မန္တလေးမြို့ရှိ
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ယခုရက်ပိုင်းအတွင်း တက်ရောက် ကုသသည့်
ကလေးလူနာအရေအ တွက် ပုံမှန်ထက်နှစ်ဆခန့် မြင့် တက်နေကြောင်း သတင်းရရှိ သည်။
ယခင်ရက်များက ကလေး ဆေးရုံကြီးသို့ နေ့စဉ်ပျမ်းမျှ လူနာလေးဆယ်ခန့်တက်ရောက်နေ လေ့ရှိရာမှ မန္တလေးမြို့နှင့် အနီး တစ်ဝိုက်မိုးများပြီး ရေကြီးရေလျှံ များဖြစ်ပေါ်ပြီးနောက်ပိုင်း ၀မ်း လျှော၊ ၀မ်းပျက်၊ ဖျားနာနှင့် သွေးလွန်တုပ်ကွေးရောဂါသံသယရှိ သည့် ကလေးလူနာများ တစ်ရက် လျှင် ပျမ်းမျှ ၈၀ ဦးဖြင့် တက် ရောက်ကုသလျက်ရှိကြောင်း ယင်းဆေးရုံကြီးမှ ဆေးလူမှုဆက် ဆံရေးအရာရှိ ဦးကျော်မြင့်က ပြောသည်။
‘‘မန္တလေးမြို့နဲ့ အနီးတစ် ၀ိုက်က ဆင်ခြေဖုံးတွေမှာနေတဲ့ ကလေးတွေတက်လာကြတာများ တယ်။ အရင်က အလယ်ခုံတွေ မထားရတာကနေ အခုအလယ် ခုံတွေထားနေရပြီ’’ဟု ဦးကျော် မြင့်က ပြောသည်။
နေ့စဉ်ပုံမှန်တက်ရောက် သည့် လူနာများနှင့် ဆေးရုံမှဆင်း သည့် လူနာများအသီးသီး ရှိနေပြီး ပျမ်းမျှနေ့စဉ် ဆေးရုံတက်ရောက် နေသူ လူနာပေါင်းသုံးရာမှ လေးရာကြားရှိသည်ဟု ယင်းဆေးရုံကြီးရှိ မှတ်တမ်းများတွင် ဖော်ပြထား သည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေး ရုံကြီးတွင် တက်ရောက်ကုသ ခြင်းမရှိဘဲ ပြင်ပလူနာအဖြစ်လာ ရောက်ပြသသည့် ကလေးလူနာ အရေအတွက်မှာ ယခင်က နေ့စဉ်ပျမ်းမျှ ငါးဆယ်ဦးခန့်သာရှိသော် လည်း ယခုရက်ပိုင်းတွင်မူ နေ့စဉ် ပျမ်းမျှ လူနာတစ်ရာဝန်းကျင်ခန့် ရှိနေကြောင်း ယင်းဆေးရုံကြီးမှ သတင်းရရှိသည်။
Credit - 7DAY DAILY

No comments:
Post a Comment