‘‘တိကျတဲ့ သဘောတူညီချက်တော့ မရသေးဘူး။ ရှေ့ဆက်ဆွေးနွေးနိုင်ဖို့တော့ လမ်းဖွင့်ထားပါတယ်။ ရှေ့မတိုးနိုင်တဲ့ အနေ အထားတော့ မဟုတ်ဘူး’’ ဟု NCCT
အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
ယခုဆွေးနွေးပွဲတွင် ယခင် ဆွေးနွေးပွဲ၌ သဘောတူညီခဲ့သော အချက်များကို ပြန်လည် ဆွေးနွေးမှုများရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေး လမ်းပြမြေပုံ၊ ကြားကာလအစီအစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲပုံစံများ စသည့် အချက်များတွင် ပြေလည်မှုမရှိသေးကြောင်း နိုင်ဟံသာက ဆိုသည်။
‘‘ဒီနေ့ (စက်တင်ဘာ ၂၄ ရက်)ဆို အခန်း(၄)အထိပြီးပြီလို့ ပြောလို့ရတယ်။ အခန်း(၅)၊ (၆)၊ (၇)ကို ဆက်လက်ဆွေးနွေးမယ်’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
ဆွေးနွေးပွဲ တတိယနေ့တွင် ဆွေးနွေးပွဲမစမီ UPWC နှင့် NCCTမှ ခေါင်းဆောင်များ သီးသန့်ဆွေး နွေးခဲ့ကြောင်းလည်း သတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရရှိရန် စက်တင်ဘာ ၂၂ ရက်မှ စတင်ဆွေး နွေးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်ထိ ဆွေးနွေးရန် လျာထားခဲ့ကြသည်။
Credit - 7DAY DAILY
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်တွေ့ရသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ − Myanmar Peace Center)
No comments:
Post a Comment