ရန်ကုန် စက်တင်ဘာ ၂၃-
ညီ ညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (UNFC) မှ မိမိတို့အဖွဲ့ နုတ်ထွက်ခြင်းကြောင့် အစိုးရနှင့်
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဆွေးနွေးနေသောငြိမ်း
ချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်နိုင် စရာမရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး
(KNU)ဗဟိုကော်မ တီဝင် စောတာဒိုမှူးက ပြောသည်။
KNU အဖွဲ့သည်
ရန်ကုန်ရှိ ကရင်ဘာသာရေးခေါင်းဆောင်များ၊
ပြည်သူလူထုများနှင့်တွေ့ဆုံခြင်းကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်း က
ပြည်လမ်းမရှိ ယုဒသန်ရိပ်သာ တွင်ပြုလုပ်ခဲ့ပြီး KNU အဖွဲ့ UNFC မှ
ယာယီနုတ်ထွက်ရခြင်းအကြောင်း ရင်းကို လူထုကိုရှင်းပြခဲ့သလို တက် ရောက်လာ
သူများကလည်း ယင်း အပေါ်တွင် စိုးရိမ်မိကြောင်း မေး ခွန်းများ
မေးမြန်းခဲ့ကြသည်။
ဗဟိုကော်မတီဝင် စောတာဒို မှူးက ''UNFC က
ထွက်တာနဲ့ NCCT သွားနေတဲ့ Political Trend တစ်ခုလုံးကို ဘာမှထိခိုက်
စရာမရှိဘူး''ဟုပြောသည်။
UNFC သည် သီးခြားရည်မှန်း ချက်တစ်ခုနှင့်
ရပ်တည်နေသည့် အဖွဲ့ဖြစ်ပြီး ယခု NCCT သွားနေ သောလမ်းကြောင်းသည် တိုင်းရင်း
သားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီကို အခြေခံပြီးသွားနေခြင်း၊ လက်ရှိနိုင်ငံ
ရေးအခင်းအကျင်းမှာ လည်း NCCT နှင့် အစိုးရတိုက်ရိုက်ဆွေးနွေးခြင်း ဖြစ်ရာ
စိုးရိမ်စရာမရှိကြောင်း ယင်း က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်မည့် ဗဟိုကော်မတီအစည်း အဝေးကို အောက်တိုဘာ ၂၃ရက် တွင်ပြုလုပ်သွားမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် အကြောင်းကိစ္စတစ်ခု ရှိပါက
အဖွဲ့၁၆ဖွဲ့လုံးကိုခေါ်ယူခြင်း ထက် နိုင်ငံရေးဦးဆောင်မှုရှိသည့် အဖွဲ့အစည်း
ခေါင်းဆောင်များကိုစု ဖွဲ့ကာ ယင်းအဖွဲ့မှအားလုံးကို တာ ဝန်ခံသည့်
ပုံစံမျိုးဖြစ်စေချင်ကြောင်း အဆိုပါ တွေ့ဆုံပွဲ၌ KNU ၏ သ ဘောထားကိုလည်း
တင်ပြခဲ့သည်။
KNU အထွေထွေအတွင်းရေး မှူး ပဒိုစောကွယ်ထူးဝင်း ကလည်း
ကရင်တိုင်းရင်းသား များအနေဖြင့် အမျိုးသားရေးလှုပ်ရှားမှုအတွက် လက်နက်ကိုင်
တော်လှန်မှုမှမဟုတ် ဘဲ လူထုအားလုံး၏ပါဝင်မှုလိုအပ် ကြောင်း ဖိတ်ခေါ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို စက်တင် ဘာ ၂၂ ရက် အစိုးရနှင့် တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များ၏ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ပထမနေ့အပြီး ညနေ ၆
နာရီမှ ၈ နာရီအထိပြုလုပ် ခဲ့ခြင်းဖြစ်ကာ KNU ဥက္ကဋ္ဌ ပဒို စောမူတူးဆေးဖိုး
အပါအဝင် ဗဟို ကော်မတီဝင် ခုနစ်ဦးတက်ရောက်ခဲ့ သည်။
NTDW
#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှကူးယူဖော်ပြပါသည်။)
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
No comments:
Post a Comment