မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ)ကို မပြင်နိုင်ရင် NLD အနေနဲ့ သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံတယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး NLD ပါတီက ဦးဟံသာမြင့်နဲ့ ဦးဉာဏ်ဝင်းတို့က စက်တင်ဘာ ၂၃ရက်မှာ တရားဝင် ငြင်းဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ဒေါ်အောင်ဆန်းစုကြည်နောက် နံပါတ် ၂ဘယ်သူဆိုတာ လုပ်ထားတာ မရှိတဲ့အကြောင်း တကယ်လို့ ၅၉(စ)ကို ပြင်မပေးရင် သမ္မတရွေးတဲ့အခါမှာ သူ့အနေနဲ့ သမ္မတဆိုတာ လွှတ်တော်အမတ်လည်း ဖြစ်စရာမလိုဘူး၊ NLD ထဲက အမတ်မဟုတ်တဲ့ တစ်ယောက်ကိုလည်း
တင်လို့ရသလိုNLD က
မဟုတ်ရင်လည်း ကိုယ်နဲ့စဉ်းစားတာ တူတဲ့သူ၊ လမ်းကြောင်းခြင်း တူတဲ့သူဆို
ဘယ်သူမဆို တင်လို့ရတယ်လို့ ပြောခဲ့တာပါလို့ ဦးဟံသာမြင့်က ကမာရွတ်မီဒီယာကို
ရှင်းပြပါတယ်။
သူ့အနေနဲ့
သူရဦးရွှေမန်းနဲ့ပတ်သက်ပြီး ပြောခဲ့တာ မရှိဘဲ ရိုက်တာသတင်းထောက်
ဦးအောင်လှထွန်း ဖုန်းဆက်ပြီး အတည်ပြုချက်ယူချိန်မှာ ယေဘူယျသဘောမျိုး
ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းမှာလည်း
တိုက်ရိုက်ကိုးကားတဲ့စကားတွေ မမှားပေမယ့် အကြောင်းအရာက သူပြောခဲ့သလို
ဖြစ်နေပုံမို့ ရှင်းလင်းချက်ပြန်ထုတ်ထားတယ်လို့  ဦးဟံသာမြင့်က ဆိုပါတယ်။
ဦးဉာဏ်ဝင်းကလည်း
သူ့အနေနဲ့ စစ်တပ်က ယူနီဖောင်းချွတ်ပြီး သမ္မတလုပ်နေတဲ့ကိစ္စ
မြန်မာနိုင်ငံမှာ လက်ရှိ ဘယ်သူမှလက်မခံတာကြောင့် ဒီလိုအခြေအနေမျိုး
ဘယ်တော့မှ မလုပ်ဘူးလို့ပဲ ဖြေခဲ့တာဖြစ်ပြီး ဦးရွှေမန်းကို ထောက်ခံမယ်လို့
မပြောခဲ့ဘူးလို့ ပြန်ရှင်းပြပါတယ်။
NLD ဗဟိုအလုပ်မှုဆောင်
နှစ်ယောက်စလုံး ရိုက်တာသတင်းဌာနကို ပြောခဲ့တာဟာ ဦးရွှေမန်းကို
ရည်ညွှန်းပြီးပြောတာမဟုတ်ဘဲ သတင်းအောက်ဆုံးမှာ ဦးဉာဏ်ဝင်းက သူရဦးရွှေမန်းဟာ
အသင့်တော်ဆုံးလို့ ပြောခဲ့တာ လုံးဝမရှိဘဲ ဖြစ်နိုင်ခြေရှိမရှိ
စဉ်းစားစေချင်ပါတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ကမာရွတ်မီဒီယာကို
ရှင်းပြပါတယ်။
Credit - Kamayut Media
No comments:
Post a Comment