လူသားတို့တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံတရားမျ
အဲဒီလိုကွာခြားမှုတွေရှိပေမယ
အဲဒီပုံပြင်လေးကိုဖော်ပြနို
ရှေးအခါက ပါဋလိပုတ်မြို့တော်ကြီး၌ ဓမ္မာသောကမင်းကြီး စိုးစံနေပါတယ်။ မြို့တော်ကြီးဘေးတွင် အညာဒေသ မှ မြစ်ဖျားခံစီးဆင်းလာသော ဂင်္ဂါမြစ်ကြီးရှိပြီး မြစ်ရေသည် ထူးထူးခြားခြား တဖြည်းဖြည်းတိုးလာတယ်။ မြစ်အောက် ကျတဲ့ မြို့ရွာတွေမှာ မြစ်ရေတိုးပြီး တာတမံကျိုးကာ လယ်ယာ၊ အိုးအိမ်၊ ကျွဲ၊ နွား၊ လူသတ္တဝါတွေလည်း ဒုက္ခရောက် နိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။
ဘုရင်ကြီးလည်း မြစ်ရေတိုးတာကိုကာကွယ်နိုင်
''အချင်းအမတ်တို့၊ ဒီဂင်္ဂါမြစ်ရေကို အညာကို တစ်ဖန်ပြန်စီးအောင် စွမ်းနိုင်သောသူ တစ်စုံ တစ်ယောက်သောသူ ရှိသလော''ဟု မေးပါတယ်။
အမတ်ကြီးများက ''မင်းကြီး ဒီကိစ္စက ပြုနိုင်ခဲပါတယ်''လို့ ခေါင်းငုံ့ပြီး လျှောက်တင်ကြတယ်။
အဲဒီအချိန်တွင် ဂင်္ဂါမြစ်ကမ်းနဖူးပေါ်တွင် ငွေလွှာခါးဝတ်တန်ဆာကိုဝတ်ဆင်
ငယ်ရွယ်ချောမောတဲ့မိန်းမပျု
ထိုအချိန်မှာ မင်းကြီးက ထိုမိန်းမပျိုမှာ နှစ်လိုဖွယ်အဆင်းရှိပြီး သူဌေး၊ သူကြွယ်တစ်ဦး၏ သမီးလော၊ မင်းမျိုး မင်းနွယ် အခြားဘုရင်တို့၏သမီးလောဟု အမတ်ကြီးများကို မေးမြန်းတယ်။
အမတ်ကြီးတွေက ''အရှင်မင်းကြီး ဒီမိန်းမပျိုလေးသည် သူဌေးသူကြွယ်သမီးလဲ မဟုတ်၊ မင်းသမီးလဲ မဟုတ်၊ မြို့တော်အတွင်းမှာ ကာမအရာကို အသပြာနှင့်ဖောက်ကားနေသော ဗိန္ဒုမတီ ပြည့်တန်ဆာမလေးဖြစ်ပါတယ်''လ
ကာမဂုဏ်လိုက်စားသောမြို့သား
ရှေးဘုရင်များလက်ထက်တွင် ပြည့်တန်ဆာတို့အား ပျော်ပါးလိုကြပေမယ့် ပျော်ပွဲရွှင်ပွဲမင်းပွဲများ
ထိုအခါ မင်းကြီးသည် မိန်းမပျိုလေးကိုချီးကျူးမိ
ဗိန္ဒုမတီပြည့်တန်ဆာမလေးမှာ ရေစပ်နားတွင် စကားဆိုပြီး ရေကို သူမရဲ့လက်နဲ့ ကိုင်လိုက်သည်နှင့်တစ်ပြိုင
''ယုတ်မာတဲ့ ကိလေသာအမျိုးသမီးမှာ တန်ခိုးသတ္တိနဲ့ပြည့်စုံတဲ့ နတ်ကောင်းနတ်မြတ်တွေ ယှဉ်ကပ်နိုင်မှာမဟုတ်'' ဟု လူတွေက ရုတ်ရုတ်သဲသဲပြောဆိုကြတယ်။
မင်းကြီးလည်း ''အမတ်တို့ ဒီမိန်းမယုတ်က ဘာကြောင့် ဂင်္ဂါရေကို အညာသို့ပြန်စီးအောင်လုပ်နို
မှူးမတ်ကြီးတို့လည်း ဘုရင့်အလိုအတိုင်း စုံစမ်းပြီးနောက် ''အရှင်မင်းကြီး ဗိန္ဒုမတီပြည့်တန်ဆာမမှာ အမှန်တရား စကား(သစ္စာအဓိဋ္ဌာန်)ဆိုခြင်းေ
မင်းကြီးကိုယ်တော်တိုင် ပြည့်တန်ဆာမအားခေါ်ယူ၍ မေးမြန်းသောအခါ ပြည့်တန်ဆာမက ''အရှင်မင်းကြီး လောကမှာ ဖောက်လွှဲသော်လဲ အမှန်တရားက မဖောက်လွှဲ၊ အမှန်တရားကို နှစ်သက်သူအပေါင်းမှာ အမှန်တရားကို နာခံ၏။ ထို့ကြောင့် မြစ်ရေသည် အမှန်တရားကိုဆိုရုံဖြင့် ဆန်တက်တယ်'' လို့ လျှောက်တင်ပါတယ်။
ပြည့်တန်ဆာမက ဆက်၍ ပျားရည်ဥပမာဖြင့် မင်းကြီးအား ရှင်းပြပါတယ်။
ကြံပင်မှာစွဲသောပျားလပို့သည
မင်းကြီးလည်း ပြည့်တန်ဆာမအား သင့်ရဲ့ သစ္စာစကားကြောင့် ဂင်္ဂါမြစ်ရေ ပြန်စီးစေတယ်လို့ ဆိုတယ်။ သင်၏ မှန်သောသစ္စာစကားက အဘယ်နည်းလို့ မေးမြန်းပါတယ်။
''မြတ်သောမင်းကြီး အကျွန်ုပ်ကား ပြည့်တန်ဆာမဖြစ်ပြီး မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တွေကို ကိလေသာနဲ့ လုပ်ကျွေးပါတယ်။ မင်းသားဆိုပြီး အထူးမရှိ၊ ဆင်းရဲသားဆိုပြီး မထီလေးစားလုပ်ခြင်းမရှိခဲ့ပ
ဓမ္မာသောကမင်းကြီးသည် ကိုယ်ကျင့်တရားအားဖြင့် ယုတ်နိမ့်သော ပြည့်တန်ဆာထံမှ မှန်ကန်သောသစ္စာစကား ကို နားနဲ့ဆက်ဆက်ကြားသိရပြီး ဂင်္ဂါမြစ်ရေတိုးခြင်းမှလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။
#TheYangonTimes

No comments:
Post a Comment