ ယူတော်မူသော မြတ်စွာဘုရား''ဟူ၍ အ ဓိပ္ပာယ်ကိုသိပြီး ပွားများလျှင် မြတ်စွာဘုရား ကို ပို၍ ကြည်ညို တတ်လာပေမည်။ဗုဒ္ဓဘာသာသည် သမ္မာဒိဋ္ဌိနှင့်စ၍ သမ္မာ ဒိဋ္ဌိနှင့်ဆုံးပါသည်။ ဗုဒ္ဓ ဘာသာတွင် အသိအမြင် မှန်ကန်ရေးသည် အလွန် အရေးကြီးပါ၏။ ထို့ကြောင့် လည်း ကျေးဇူးရှင် မိုးကုတ်ဆရာ တော်ကြီးက ''ဒါန နောက်မှလုပ်၊ သီလ နောက်မှလုပ်၊ ဘာဝနာ နောက်မှလုပ်၊ သိ အောင်အရင်လုပ်''ဟု ဆုံးမတော် မူခဲ့ခြင်း ဖြစ်ပါ၏။
ကျေးဇူးရှင် အရှင်ဇနကာဘိဝံ သဆရာတော်ကြီးကလည်း ''သိဖို့က ပထမ ထား၍ သိသည့်အတိုင်း ကြိုးစားအားထုတ် ဖို့ကို ဒုတိယထား၍''ဟု မိန့်တော် မူခဲ့ပါ၏။

သိအောင်အရင်လုပ် ဟူသည် မှာ မြတ်စွာဘုရား၏ တရားဓမ္မများကို နာ ယူခြင်း၊ သင်အံကျက်မှတ်ခြင်း၊ ဖတ်ရှုလေ့ လာခြင်းတို့ပင် ဖြစ်ပါ၏။
မြတ်စွာဘုရား ဟောကြားတော် မူသော တရားတော်များမှာ ပိဋကတ်အား ဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မ ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မြား မြောင်ကျယ်ဝန်းလှပါ၏။

သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံတွင် သုတ္တန်တရားတော်များ သည် လူဝတ်ကြောင်တို့အဖို့စတင်လေ့လာ သင့်သော ဓမ္မဒေသနာတော်များဖြစ်ပါသည်။ ဘုရားဟော မူရင်းပိဋကတ်တော်များကို ကျမ်းတတ်အကျော်ဆရာတော်များက မြန် မာပြန်ထားရာ ပိဋကတ်မြန်မာပြန်ကျမ်းများ ကို ဖတ်ရှုလေ့လာအပ်ပါသည်။ ထိုကျမ်းတို့ က စတင်ဖတ်ရှုလေ့လာသူတို့အတွက် ဖတ် ရှုရသည်မှာ လေးပင်နေမည်ဆိုလျှင် ပိဋ ကတ်မြန်မာပြန်ကျမ်းများကို ခေတ်မီနား လည်လွယ်သော စကားပြေအရေးအသား ဖြင့် အနှစ်ချုပ်ပြန်ဆိုရေးသားထား သော စာအုပ်များကို ဖတ်ရှုလေ့လာသင့်ပါသည်။ ထိုသို့လေ့လာရာတွင် ကြုံသလိုဖတ်ရှုနေ မည့်အစား စနစ်တကျဖြင့် အကြောင်းအရာ တစ်ရပ်ကို ပတ်ပတ်နပ်နပ် သိမြင်သဘော ပေါက်အောင် အချိန်ပေးဖတ်ရှုသင့်ပါ၏။ ဥပမာအားဖြင့် ''မင်္ဂလာတရား ၃၈ ဖြာ'' ''သိင်္ဂါလောဝါဒသုတ်'' ''ဓမ္မပဒ'' စသည့် နေ့စဉ်နှင့်အမျှ လူမှုဘဝတွင် အသုံးချနိုင် ရန် လမ်းညွှန်သွန်သင်ချက်များပါဝင်သော တရားတော်များကို တစ်ခုပြီးဆုံးအောင်ဖတ် ရှုလေ့လာပြီးမှ နောက်အကြောင်းအရာတစ်ခု ကို ဖတ်ရှုလေ့လာသင့်ပါသည်။

လူအတော်များများက ဘဝရပ် တည်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှား နေရသောကြောင့် ဘာသာရေးစာပေများ ကို ဖတ်ရှုလေ့လာချိန်မရဟုဆိုတတ်ကြပါ သည်။ ထိုသူများအတွက် အကြံပြုလိုသည် မှာ မိမိကိုးကွယ်ရာဘာသာတရားကို တကယ် တမ်း သိချင်စိတ်ရှိလျှင် အချိန်ကိုရအောင် ယူတတ်ပါလိမ့်မည်။ နေ့စဉ် ရည်ရွယ်ချက် မည်မည်ရရမရှိဘဲ ပြုန်းတီးလေလွင့်နေသော အချိန်တို့ရှိလေရာ ထိုအချိန်ထဲမှ တစ်နေ့လျှင် မိနစ် ၃ဝမျှအချိန်ပေးမည်ဆိုလျှင် ပေးနိုင် ခြေရှိပါလိမ့်မည်။ နေ့စဉ်မိနစ် ၃ဝမျှအချိန် ယူ၍ ဖတ်ရှုလေ့လာလျှင် နှစ်အတန်ကြာ သောအခါ ဘာသာတရားအကြောင်းကို သိရှိနားလည်လာပါလိမ့်မည်။

မြတ်စွာဘုရား၏ တရားဓမ္မများ ကို နာယူခြင်း၊ ဖတ်ရှုလေ့လာခြင်းသည် ဗုဒ္ဓ ဘာသာဝင်တစ်ဦး၏ ပထမဦးဆုံးမပြုမနေ ရ တာဝန်ပင်ဖြစ်ပါသည်။ သို့တစေ ပထမ ဦးဆုံးတာဝန်ကို ထမ်းဆောင်ရုံမျှဖြင့်မူ ဗုဒ္ဓ ဘာသာဝင်ကောင်းတစ်ယောက် ဖြစ်မလာ နိုင်သေးပါ။ ဘုရားရှင်သည် သူ၏တရား ဓမ္မဒေသနာတော်ကို သတ္တဝါဝေနေယျတို့ သိစေရုံမျှသာ ရည်ရွယ်ပြီး ဟောကြားတော် မူခဲ့ခြင်းမဟုတ်ပါ။ သတ္တဝါဝေနေယျတို့၏ ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးစီးပွားအတွက် လက်တွေ့ လိုက်နာကျင့်ကြံအားထုတ်ကြ စေရန် ရည်ရွယ်ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် မြတ်ဗုဒ္ဓ ၏တရားဓမ္မများကို သိရှိအောင်အားထုတ် ပြီး သိရှိသည်နှင့်အမျှ လက်တွေ့လူမှုဘဝ တွင် လိုက်နာကျင့်ကြံဖို့လိုပါသည်။

ဤတွင် လူအတော်များများက ဝိပဿနာတရားပွားများရှုမှတ်ခြင်း၊ ပုတီး စိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ ဂုဏ်တော်များ ကို ရွတ်ဖတ်သရဇ္ဈယ်ခြင်းစသည်တို့ကိုသာ ဓမ္မကို ကျင့်ကြံအားထုတ်ခြင်းဟု ယူဆပြော ဆိုတတ်ပါ၏။ မှန်ပါ၏။ သို့တစေ ထိုအရာ များ သည်သာ ဓမ္မကိုကျင့်ကြံအားထုတ်ခြင်း မဟုတ်ပါလေ။ စင်စစ်မြတ်စွာဘုရား၏ အ ဆုံးအမတော်များကို နေ့စဉ်လူမှုဘဝတွင် လက်တွေ့ လိုက်နာကျင့်ကြံအားထုတ်ခြင်း မှန်သမျှသည် ဓမ္မကိုကျင့်ကြံခြင်း၊ ဓမ္မနှင့် အညီ နေထိုင်ခြင်းပင်ဖြစ်ပါ၏။

ဥပမာအားဖြင့် (၃၈)ဖြာမင်္ဂလာ တရားတော်လာ ရိုသေထိုက်သူကို ရိုသေ ခြင်း၊ မိမိကိုယ်ကိုယ်နှိမ့်ချခြင်း၊ တင်းတိမ် ရောင့်ရဲခြင်း၊ သည်းခံခြင်းစသော အပြုအမူ များသည် ဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ခြင်း ဖြစ်ပါ၏။ ထိုအတူ သိင်္ဂါလောဝါဒသုတ်လာ သားသမီးဝတ္တရားကျေပွန်ခြင်း၊ မိဘဝတ္တရား ကျေပွန်ခြင်း၊ ဆရာဝတ္တရားကျေပွန်ခြင်း၊ တ ပည့်ဝတ္တရားကျေပွန်ခြင်း၊ လင့်ဝတ္တရားကျေ ပွန်ခြင်း၊ မယားဝတ္တရားကျေပွန်ခြင်း စသော လူမှုရေးဝတ္တရားတို့ကို ကျေပွန်အောင်ဆောင် ရွက်ခြင်းသည်လည်း မြတ်စွာဘုရား၏အ ဆုံးအမတော်များကို လက်တွေ့လိုက်နာကျင့် ကြံအားထုတ်ခြင်းပင်ဖြစ်ပါ၏။

ဝိပဿနာဘာဝနာ ရှုမှတ်ခြင်း တစ်ခုတည်းသာလျှင် ဓမ္မကိုကျင့်သုံးဆောက် တည်ခြင်းမဟုတ်ပါလေ။ ကိုယ်ကျင့်သီလ နှင့် ပြည့်စုံခြင်းသည်လည်း ဓမ္မကိုကျင့်သုံး ဆောက်တည်ခြင်း၊ ဓမ္မနှင့်အညီနေထိုင်ခြင်း ပင်ဖြစ်ပါ၏။ ထို့အတူ ပေးကမ်းစွန့်ကြဲခြင်း၊ လှူဒါန်းခြင်းဟူသော ဒါနကောင်းမှုပြုခြင်း သည်လည်း ဓမ္မကိုကျင့်သုံးဆောက်တည် ခြင်း၊ ဓမ္မနှင့်အညီ နေထိုင်ခြင်းပင်ဖြစ်ပါ၏။

ဒါန၊ သီလ၊ ဘာဝနာဟူသော ဗုဒ္ဓဘာသာတို့၏ ကျင့်စဉ်ကြီးသုံးရပ်ရှိရာ မည်သည့်ကျင့်စဉ်ကို ကျင့်ကြံဆောင်ရွက် စေ၊ ဓမ္မကိုဆောက်တည်ခြင်း၊ ဓမ္မနှင့်အ ညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ပါ၏။ ထို ကျင့်စဉ်ကြီးသုံးရပ်တွင် ဝိပဿနာဘာဝနာ ရှုမှတ်ပွားများခြင်း ဟူသောကျင့်စဉ်သည် ခန္ဓာကိုယ်ကို ဒုက္ခတုံးကြီးအဖြစ် ရွံမုန်းစက် ဆုပ်ကာ ခန္ဓာအသစ် ဘဝအသစ်မဖြစ်လို သူ၊ သံသရာရဟတ်အလည်ရပ်လိုသူယောဂီ တို့၏ ကျင့်စဉ်ဖြစ်ရာ ကျင့်စဉ်ကြီးသုံးရပ် တွင် အမြင့်ဆုံးကျင့်စဉ်ကြီးဖြစ်ပါ၏။

အထက်ပါ ဓမ္မပဒဒေသနာတော် အရ ပိဋကတ်သုံးပုံဟူသော ဘုရားရှင်၏အ ဆုံးအမတော်များကို လေ့လာဖတ်ရှုနာကြား ပြီး သိသည်နှင့်အမျှ လက်တွေ့လူမှုဘဝတွင် လိုက်နာကျင့်ကြံအားထုတ်မှသာလျှင် ဗုဒ္ဓ ဘာသာဝင်ဖြစ်ရကျိုးနပ်ပါလိမ့်မည်။

#TheFlowerNews

No comments:

Post a Comment