ရန်ကုန်၊ စက်တင်ဘာ ၂၆။
နိုင်ငံ တော်သမ္မတ၏ သဘောမှတ်ချက် ဖြင့်
ပြည်ထောင်စုလွှတ်တော်သို့ ပြန် လည်ပေးပို့လာသော အမျိုးသားပညာ
ရေးဥပဒေမူကြမ်းပါ အပိုဒ်၂၆ ပါ အချက်ကို လွှတ်တော်တွင် သဘော
ထားကွဲလွဲနေသည့်အတွက် မဲခွဲဆုံး ဖြတ်ရာ နိုင်ငံတော်သမ္မတ၏ သဘော
ထားမှတ်ချက်ကို ကန့်ကွက်သူဦးရေ များသဖြင့် ယခင်ပြည်ထောင်စုလွှတ် တော်တွင်
အတည်ပြုထားသည့်အ တိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်
(၁၁)ကြိမ်မြောက်ပုံမှန်အစည်း အဝေးတွင် ပြည်ထောင်စုလွှတ် တော်မှ
အတည်ပြုထားသည့် အဆင့် မြင့်ပညာရေးကို
အကောင်အထည် ဖော်သည့်ကျောင်းများတွင်
လွတ်လပ် သည့်သင်ယူမှုနှင့် လွတ်လပ်စွာစီမံ ခန့်ခွဲရေးစနစ်ကျင့်သုံးရမည်ဟုဆို
သောအပိုဒ်ကို နိုင်ငံတော်သမ္မတမှ အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်း
ရေးကော်မတီနှင့် သက်ဆိုင်သော အဆင့်မြင့်ပညာသင်ကျောင်းများတွင်
လွတ်လပ်သည့်သင်ကြားမှုနှင့် လွတ် လပ်စွာစီမံခန့်ခွဲရေးစနစ်ကျင့်သုံး ရမည်ဟု
သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်ကိုပြန်လည်
ပေးပို့လာကြောင်းသိရသည်။
ယင်းကွဲလွဲချက်နှစ်ရပ်ကို လွှတ်
တော်၏အဆုံးအဖြတ်ကို ရယူရန် ပြည်ထောင်စုလွှတ်တော်နာယကမှ
နိုင်ငံတော်သမ္မတ၏သဘောထား မှတ်ချက်ကို အတည်ပြုထောက် ခံပါက မတ်တပ်ရပ်စေပြီး၊
ပြည်ထောင် စုလွှတ်တော်အတည်ပြုချက်အတိုင်း ကို ထောက်ခံပါက ထိုင်ပြီး ဆန္ဒပြု
စေခဲ့ရရာ ဦးသိန်းညွှန့် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်
စားလှယ်များအားလုံးက နိုင်ငံတော် သမ္မတ၏သဘောထားမှတ်ချက်အ တိုင်းထားရန်နှင့်
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုချက်ကို မတ်တတ်ရပ်ထကန့်ကွက်ခဲ့ကြောင်း
သိရသည်။
ယင်းကဲ့သို့ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကို
ကန့်ကွက်ခဲ့သောကန့်ကွက်သူအရေ အတွက်မှာ ၁၆၂ဦးသာ ရှိခဲ့ပြီး
ထိုင်လျက်ထောက်ခံသူ ဦးရေမှာ ၃၂၃ ဦးရှိခဲ့သဖြင့် ထောက်ခံသူဦးရေ
များပြားခဲ့ခြင်းကြောင့် ပြည်ထောင် စုလွှတ်တော်မှ အတည်ပြုချက်ကို သာ
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွှန့်က ''ဥပဒေတစ်ခုမှာဥပဒေအဓိ
ပ္ပာယ်ဖွင့်ဆိုချက်၊ ဒီအမျိုးသားပညာ ရေးဥပဒေမှာ တကယ်လုပ်ရမယ့် အရာ၊
တကယ်ပြဋ္ဌာန်းသင့်တာက အဓိပ္ပာယ်ဖွင့်ဆိုချက်မှာထဲက ဟိုပြည် သူ့လွှတ်တော်မှာ
တင်ပြခဲ့တဲ့ကျောင်း သားသမဂ္ဂဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်
ဟာမျိုးမူပြဿနာထည့်ရမယ်၊ ကျန်တဲ့ ပညာရေးရည်မှန်းချက်တို့ဘာတို့မှာ လည်း
အမျိုးသားပညာရေးတစ်ခုရဲ့ အင်္ဂါရပ်နဲ့ညီအောင်ပြောရမှာ၊ အခု တော့ဒီမှာ
လွတ်လပ်စွာသင်ကြားမှုနဲ့ လွတ်လပ်တဲ့စီမံခန့်ခွဲမှုဆိုတာအရေး ကြီးတယ်။
အရေးကြီးတော့ အခုန ပြောတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့၊
ပညာရေးမှန်းချက်တို့ဟာက ကျွန် တော်တို့က ဇောင်းပေးပြီး လုပ်ရမှာ ရှိတယ်။
ကျန်တဲ့လုပ်ငန်းဆောင်ရွက် မှု၊ အကောင်အထည်ဖော်မှုတွေကြ တော့
သက်ဆိုင်ရာလုပ်ငန်းသွက် လက်မှုနဲ့ လက်တွေ့ကျမှု ဦးစားပေး ရမယ်၊
ဘာလို့လဲဆိုတော့ ရှင်းပြတဲ့ အထဲမှာ ပညာရေးဒုဝန်ကြီး ဒေါက် တာဇော်မင်းအောင်
ရှင်းပြချက်နဲ့ နောက်တစ်ခါ ဒီဦးခင်မောင်ရည် ရှင်းပြချက်
နှိုင်းယှဉ်လိုက်တဲ့အခါမှာ ဒီတပ်မတော်က ဗိုလ်မှူးရဲ့ပြင်ဆင် ချက်က
လက်တွေ့လုပ်ငန်းလည်ပတ် ဖို့ အကောင်အထည်ဖော်မှုအတွက် အထောက်အကူရတယ်လို့
ကျွန်တော် ယူဆတဲ့အတွက် တပ်မတော်သား တွေရဲ့ပြင်ဆင်ချက်ကို ထောက်ခံပေး
ခြင်းဖြစ်တယ်ဟု ပြောကြားခဲ့သည်။
အမျိုးသားပညာရေးဥပဒေ
ကြမ်းနှင့်စပ်လျဉ်းပြီး တစ်ပိုဒ်ချင်းစီ အလိုက်အတည်ပြုရာတွင် အပိုဒ် ၂၆
ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုထားသော အဆင့်မြင့်ပညာ ရေးကို
အကောင်အထည်ဖော်သည့် ကျောင်းများတွင်လွတ်လပ်သည့်သင်
ယူမှုနှင့်လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးမည်အပိုဒ်ကို ဦးသိန်း
ညွှန့်အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး က ကန့်ကွက်ခဲ့ပြီး
နိုင်ငံတော်သမ္မတ ၏ သဘောထားမှတ်ချက်ကိုသာ အတည်ပြုရန် ဗိုလ်မှူးရဲမင်းထွေးက
ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်း
ပူးပေါင်းကော်မတီမှ ပြည် ထောင်စုလွှတ်တော်၏အတည်ပြု
ချက်အတိုင်းထားရှိရန်ကိုမွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ
ဗညားအောင်မိုးက ဆွေးနွေးတင်ပြ ခဲ့ကြောင်းသိရသည်။
MP
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment