ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးတွင် အလှူရှင်လည်းဖြစ်၊ ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ခဲ့သူ ပဲခူးရွှေအုန်းပင်မြန်မာထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ယနေ့ စက်တင်ဘာ ၂၅ရက်နေ့က ၎င်း၏ဆိုင်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဓမ္မစေတီခေါင်းလေင်းကြီးတွေ့ပြီ၊ နဂါးများက မီးပူဇော်နေသည် စသည်ဖြင့်
ပြောခဲ့သူမှာ ဦးစံလင်းသာဖြစ်ကြောင်း၊ နောက်ဆုံး ခေါင်းလေင်းကြီးအား
မတွေ့ရှိတော့မှ ဟိုလူ၊ ဒီလူပြောသည်ဟု လွှဲချနေကြောင်း မီဒီယာများအား
ရှင်းလင်းပြောကြားခဲ့သည်။
ဆိုခဲ့သော လိမ်ညာမှုများကြောင့် ဦးစံလင်းနှင့် ၎င်းတို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း၊ သမိုင်းပညာရှင်များက အထောက်အထားမရှိဘူးပြောပေါစေ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်း၊ ဒေါပုံမြစ်နှင့် ပဲခူးမြစ်ဆုံအနီးတ၀ိုက်တွင် ရှိကိုရှိရမည်ဟု ယုံကြည်ကြောင်း၊ ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ၆၂ရက်ကြာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရှာဖွေရာတွင် ဦးစံလင်းကဲ့သို့ နတ်၊ နဂါး စသည့်
ဂမ္ဘီရလမ်းစဉ်သက်သက်ဖြင့် မဟုတ်ဘဲ ၀ိဇ္ဖာနည်း(ဂမ္ဘီရနည်း) ၅၀%၊ သိပ္ဗံနည်း ၅၀%
ပေါင်းစပ်၍ ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment