Friday, September 26, 2014

MPT ဆင်းမ်ကတ် ဈေးတင်ရောင်းမှု အရေးယူတော့မယ်

MPT ဆင်းမ်းကတ်တွေ ဟန်းဆက်တွေ၊ ငွေဖြည့်ကတ်တွေနဲ့ တွဲရောင်းနေတာ၊ ဈေးတင်ရောင်းတာတွေကို အရေးယူသွားမယ်လို့ ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချနေတဲ့ ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်တွေကို ငွေဖြည့်ကတ်၊ ဟန်းဆက်တွေနဲ့ တွဲဖက်ရောင်းချတာတွေ၊ သတ်မှတ်ဈေးနှုန်းထက် ပိုယူတာတွေကို မလုပ်ဖို့ သတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။ သတိပေးထားပေမယ့် အဲလိုမျိုးတွေ ထပ်ပေါ်ပေါက်လာမယ် ဆိုရင်တော့ ရောင်းချခွင့် ရထားတဲ့ ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေကို ပိတ်သိမ်းသွားမယ်လို့ ဦးဝင်းသန်းက ဆိုပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား ကုမ္ပဏီတွေ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ ပြဿနာတွေ ပေါ်ပေါက်ရင် ဖြေရှင်းဆောင်ရွက်မယ့် ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းထားရှိရေးနဲ့ ၁၅၀၀ ကျပ်တန် MPT ဆင်းကတ်တွေ ဈေးတင်ရောင်းချတာတွေကို ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ သူက ပြန်လည် ဖြေကြားတာပါ။ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ပြဿနာတွေ ပေါ်ပေါက်ရင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန အပြင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖြေရှင်းမယ်လို့ ဦးဝင်းသန်းက ဆက်လက် ရှင်းပြပါတယ်။ အဲဒါ အပြင် ဆက်သွယ်ရေးဥပဒေမှာ ပြဌာန်းပါရှိတဲ့ အမျိုးသားဆက်သွယ်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ကိုလည်း ဖွဲ့စည်း အကောင်အထည်ဖော်မယ်လို့ သူက ပြောပါတယ်။ MPT ဆင်းမ်ကတ်တွေကို စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး လွပ်လပ်စွာ ဝယ်ယူခွင့် ပေးခဲ့ပေမယ့် ဆင်းကတ်တွေကို တရားဝင် ရောင်းချခွင့်ရထားတဲ့ အရောင်းဆိုင် တချို့က ဈေးတင်ရောင်းတာ ငွေဖြည့်ကတ်၊ ဟန်းဆက်တွေနဲ့ တွဲပြီး ရောင်းချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Credit - The Voice

 











No comments:

Post a Comment