Friday, September 26, 2014

နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် အားပျော့လာသော မြန်မာပြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

မြန်မာစစ်အစိုးရလက်အောက်က နေ ကမ္ဘာသို့လမ်းဖွင့်ပေးခဲ့ပြီး ၂ နှစ်ခန့်အကြာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြောင်းလဲမှုများသည် အခက်အခဲများနှင့်ရှိနေဆဲဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
အာရှ၏ နောက်ဆုံးစီးပွား ရေးရှေ့တန်းမျက်နှာခေါင်းစဉ် ဖြင့် မြန်မာနိုင်ငံက စီးပွားရေးလုပ် ငန်းများတွင် အမေရိကန်လုပ်ငန်း ရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြရန်  ဆွေးနွေးဖလှယ်ပွဲကို မြန်မာအစိုးရက စက်တင်ဘာ ၂၄ ရက်တွင် နယူးယောက်မြို့၌စီစဉ်ကျင်းပရာတွင် ဦးစိုးသိန်းက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် မြန်မာ နိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကတည်းက အစော ဆုံးရင်းနှီးမြှုပ်နှံခဲ့သော စီးပွားရေး လုပ်ငန်းရှင် ဂျော့ဆိုးရော့စ်က လာ မည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြုပြင်ပြောင်းလဲရေးများ နှေးကွေးနေခြင်းကြောင့် ၎င်းအနေဖြင့် စိတ်ပူပန်မိခဲ့သည်ဟု ဆိုသည်။
 သို့ရာတွင်  နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် အရှေ့ တောင်အာရှ၏ ဈေးကွက်သစ် မြန်မာတွင် မြှုပ်နှံသင့်ကြောင်း ယုံကြည်နေဆဲဟု ပြောကြားသည်။
မြန်မာပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ချိုင့်ခွက်ထူသောလမ်းတွင် ကား မောင်းနေရသည်နှင့်တူသည်ဟု ဆိုပါသည်။
မြန်မာ၏ရှုပ်ထွေးသော မြေ ပိုင်ဆိုင်မှုစည်းမျဉ်းများနှင့်ပတ် သက်ပြီး လာမည့်နှစ်တွင်ပြုပြင် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
‘‘ခြောက်လကနေ တစ်နှစ် အကြားမှာ မြေယာမူဝါဒနှင့်ပတ် သက်တဲ့၊ ပြည့်စုံတဲ့ဥပဒေ ရှိလာ မယ်လို့ ထင်ပါတယ်။ အဲဒါပြီး ရေနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်း လဲရေးလုပ်ရဦးမှာပါ။ ဒါက စိုက် ပျိုးရေး၊ သစ်တောနှင့် စက်မှုလုပ် ငန်း ထွန်းကားလာရေးအတွက် တကယ့်အရေးကြီးတဲ့ကိစ္စပါ’’
အမေရိကန်က မြန်မာကို စီးပွားရေး ပိတ်ဆို့မှုများရပ်ဆိုင်းထားသော်လည်း အားလုံးကို လုံးဝဖယ်ရှားခြင်းတော့ မဟုတ်။ မြန်မာ၏အချက်အချာစီးပွားရေး များမှာ အမေရိကန်၏ ပိတ်ဆို့မှု အမည်ပျက်စာရင်းအောက်တွင်ရှိ နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံ သားနှင့် ကုမ္ပဏီများမှာ အဆိုပါ အမည်ပျက်စာရင်းဝင်သူများနှင့် စီးပွားရေးလုပ်ခွင့်မရှိရန် တားမြစ် ထားသည်။
စစ်တပ်နှင့် စီးပွားရေးလက် ဝါးကြီးအုပ်ခြင်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ခြင်းများ ကြောင့် မြန်မာနိုင်ငံသား စီးပွား ရေးလုပ်ငန်းရှင်အချို့နှင့် ကုမ္ပဏီ များကို အဆိုပါ အမည်ပျက်စာ ရင်းတွင် တွေ့နိုင်ပါသည်။
‘‘ပြုပြင်ပြောင်းလဲရေးတွေ ရပ်ပြီး ဘာမှမရှိတာထက်စာရင် တော့ ကောင်းတာပေါ့လေ။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ရုပ်သိမ်းပေးစေချင်ပါတယ်’’ဟု ဦးစိုးသိန်းက ပြောကြားသည်။
ထိုအခြေအနေတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည် အနေဖြင့် သမ္မတ အဖြစ် အရွေးချယ်မခံနိုင်ဘဲ ရွေး ကောက်ပွဲဝင်မည်လားဆိုသည့် နိုင်ငံရေးမသေချာမှုများက ရှိနေ သည်။ စစ်အစိုးရရေးဆွဲခဲ့သည့် အခြေခံဥပဒေက ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတအဖြစ် မရွေး နိုင်အောင် ကန့်သတ်ထားသည်။ မြန်မာ့နိုင်ငံရေးစနစ်အရ လွှတ် တော်ကသာ သမ္မတရွေးချယ်ခွင့် ရှိသည်။
ဝန်ကြီး ဦးစိုးဝင်းနှင့်အတူ ထိုင်ပြီး စည်းဝေးပွဲမှာ ဆွေးနွေးခဲ့ သည့် ဂျော့ဆိုးရော့စ်ကတော့ အဆုံးထိ သူဆက်လုပ်သွားမည်ဟု ဆိုသည်။ ပြုပြင်ပြောင်းလဲမှုများ သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့် အထိ တကယ့်ကိုထူးခြားသော အတွေ့အကြုံဟု ဆိုသည်။
‘‘အခြေအနေတွေက တဖြည်းဖြည်း နှေးကွေးလာတယ်။ ဘာလို့လဲဆိုတော့ နောက်နှစ်က ရွေးကောက်ပွဲက အရိပ်ထိုးနေ တာကိုး။  ရွေးကောက်ပွဲပြီးရင် တော့ အသစ်ကပြန်စနိုင်မယ်လို့ ထင်တယ်။ ပြန်စဖို့ လိုနေပါပြီ’’
မြေယာသိမ်းမှုများကလည်း ရှိနေဆဲဖြစ်ပြီး အမေရိကန်ကုမ္ပဏီ များအနေဖြင့် နာမည်ပျက်စာရင်း ထဲပါသောသူများနှင့် ပိုင်ဆိုင်မှု များကို မပတ်သက်မိစေရန် ဂရု စိုက်ဖို့လိုသည်ဟု သူက ပြော သည်။ ထို့အတူ ၂၀၁၂ မှာ လူရာ ချီသေဆုံးခဲ့သော လူမျိုးရေး အကြမ်းဖက်မှုများကိုလည်း သူကစိုးရိမ်ကြောင်း ဂျော့ဆိုးရော့စ်က ပြောကြားသည်။
သို့ရာတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဒေါ်လာ ၅ ဘီလီယံ အထိရှိမည်ဟု  အစိုးရမျှော်မှန်း ထားသည့်မြန်မာကို နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် လျစ်လျူရှု၍မရနိုင်ဟု ၎င်းက ပြောကြား သည်။
ဂျော့ဆိုးရော့စ်ကိုယ်တိုင် ဦးသိမ်းဝေခေါ် ဆာ့ခ်ျပန်းဦးဆောင် သည့် Spa ကုမ္ပဏီ၏အုပ်စု စီးပွား ရေးလုပ်ငန်းများမှာ ဒေါ်လာသန်း များစွာကိုရင်းနှီးမြှုပ်နှံထားသည်။ သို့သော် တိုက်ရိုက်တော့မဟုတ် ပါ။ ‘‘ဘဏ်၊ ငွေကြေးနဲ့ စိုက်ပျိုး ရေးကဏ္ဍတွေမှာလုပ်ဖို့ ကျွန် တော်တို့စိတ်အားထက်သန်တယ်။ အဲဒီနေရာမှာ နိုင်ငံနဲ့ လူမျိုးတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးလိုနေတယ်လို့ ခံစားမိတယ်’’ ဟု ဆိုးရော့စ်က ပြောသည်။
(ရိုက်တာသတင်းဌာနမှ DANIEL BASES ရေးသားသော Myanmar investment message under-mined by politics, sanctions သတင်းကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
 
Credit - 7DAY DAILY

 
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

No comments:

Post a Comment