Friday, September 26, 2014

လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဟုဆို

ရန်ကုန်−
သမ္မတဦးသိန်းစိန်လက် ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေလက်ထက်ကပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည့် အပြင် အခြားသောပုံသဏ္ဌာန် အသစ်များပါ ထပ်မံကျူးလွန်နေ ကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူများက ဝေဖန်လိုက်သည်။
‘‘လူ့အခွင့်အရေးချိုးဖောက် မှုအခြေအနေတွေဟာ ဟိုးအရင် ဗိုလ်ချုပ်သန်းရွှေ လက်ထက်မှာ တုန်းက အခြေအနေတွေပဲဆက် ဖြစ်နေတာတွေ့ရတဲ့အပြင် သမ္မတ ဦးသိန်းစိန်လက်ထက် နောက်ပိုင်းမှာလည်း တခြားသော ပုံသဏ္ဌာန်မျိုးစုံနဲ့၊ ပုံသဏ္ဌာန် အသစ်တွေနဲ့ပါထပ်ပြီးတော့မှ
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ ကျွန်မတို့တွေ့ရတယ်’’ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံဒေါ်ခင်ဥမ္မာကပြောသည်။
   မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့၊ ညီမျှ ခြင်းမြန်မာနှင့် Asia Forum for Human Right and Develop ment တို့ပူးပေါင်းပြီးရန်ကုန်မြို့ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ခန်းတွင် စက်တင်ဘာ ၂၅ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်ခင်ဥမ္မာက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
  သမ္မတဦးသိန်းစိန်လက် ထက်တွင် ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခဲ့သော်လည်း တစ်ချိန်တည်းတွင် လယ်သိမ်းခံရမှုများကိုကန့်ကွက်ဆန္ဒပြခဲ့ကြသည့် တောင်သူလယ်သမားများအား ဆက်လက်ထိန်းသိမ်းနေဆဲ ဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာက ထောက်ပြဝေဖန်ခဲ့သည်။
လယ်ယာမြေသိမ်းဆည်းခံ ရမှုများနှင့်ပတ်သက်ပြီး တရားစွဲ ထောင်ချခံခဲ့ရသည့် တောင်သူ လယ်သမား ၃၀၀ ကျော်ရှိ ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမင်းသူက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
 ‘‘ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်နေတယ်သာပြော တယ်။ လူ့အခွင့်အရေး အခြေအနေတိုးတက်လာတာမတွေ့ရဘူး’’ဟု ဒေါ်ခင်ဥမ္မာကပြောသည်။
အစိုးရသစ်လက်ထက်တွင် အကြီးစားသတ္တုတူးဖော်ရေးလုပ် ငန်းကြီးများ၊ အထူးစီးပွားရေးဇုန် စီမံကိန်းများနှင့်ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့သော စီမံကိန်းများ ၌ ဒေသခံများ အတင်းအကျပ် နေရာရွှေ့ပြောင်းပေးရခြင်းကဲ့သို့ သော လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံအသစ်များတွေ့နေရကြောင်း ၎င်းကဝေဖန်ခဲ့သည်။
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဖွဲ့စည်းခဲ့ခြင်း ကဲ့သို့သော တိုးတက်မှုမျိုး တွေ့ခဲ့ရသော်လည်း ကော်မရှင်၏ လုပ်ကိုင်နိုင်စွမ်းနှင့် တိုင်ကြားမှုများအ ပေါ် ဖြေရှင်းနိုင်မှုကို မေးခွန်းထုတ်စရာဖြစ်ခဲ့ကြောင်း ညီမျှခြင်းမြန်မာ ၏  အထွေထွေ ညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းက ပြောသည်။

Credit - 7DAY DAILY

No comments:

Post a Comment