Wednesday, September 24, 2014

နှလုံးသားအစား ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင်သင့်ဟု ရခိုင်ဝန်ကြီးချုပ်ဆို


စစ်တွေ၊ စက်တင်ဘာ ၂၃

ရခိုင် တိုင်းရင်းသားများ အနေဖြင့် နှလုံး သားဖြင့် စဉ်းစားမည့်အစား ဦးနှောက် ဖြင့် စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင် သင့်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဦးမောင်မောင်အုန်းက ပြောကြား လိုက်သည်။

စက်တင်ဘာလ ၂၂ရက်နေ့ က မြေပုံမြို့နယ်ရှိ ဘင်္ဂါလီများအား နိုင်ငံသားကတ်ထုတ်ပေးရန် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်း သွားရောက်စဉ် မြေပုံဒေသခံ များက အိမ်တံခါးများ ပိတ်ထား ခြင်း၊ ဈေးဆိုင်ခန်းများ ပိတ်ထား ခြင်း၊ တစ်ဦးတစ်ယောက်မှ အပြင် မထွက်ကြခြင်းဖြင့် အသံတိတ်ဆန္ဒ ထုတ်ဖော်ကြမှုအပေါ် ပြည်နယ် ဝန်ကြီးချူပ်က မီဒီယာများသို့ ပြော ဆိုလိုက်ခြင်းဖြစ်သည်။


''ပြည်နယ်အစိုးရဟာ မိဘ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ သား၊ သမီးဖြစ်တယ်။ ဘယ်မိဘမှ သားသမီးကို အပြစ်မပြောဘူး။ ကရုဏာဒေါသနဲ့ ပြောတာပဲရှိတယ်။ ဒီကိစ္စတွေဟာ အိမ်တွင်းရေးကိစ္စ တွေ။ အားလုံးသိတဲ့အတိုင်းပဲ ရခိုင် ကိစ္စကို ကိုယ်တို့နိုင်ငံထက် ကမ္ဘာ ကြီးက ပိုစိတ်ဝင်စားတယ်။ ကိုယ် တို့ရဲ့ အနာဂတ်ရခိုင်ပြည်ကြီးကို ပြောင်းလဲတဲ့အခါမှာ ရခိုင်သားတွေ ရဲ့ စည်းလုံးညီညွတ်မှုကို တလွဲအသုံး ချမယ်ဆိုလို့ရှိရင် ခံစားရမှာ ဘယ် သူလဲဆိုလို့ရှိရင် ရခိုင်မိဘပြည်သူ တွေဖြစ်တယ်။ ကျွန်တော့်အနေနဲ့က ဘာပဲပြောပြော မြေပုံကို လာတယ်။ လုပ်စရာရှိတာလုပ်ပါမယ်''ဟု ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင် အုန်းက ပြောသည်။

မြေပုံဒေသခံများအနေဖြင့် မိမိ တို့ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ် ခွင့်ရှိသော်လည်း ဆန္ဒစောပြီး ဥပဒေ ပြင်ပမှ လုပ်ရပ်များ မဖြစ်ရန် လို သည်ဟု ဆိုသည်။

''မြေပုံဒေသခံတွေရဲ့ လုပ်ရပ် အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ ပြည်သူတွေကို စိတ်မဆိုး ပါဘူး။ ဆန္ဒထုတ်ဖော်တဲ့အခါမှာ တော့ မကျေနပ်ရင် ဆန္ဒထုတ်ဖော် လို့ ရပါတယ်။ နိုင်ငံတော်က ခွင့် ပြုပြီးသား။ ဘာမှပြဿနာမရှိဘူး။ သို့သော် လူစုလူဝေးနဲ့ တစ်ခါတည်း တကယ့်ကို ကျန်တဲ့လုပ်ငန်းတွေကို ဥပဒေအပြင်ဘက်က လုပ်တဲ့ဟာလေး တွေက ဆန္ဒစောတယ်။ ဒါပေမဲ့မှား တယ်လို့ မပြောဘူး။ လူထု မှန်ပါ တယ်။ ဒါပေမဲ့ အဆုံးအဖြတ်က တော့ ကိုယ်မပေးပါဘူး။ အခုလုပ်နေ တာတွေက နိုင်ငံတော်အတွက်ပါ သလို ရခိုင်တိုင်းရင်းသားတွေအတွက် လဲပါတယ်။ ရခိုင်တိုင်းရင်းသားတွေ ဂုဏ်သိက္ခာတက်ဖို့အတွက် လုပ်နေ တာ။ ဖြူလိုက်မဲလိုက် လုပ်နေတာ တွေကတော့ ပြည်နယ်အစိုးရ သိက္ခာ ကျသလို နိုင်ငံတော်အတွက်လဲ သိက္ခာကျတယ်''ဟု ပြည်နယ်ဝန်ကြီး ချုပ်က ပြောသည်။
မိမိတို့လုပ်ရပ်များကြောင့် ရခိုင် ဒေသခံအနည်းငယ်သာ နေထိုင် သည့်ဒေသများမှ ရခိုင်လူမျိုးများအ တွက်လည်း ထည့်သွင်းစဉ်းစားသင့် သည်ဟု ¤င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ပထမဆုံးအဖြစ် မြေပုံမြို့နယ်တွင် ဇွန် ၁၅ရက်နေ့က စတင်ခဲ့ရာ တောင် ပေါ်စခန်းရှိ ဘင်္ဂါလီများအား နိုင်ငံ သားဖြစ်မှု ဥပဒေနှင့်အညီ စိစစ်ခဲ့ရာ စက်တင်ဘာ ၂၂ရက်က နိုင်ငံသား ဖြစ်မှုဥပဒေနှင့်ညီသည့် ဘင်္ဂါလီ ဦးရေ ၄ဝအား နိုင်ငံသားကတ်များ စိစစ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့စခန်းရှိ ဘင်္ဂါလီများ အား နိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရသည့်အပေါ် မြေပုံမြို့ရှိ ဒေသခံ များက ကန့်ကွက်သည့်အနေဖြင့် အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

''အထောက်အထားပြည့်စုံမှု မရှိဘဲ ဘင်္ဂါလီများအားနိုင်ငံသား ကတ် ထုတ်ပေးခြင်းကို လုံးဝ(လုံးဝ) ကန့်ကွက်ပါသည်။ မြို့သူမြို့သား များ''ဟူသော စာသားများကို အိမ် တိုင်းစေ့ နီးပါးကပ်ထားကြသည်။
ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ် သက်၍ ဒေသခံများအား မေးမြန်းခဲ့ သော်လည်း ဖြေဆိုမှုများကိုငြင်းဆန် ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အား ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ပေးရန် ရခိုင်ဒေသခံများကလည်း ပြီးခဲ့သည့်နှစ်များက ဆန္ဒထုတ်ဖော် မှုများရှိခဲ့ရာ ပထမဆုံးအဖြစ် မြေ ပုံမြို့နယ်ရှိ ဘင်္ဂါလီများအား နိုင်ငံ သား စိစစ်ရန် မြေပုံမြို့ဒေသခံများ နှင့်တွေ့ဆုံခဲ့ရာကနေ အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

''ဒီကိစ္စကိုရခိုင်ဒေသခံတွေ အားလုံးက သဘောတူလို့ လုပ်ဆောင် တာ။ စိစစ်ရေးအဖွဲ့မှာ ရခိုင်တွေလဲ ပါတယ်''ဟုနိုင်ငံသားစိစစ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အား နိုင်ငံသားဖြစ်၊ မဖြစ်ကို စိစစ် ရန် နိုင်ငံတော်မှပြဋ္ဌာန်းထားသော ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေ ပုဒ်မ-၆/၁၁(ခ) နှင့် ၆/၄(၂)အရ နိုင်ငံ သားဖြစ်မှုများကို စိစစ်ခြင်းဖြစ်သည်။
မြေပုံမြို့နယ်တောင်ပေါ်စခန်း ရှိ ဘင်္ဂါလီများအား နိုင်ငံသားနှင့် နိုင်ငံသား ပေးထိုက်သူများအနက် ဦးရေ ၄ဝအား နိုင်ငံသားနှင့်ပြုနိုင်ငံ သားကတ်များကို မြေပုံမြို့ မြို့နယ် သမဝါယမရုံးတွင် စက်တင်ဘာ ၂၂ ရက်နေ့က စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ်တောင်ပေါ်စခန်း ရှိဘင်္ဂါလီများ နိုင်ငံသားအဖြစ်လျှောက် ထားရာတွင်၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေနှင့်ညီမညီ စိစစ်ဆောင် ရွက်ခဲ့ရာ ယင်းတွင် နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုခံရသူ ၉၈ ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သဘော ထားမှတ်ချက်ပြုခံရသူ ၆ဝ၉ဦး၊ အရည် အချင်းမပြည့်မီ၍ ခေတ္တဆိုင်းငံ့ထား သူ ၁၄ဦး၊ လျှောက်ထားသူမိဘ၏ စာရင်းတွင် ပါဝင်သော သား၊ သမီး ၃၄၉ဦး၊ ဖခင်မိခင်နိုင်ငံခြားသား လက် မှတ်ကိုင်ဆောင်ထားသူ၏ သား၊ သမီး ရှစ်ဦး၊ စခန်းတွင်းမှာ အခြားမြို့နယ် သို့ ထွက်ခွာသွားသူ ၁၄ဦး၊ စခန်းအ တွင်း သေဆုံးသွားသူနှစ်ဦး၊ စုစုပေါင်း ၁ဝ၉၄ဦးအနက် စက်တင်ဘာ ၂၂ ရက်တွင် ဦးရေ ၄ဝအား နိုင်ငံသား ပြုနိုင်ငံသား ကတ်များ ထုတ်ပေးခဲ့ ခြင်းဖြစ်သည်။

MO(Myitmakha)

#Democracytoday | (ဒီမိုကရေစီတူဒေး သတင်းစာမှကူးယူဖော်ပြပါသည်။)
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com

No comments:

Post a Comment