Thursday, September 25, 2014

မုံရွာ(တကသ)များကွန်ရက် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ

 ပြည်ထောင်စု လွှတ် တော်မှ အတည်ပြုလိုက်သောအ မျိုးသားပညာရေးဥပဒေနှင့်ပတ် သက်သည့် သဘောထားကြေညာ ချက်တစ်စောင်အား သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သော်လည်း သက်ဆိုင်ရာက တောင်းဆိုချက် ကို လျစ်လျူရှုငြင်းပယ်ထားသ ဖြင့် တက္ကသိုလ်ကျောင်းသားသမ ဂ္ဂ(တကသ)များကွန်ရက်-မုံရွာ က စက်တင်ဘာ ၂၄ ရက် ညနေတွင် မုံရွာတက္ကသိုလ်ဝင်၊ ထွက်ပေါက်များ၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘အခုဆန္ဒပြတာမဟုတ်ပါ ဘူး။ ဒီမိုကရေစီပညာရေးစံချိန်စံ ညွှန်းတွေ ပညာရေးလွတ်လပ်ခွင့် နဲ့ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာထိခိုက်စေတဲ့ အ ချက်တွေ  ပါဝင်နေတဲ့အတွက် အားလုံးက တောင်းဆိုခဲ့တာကို လျစ်လျူရှု ငြင်းပယ်ထားပါတယ်။
အခုအချိန်က ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆို နေတဲ့အချိန်ဖြစ်တဲ့အတွက် လူ နည်းတယ်။ ကျောင်းသုံးကျောင်း က စုပေါင်းပြီး မုံရွာတက္ကသိုလ် ၀င်ပေါက်၊ထွက်ပေါက်တွေမှာပြီး ခဲ့တဲ့ သြဂုတ်လ ၂၉ ရက်တုန်း က ထုတ်ပြန်ကြေညာခဲ့တဲ့အမျိုး သားပညာရေးဥပဒေနဲ့ ပတ်သက် တဲ့သဘောထားစာရွက်တွေကို ဖြန့်ဝေခဲ့ပါတယ်’’ဟု မုံရွာတက္က သိုလ်ကျောင်းသားများသမဂ္ဂ(တ ကသ)များအဖွဲ့မှ ကိုဝေမိုးနိုင်က ပြောကြားခဲ့သည်။
အမျိုးသားပညာရေးဥပဒေ သည် မြန်မာနိုင်ငံ၏ပညာရေးက ဏ္ဍတွင်သာမက တစ်မျိုးသားလုံး ၏ အနာဂတ်ကံကြမ္မာနှင့်ပါတိုက် ရိုက်သက်ဆိုင်နေသော အရေး ကြီးသည့် ဥပဒေတစ်ရပ်ဖြစ် သည်။  ထိုသို့တစ်မျိုးသားလုံး၏ အနာဂတ်ကံကြမ္မာနှင့်တိုက်ရိုက် သက်ဆိုင်နေသော အမျိုးသားပ ညာရေးဥပဒေတွင် ဒီမိုကရေစီစံ ချိန်စံညွှန်းများ၊ ပညာရေးလွတ် လပ်ခွင့်၊ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသောအချက်များ ပါဝင်သည့် အပြင် ကျောင်းသားများ၊ ဆရာများ၊ပ ညာရှင်များနှင့် မိဘပြည်သူများ၏ တောင်းဆိုချက်များကိုလျစ်လျူရှု ငြင်းပယ်ထား၍ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များကွန်ရက်-မုံရွာမှကန့်ကွက်  ကြောင်း သဘောထားကြေညာချက်တစ်စောင်ကို သြဂုတ် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
Credit - 7DAY DAILY

 
မုံရွာတက္ကသိုလ်ဝင်ပေါက်ရှေ့တွင် ကန့်ကွက်ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

No comments:

Post a Comment