Wednesday, September 24, 2014

YTP က ဆင်းမ်ကတ်ဖြန့်ချိခြင်းအား ပုံစံသုံးမျိုးဖြင့် ဆောင်ရွက်မည်

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်အနေဖြင့် ဆင်းမ်ကတ်များ ဖြန့်ချိရာတွင် ပုံစံသုံးမျိုးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Dealer Channel, Direct Channel, Direct to Consumer ပုံစံများဖြင့် ဆင်းမ်ကတ်များကို ဖြန့်ချိသွား မည်ဖြစ်ကြောင်း၊ Dealer Channel မှာ ကိုယ်စားလှယ်များမှတစ်ဆင့် ဆင်းမ်ကတ်များအား ဝယ်ယူနိုင်မည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ Direct Channel မှာ YTP ၏ စတိုးများမှတစ်ဆင့် ဆင်းမ်ကတ်များအား တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ Direct to Consumer ပုံစံမှာ
တိုက်ရိုက်ရောင်းချမှုပုံစံဖြစ်ပြီး အိမ်တိုင်ရာရောက်စနစ်ဖြင့် ရောင်းချပေးမည့်အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါဆင်းမ်ကတ်များ ရောင်းချပေးမည့် ဆက်သွယ်ရေးဆိုင်ရာ အော်ပရေတာဆောင်ရွက်ချက်အတွက် ပူးပေါင်းဆောင်ရွက်မည့် အော်ပရေတာကို ရှာဖွေလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ နောက်ကျပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်၊ အကြံတူရင် နောက်လူ သာမယ်ဆိုတဲ့ မြန်မာစကားပုံအတိုင်း ဆောင်ရွက်နေပါတယ်” ဟု ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီ၏ Head of Department ဒေါ်နီလာအေးက Myanmar Connect 2014 အခမ်းအနားတွင် ပြောကြားခဲ့သည်။

Credit - Internet Journal

No comments:

Post a Comment