မြန်မာပြည်သူလူထုအ များစုကြီးကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ဘယ်လိုသမ္မတ
အုပ်ချုပ်ဦးမှာလဲ … အမှန် တကယ် ပြည်သူ ကြည်ဖြူရင် သမ္မတဖြစ်ခွင့်ရှိပါတယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ရှိအစိုးရနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဝေါဟာရ(၂)ခုရှိနေပါတယ်။ (၁)က
ဘာလဲဆိုတော့ ပြည်ထောင် စုရွေး ကောက် ပွဲကော်မရှင်ဥက္ကဋ္ဌတဲ့။ (၂)ကဘာလဲဆိုတော့
ရွေးကောက်ပွဲစနစ် လေ့လာရေး ကော်မရှင်ဥက်္ကဋ္ဌတဲ့။ အမှတ်စဉ်(၂)ဖြစ်တဲ့
ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၁၇ရက်၊ ၂၀၁၄နေ့ မှာ
ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးပြီးတဲ့ အချိန်သတင်းမီဒီယာသမားတွေနဲ့
တွေ့ဆုံတုန်းမှာ ပြော လိုက်တဲ့ စကားတချို့ကို
ကြားလိုက်သိလိုက်ရတာကတော့
(က)ပီအာရ်စနစ်အသုံးပြု တာကို ကန့်ကွက် တယ်လို့ ပြည်သူတွေက
ဆန္ဒပြုရေးထိုးထားတဲ့ လက်မှတ်တွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်တဲ့အကြောင်း၊
(ခ) ဆန္ဒ ပြကန့်ကွက်တာတွေ လုပ်နေကြပေမယ့်လည်း ပြည်သူတွေအနေနဲ့ ပီအာရ်စနစ်ကို
အမှန်တကယ် နားလည်တာ မဟုတ်ကြတဲ့အကြောင်း၊ (ဂ)ပြည်သူလူထု အသံဆိုတာ
လက်ခံတယ်။… ပြည်သူလူထုကို လက်ခံတယ်။ ဒါပေမဲ့ ပြည်သူလူထုက တကယ်မသိဘူး။
(ဃ)ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေအများစုဟာ ဖွဲ့စည်း ပုံအခြေခံ
ဥပဒေကို လေ့လာမှုမရှိတဲ့ အတွက် ပုဒ်မ ၄၃၆နဲ့ ၅၉(စ)တို့လို ပုဒ်မတွေကိုလည်း
သိရှိနားလည်ခြင်းမရှိကြဘူး ဆိုတာတွေပဲဖြစ်ပါတယ်။ ဒီလိုကြား
လိုက်သိလိုက်ရတဲ့ အတွက် ပြည်သူလူထုထဲမှာ တစ်ယောက်အပါ အ၀င် ဖြစ်တဲ့
ကျွန်တော့်အနေနဲ့ သိချင်တာလေးတွေ ထပ်ပြီးရှိလာပါတယ်။ အဲဒါကဘာလဲ ဆိုတော့
ရွေးကောက်ပွဲ စနစ်လေ့လာရေး ကော်မရှင်ဥက္ကဋ္ဌကြီးပြော သလိုဆိုရင်
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေအများစုဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေကို
လေ့လာမှုမရှိခဲ့ကြဘဲနဲ့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ၂၀၀၈ခုနှစ်
နာဂစ်မုန် တိုင်းကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးခါစမှာပဲ
အားလုံးကတစ်ခဲနက် ၀ိုင်းဝန်းပြီး ထောက်ခံကြလို့ဆိုပြီး န.အ.ဖ စစ်အစိုးရက
အတည်ပြုလိုက် ပါပြီလို့ နိုင်ငံတကာ နိုင်ငံရေး အသိုင်းအ၀ိုင်းကို
ပြည်တွင်းပြည်ပ မီဒီယာ တွေကတစ်ဆင့် တရားဝင်ကြေညာခဲ့ တာလား ဆိုတာပါပဲ။
ဒါဆိုရင် ကျွန်တော်တို့ မြန်မာပြည် သူလူထုလူဦးရေ အများစုဟာ ကိုယ်ဘာမှ
ဂဃနဏလုံးဝ မလေ့လာရ၊ နားမလည်ကြ၊ မသိကြတာ ကြီးကို ကြိတ်မှိတ်ပြီး တကယ်
ထောက်ခံ ခဲ့ကြတာလား။ တကယ်ကော ထောက်ခံခဲ့ ကြတာဟုတ်ရဲ့လား။ စဉ်းစားစရာရှိလာပါ
တယ်။ ဘာမှ လည်း မလေ့လာ၊ ဘာမှလည်း မသိကြတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ
အများစုဟာ လက်ရှိသမ္မတအပါအ၀င်၊ ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ အပါအ၀င်
““အစိုးရသစ်””ဆိုတာကို ဘယ်လိုအတွေး အမြင်အသိတွေနဲ့ ရွေးချယ် ထောက်ခံ တင်
မြှောက်ခဲ့ကြ တာပါလဲ။ ဒါကိုလည်း စဉ်းစားစရာဖြစ်လာပါပြီ။ ဒီလိုပါပဲ
ကိုယ်နေတဲ့ တိုင်း နဲ့ပြည်နယ် အသီးသီးကို အုပ်ချုပ်စီမံ ကွပ်ကဲမယ့်
ဝန်ကြီးချုပ်တွေ၊ ၀န်ကြီးအဖွဲ့ တွေကိုလည်း လူဦးရေအများစု က ဘယ်လို
အတွေးအခေါ် ဗဟုသု တတွေနဲ့ ရွေးချယ် တင်မြှောက်ခဲ့ကြတာပါလဲ။ ဆန္ဒပြုခဲ့
ကြတာပါပဲ။
ဒါလည်း အရေးကြီးလာ ပြီ ဖြစ်တဲ့စဉ်းစားရမယ့် အချက်တစ်ချက်
ဖြစ် ပါတယ်။ လိုရင်းရှင်းရှင်းပဲ ပြောကြမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဟာ ဘာတွေလဲဆိုတာလည်း မလေ့လာ၊ သိလည်းမသိကြ။ ပြီးတော့ ပီအာရ် အချိုးကျ
ကိုယ်စားပြုစနစ် ဆိုတာကိုလည်း မသိကြ၊ နားမလည်နိုင်ကြသေးတဲ့ ကျွန်တော်တို့
မြန်မာပြည် သူလူထုအများစုကြီးကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ဘယ်လိုသမ္မတ၊
ဘယ်လိုဝန်ကြီးချုပ်နဲ့ ဘယ်လိုဝန်ကြီး၊ ဒုတိ ယ၀န်ကြီးအဖွဲ့တွေက ဆက်ပြီး
အုပ်ချုပ်သွားကြဦးမှာလဲဆိုတာ ထပ်ဆင့် ….ထပ်ဆင့်….စဉ်းစားရမယ့်အ ချိန်
ရောက်လို့လာပါပြီ။ ဒီကြားထဲမှာပဲ မကြာ သေးခင်က (၁၀)ရက်မြောက်ခရီးစဉ် အနေနဲ့
သမ္မတဦးသိန်းစိန်ဟာ ဥရောပ နိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ဂျာမနီနဲ့
နယ်သာလန်နိုင်ငံတွေကို သွားခဲ့ပြန်တယ်။ ဆွစ်ဇာလန် နိုင်ငံ ကို ရောက်တော့
အဲဒီနိုင်ငံမှာ အခြေစိုက်တဲ့ အန်အန်ဇက်သတင်းဌာနက သမ္မတဦးသိန်းစိန်ကိုတွေ့
တယ်။ မေးတ ယ်။ ဒီတော့ သူက ဘာပြောခဲ့လဲဆိုတော့ သူ့အနေနဲ့ ပြည်သူတွေက
လိုလားတယ်ဆိုရင် သမ္မတအဖြစ်နောက် လာမယ့် အစိုးရသက်တမ်းမှာ ဆက်ရှိနေ
နိုင်တယ်လို့ ပြောခဲ့ပြန်တယ်။ ပြည်သူ ဆိုတဲ့စကားက “၂”လုံး တည်း ပါ။ ကြည်ဖြူ
ဆိုတဲ့ “၂”လုံး ထပ်ထည့်လိုက်ရင်တော့ စကားလုံး ”၄”လုံးတည်းရယ်ပါ။
ဒါပေမဲ့သိပ် အဓိပ္ပာယ်ရှိ တဲ့ စကားလုံးတွေ ဖြစ်လာနိုင်ပါတယ်။
““ပြည်သူကြည်ဖြူရင်”” ဆိုတော့ ပိုပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံး
“၅”လုံးဖြစ်သွားမှာပါ။ အခုလို အလျဉ်းသင့် ကြုံကြိုက်တုန်းမှာ စစ်တပ်ရဲ့
ဗိုလ်ချုပ်ကြီးဘ၀ကနေပြီး အမေရိကန် ပြည်ထောင်စုရဲ့ ၃၄ယောက်မြောက်
သမ္မတကြီးဖြစ်လာတဲ့ ဒွိုက်ဒေးဗစ်အိုက် ဆင်ဟောင်ဝါနဲ့ အမေရိကန် ပြည်သူ လူထု
အကြောင်းကို ကျွန်တော်ပြောပြချင်တယ်။ အိုက်ဆင်ဟောင်ဝါဆိုတဲ့
နာမည်ရဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ သံကိုရိုက်တဲ့ အရာဝတ္ထုသံပုဆိန်တဲ့။
အိုက်ဆင်ဟောင် ၀ါရဲ့မွေးနေ့က (၁၄-၁၀-၁၈၉၀) ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု
တက္ကဆက်ပြည်နယ် ဒယ်နီဆန်မြို့သားပါ။ သူကျောင်းေ နတဲ့ အရွယ်က တည်းကစပြီး
သမ္မတကြီးဖြစ်တဲ့အချိန်အထိ သူ့ရဲ့ငယ်သူငယ်ချင်းတွေက “အိုက်”လို့ပဲ
နာမည်အတိုေ ကာက် ခေါ်ခဲ့ကြတယ်။ သူ့ အဖေက ဆောက်လုပ်ရေးအင်ဂျင်နီယာ
တစ်ယောက်ပါ။
ဒါပေမဲ့ အိုက်ဟာ သူ့ကိုယ်သူ အားကိုးစိတ်အမြဲထားခဲ့တယ်။
အထက်တန်းကျောင်းက စာမေးပွဲအောင်တဲ့ အထိ ကျောင်းအားရက်တွေမှာ
သတင်းစာရောင်းသမား၊ မြက်ရိတ်သမား၊ ထောပတ်ချက်တဲ့ စက်ရုံ အလုပ်သမား ဘ၀တွေနဲ့
အသုံးစရိတ်ရှာ ဖွေခဲ့တဲ့ လူငယ်လေးဖြစ်ခဲ့ပါတယ်။ ၁၉၀၉ခုနှစ်မှာ
အထက်တန်းကျောင်း က အောင်တော့ ကန်းဆပ်တက္ကသိုလ် ဆက်တက်ဖို့ ထောပတ်ချက်တဲ့
စက်ရုံမှာ အလုပ်လုပ်ပြီး ငွေစုတယ်။ ၁၉၁၀ပြည့်နှစ်မှာ ရေတပ် တက္ကသိုလ်
တက်ဖို့ပဲ။ ၀င်ခွင့်မရတာနဲ့ ကြည်းတပ်နဲ့ဆိုင်တဲ့ ၀က်စ်ပွိုင့်စစ်
တက္ကသိုလ်ကို တက်ခဲ့ရတယ်။ ၁၉၁၅ခုနှစ်မှာ ဘွဲ့ရတယ်။ ပြန်တမ်းဝင်အရာရှိ
ဒုဗိုလ် အဆင့်နဲ့ကြည်းတပ်မှာ တာဝန်ထမ်းဆောင် တယ်။ အမှတ် ၁၉ခြေလျင် တပ်မှာ
ပါ။ (၁-၇-၁၉၁၆)နေ့ မှာ ဗိုလ်အဆင့်တိုး မြှင့်ခန့်အပ်ခံရ တယ်။ အဲဒီနေ့မှာပဲ
ချစ်သူ မိန်းကလေးနဲ့ လက်ထပ်ခဲ့တယ်။ စက်တင်ဘာလ ၁၉၁၇မှာ အရာရှိ သျင်တန်းဌာန
ရဲ့ လေ့ကျင့်ရေးအရာရှိ တာဝန် ယူခဲ့ရ တယ်။ ၁၉၁၈ခုနှစ်မတ်လမှာ
ဗိုလ်ကြီးရာထူးနဲ့ သံချပ်ကာကားတပ်မှာ တာဝန်ယူရတယ်။ ဗိုလ်မှူးကြီး အဆင့် အထိ
ရာထူးတွေရခဲ့သလို ၁၀နှစ် သက်တမ်းထဲမှာပဲ စစ်မှုထမ်း ကောင်း တံဆိပ်ရခဲ့တယ်။
၁၉၂၂ခုနှစ်က ၁၉၂၄ ခုနှစ်ထဲမှာ ပနားမားတူးမြောင်းဒေသ
တပ်စခန်း၊ကော်လိုရာဒိုတပ်စခန်းတွေမှာ တာဝန်ယူခဲ့ရတယ်။ ၁၉၂၅ ခုနှစ်မှာ
စစ်ဦးစီးအရာရှိသင်တန်းကို ပထမအဆင့်နဲ့ အောင်မြင်ခဲ့တယ်။
၁၉၂၉မှာ
ဝါရှင်တန် ကြည်းတပ် စစ် တက္ကသိုလ်က အောင်မြင်ခဲ့တယ်။ စစ်စခန်းလမ်းညွှန်
စာအုပ်ပြုစုဖို့ ပြင်သစ်နို င်ငံကိုသွားရတယ်။ ၁၅နှစ် အကြာမှာ
လမ်းညွှန်စာအုပ် ရေးခဲ့တယ်။ ၁၉၃၀ပြည့်နှစ်မှာ ဗိုလ်ချုပ်ကြီး မက်အာသာနဲ့အတူ
အနီးကပ် တာဝန်ထမ်း ဆောင်ခဲ့ရတယ်။ ၁၉၃၅ခုနှစ်မှာ ဖိလစ်ပိုင်ကျွန်းကို
ရောက်တယ်။ ဗိုလ်ချုပ်ကြီးမက်အာသာရဲ့ လက်ထောက် အရာရှိတာဝန်ထမ်းဆောင် ရတယ်။
ဖိလစ်ပိုင် စစ်တက္ကသိုလ်ဖွင့်တာ ကူညီခဲ့တယ်။ ဖိလစ်ပိုင် ကျွန်းမှာပဲ
လေယာဉ်မောင်းအတတ်ပညာကို သင်ယူခဲ့တယ်။ ၁၉၃၉ခုနှစ်မှာ အမေရိကန်ကို ပြန်
ရောက်တယ်။ ၁၉၄၀ပြည့်နှစ်မှာ အမှတ် ၉တပ်မစစ်ဦးစီးမှူးဖြစ်လာတယ်။ ၁၉၄၁
ခုနှစ် ဇွန်လမှာ ဌာနပြောင်းရပြီး စက်တင် ဘာလမှာ ဗိုလ်မှူးချုပ်ဖြစ်လာတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တော့ ပစိဖိတ်ဒေသရဲ့ ကာကွယ်ရေးကို တာဝန်ယူရ တယ်။ ၁၉၄၂
ခုနှစ် မေလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးတာဝန်နဲ့ လန်ဒန်မြို့ကိုသွားရတယ်။
၁၀ရက်အကြာ အမေရိကကို ပြန်ရောက်တော့ ဥရောပစစ်မျက်နှာ မဟာမိတ်တပ်တွေရဲ့
ဦးစီးတာဝန်ကို ယူရတယ်။ ၁၉၄၃ ခုနှစ်မှာ မဟာမိတ် တပ်ပေါင်းစုရဲ့
ဦးစီးချုပ်တာဝန်ကို ယူရတယ်။ နိုဝင်ဘာ ၁၉ရက်၊ ၁၉၄၅နေ့မှာ အမေရိကန်
တပ်မတော်ရဲ့ စစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ရတယ်။
စစ်တပ်က
အငြိမ်းစားယူခဲ့ပြီး (၁၂-၁၀-၁၉၄၈)နေ့မှာ နယူးယောက်မြို့မှာရှိတဲ့ ကိုလံဘီယာ
တက္ကသိုလ်ရဲ့ အဓိပတိခန့်ထားခြင်းခံရတယ်။ ဒုတိယကမ္ဘာ စစ်ပွဲအတွေ့ အကြုံတွေကို
စုပေါင်းပြီး စာအုပ်ရေးတယ်။ စာအုပ်နာမည်က ““ဥရောပစစ်ပွဲများ””ဖြစ်ပါတယ်။
စာမူခငွေ ဒေါ် လာ ၆သိန်း ကျော်ရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ
သူ့ကို လေးစားယုံကြည်မှု ရှိလာကြတဲ့ အမေရိကန် ပြည်သူလူထုက အထွေထွေရွေး
ကောက်ပွဲကြီးမှာ သမ္မတနေရာက၀င်ပြီး အရွေးခံစေချင်တဲ့ ဆန္ဒရှိလာကြ တယ်။
ရီပတ်ဗလီကင်ပါတီက ၀င်ပြီး အရွေးခံစေ ချင်ကြတယ်။ ဒါပေမဲ့ စစ်တပ်အငြိမ်းစား
ဗိုလ်ချုပ်ကြီး အိုက် ဆင်ဟောင်ဝါက တရားဝင်ငြင်းဆိုခဲ့တယ်။ ဇန်န၀ါရီလ ၂၃ရက်၊
၁၉၄၈ နေ့မှာ ငြင်းဆိုခဲ့တာဖြစ် တယ်။ နိုင်ငံရေး ထဲဝင်ဖို့
ဆန္ဒမရှိသေးတာမို့ သူ့ကို သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခဲ့ရင်လည်း သူ့အနေနဲ့
လက်ခံမှာ မဟုတ်တဲ့ အကြောင်း ပြည်သူလူထုကို အသိပေးခဲ့တယ်။
ဒီအတောအတွင်းမှာပဲ ၁၉၄၉ခု ကျတော့ တွဲဖက်စစ် ဦးစီးအဖွဲ့ရဲ့
သဘာပတိတာဝန်၊၁၉၅၀ပြည့်နှစ် ကျတော့ နေတိုး
တပ်ဖွဲ့စစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန် တွေကို ထမ်းဆောင်ခဲ့ရပြန်တယ်။
အမေရိကန်ပြည်သူလူထုက ဇွဲမလျှော့ကြသေးဘဲ သူ့ကို သမ္မတနေရာ ၀င်ပြီး
အရွေးခံဖို့ ၀ိုင်းဝန်းဆန္ဒပြု တောင်းဆိုကြပြန်တယ်။ ဒါကြောင့်
သူဟာပြည်သူလူထုကို ငဲ့ကွက်ပြီး ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမှာ
ဝင်အရွေးခံခဲ့ရတယ်။ (၂၀-၁-၁၉၅၃)နေ့မှာသူဟာ သမ္မတကြီးဖြစ်လာ ခဲ့ပါ တယ်။
ရီပတ်ဗလီကင်ပါတီက ၀င်ပြီး အရွေးခံခဲ့တာပါ။ ၁၉၅၆ခုနှစ်မှာ သူ့ရဲ့
သမ္မတသက်တမ်းစေ့ သွားတော့ ရွေးကောက်ပွဲ လုပ်ပြန်တဲ့အခါ ပြည်သူလူထုရဲ့
တစ်ခဲနက်ထောက်ခံမဲပေးမှုနဲ့ မဲအပြတ် အသတ်နိုင်ပြီး အမေရိကန် ပြည်ထောင်စုရဲ့
သမ္မတကြီးအဖြစ် ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်တာ ခံခဲ့ရပြန်တယ်။ ဒါဟာ
ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးပဲ ဖြစ်တယ်။ သမ္မတကြီး အိုက်ဆင်ဟောင်
ဝါဟာ(၂၈-၃-၁၉၆၉)နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့
ဘယ်နိုင်ငံမှာမဆို အမှန်တ ကယ်ပြည်သူ ကြည်ဖြူရင် သမ္မတ ဖြစ်ခွင့်ရှိပါ တယ်။
အမှန်တကယ်ဆိုတဲ့ စကားကအများကြီး အဓိပ္ပာယ်ရှိပါတယ်။ မမှန်မကန် မဟုတ်တဲ့
သဘောပါ။ ပြည်သူ့နှလုံးသားရဲ့ နှုန်းထားအမှန်ကို ဘယ်ပေတံ၊ ဘယ်စံညွှန်းတွေနဲ့
တိုင်းတာကြမလဲ။ လူအချင်းချင်း လှည့် ပတ်ခြင်း ပေတံနဲ့တော့ တိုင်းတာလို့
ဘယ်တော့မှ ရနိုင်ကြမှာ မဟုတ်ပါဘူး။
Credit - Myanmartandawsint Newspaper
No comments:
Post a Comment