ရှေးဟောင်း
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှုလုပ်ငန်းကို ယဉ်ကျေးမှုဝန်ကြီးဌာန
ဦးဆောင်ဆယ်ယူမည့် အစီအစဉ်မရှိဘဲ ရှာဖွေသည့်အဖွဲ့များကို
စောင့်ကြည့်အားပေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက ပြောသည်။ ‘‘ရှာမယ့်သူကို ခွင့်ပြုပါ တယ်။
မဖြစ်နိုင်ဘူးလို့ မပြောပါ ဘူး။ သမိုင်းအမွေအနှစ်ကို ထိန်း သိမ်းချင်ပါတယ်။
စောင့်ကြည့် အားပေးတယ်။ နောက်ကပဲအားပေးပါတယ်’’ဟု ၀န်ကြီးကဆို သည်။
အမျိုးသားပြတိုက်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ပုဂံ၌ ကျင်းပမည့် အာဆီယံအစည်းအဝေးနှင့် ပတ်သက်သောသတင်းစာ ရှင်းလင်းပွဲတွင် ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
‘‘ဒီနေရာမှာ တကယ့်သုတေသီတွေရှိတယ်။ ဘတ်ဂျက်ရှိရမယ်။ ပညာရှင်တွေ ၀ိုင်းရှာရမယ်။ ဦးစံလင်းရှာမယ်ဆိုတော့လည်း ကျွန်တော်တို့ဆီ လာပါတယ်။ ရန်ကုန်တိုင်းအစိုးရဆီ လွှဲလိုက်တာပါ’’ဟု ၎င်းကဆိုသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုသော သောင်တူးသင်္ဘောကို အစိုးရကပြန်သိမ်းလိုက်ပြီးနောက် စက်တင်ဘာ၂၅ ရက်(ယနေ့)တွင် ပဲခူးမြို့မှ ဦးဝင်း မြင့်(ရွှေအုန်းပင်) က အလှူငွေများနှင့်ပတ်သက်၍ ရှင်းလင်းမည်ဖြစ်သည်။ ကာယကံရှင် ဦးစံလင်း တက်ရောက်မည်မဟုတ်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
သြဂုတ် ၉ ရက်တွင် စတင်ရှာဖွေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းသည် ရှာဖွေချိန် ရက်ပေါင်း ၄၄ ရက် ကြာမြင့်ခဲ့ပြီး ဦးစံလင်းအဖွဲ့ အပေါ် ဝေဖန်မှုများနှင့် လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။
Credit - 7DAY DAILY

No comments:
Post a Comment