မိမိ ကိုယ်ကိုယ် အာဏာရှင်မှန်း မသိတာကတော့ အဆိုးဆုံးပါပဲ …
အုပ်ချုပ်ရေးအာဏာကို ဘယ်နည်း မဆို ရယူထားကြတဲ့ စစ်အာဏာရှင်တွေ ဟာ လက်နက်နဲ့
အာဏာသုံးပြီး ခြိမ်းခြောက် တဲ့နည်းနဲ့ ပြည်သူတွေကို အုပ်ချုပ်လာခဲ့တာ
ယနေ့ထက်တိုင် မရွေ့သေးပါဘူး …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● စကားချီး
လူမှန်ရင် သေရဲရမည်။
(သံယုတ်ဆရာတော်)
● နိဒါန်း
““ရှင်းရှင်းပြောရရင် ငါဟာ ဘာသာမဲ့ဝါဒီပဲ။ သိပ္ပံပညာပဲ ယုံတယ်။ ဘာကိုမှ
အစွဲအလမ်း မထားဘူး။ ဘာသံသ ယမှလည်း မရှိဘူး။ မရေရာ မသေချာတာတွေလည်း မရှိဘူး။
အမှန်တရားကိုပဲ ရပ်တည်မယ်””ဆိုတဲ့ စိတ်ဓာတ် ဟာ နိုင်ငံရေးလောကနဲ့
နီးစပ်တယ်။ ယုံကြည်မှုမမှီခိုတဲ့ စိတ်ဓာတ် ဟာမမျှတတဲ့ရန်လိုတဲ့
စိတ်ဓာတ်ပါပဲ။
● အာဏာပြ
လုပ်ရပ်တစ်ခုကိုလုပ်ပြီဆိုရင်
အချိန်၊ နေရာ၊ ပြုလုပ်ချက်တွေ ရှိရမယ်။ လူတစ် ယောက်ဟာ တန်းတူညီတူတဲ့
အခွင့်အရေးကို ယူချင်ရင် လုပ်ပိုင်ခွင့်ကို ရအောင် လုပ်ကြစမြဲပါ။
လုပ်ပိုင်ခွင့်ကိုရယူတဲ့သူဟာ အုပ်ချုပ်ပိုင်ခွင့်ကို ရယူကြတာပါပဲ။
ဘယ်နည်းမဆို အုပ်ချုပ်ပိုင်ခွင့်ကို ရရှိထားတဲ့သူဟာ အာဏာရှင်စနစ်ပါပဲ။
အရှင်တို့ တိုင်း ပြည်နိုင်ငံရေး အကြောင်းကို လေ့လာပါ။ စစ်ဝါဒီသမားတွေက
နိုင်ငံတော်ရဲ့ အုပ်ချုပ်ပိုင်ခွင့်ကိုဘယ်နည်းမဆို အုပ်ချုပ်ခဲ့ကြလို့
ယနေ့တိုင် အရှိန်မကုန်သေးပါဘူး။ အုပ်ချုပ်သူ (စစ်ဝါဒီသမား)နဲ့
အုပ်ချုပ်ခံသူ (ပြည်သူ)တွေ ဟာ စံချိန်စံညွှန်းမရှိတဲ့ အုပ် ချုပ်မှုကြောင့်
အုပ်ချုပ်သူကို ဆန့်ကျင်လာ ခဲ့ရလို့ ယနေ့တိုင် မပြီးဆုံးသေးဘဲရှိနေ
ပါသေးတယ်။ အုပ်ချုပ်ပိုင်ခွင့် ရထားတဲ့ စစ်ဝါဒီသမားတွေဟာ
အုပ်ချုပ်ပိုင်ခွင့်ကို နည်းအမျိုးမျိုးနဲ့ လှည့်ကွက် ဆင်နေတယ်။
စည်းရုံးရေးလုပ်ပြီး ပြည်သူ့ဆန္ဒခံယူ သယောင်နဲ့ နိုင်ငံရေး ပုံစံကို
ပြထားတယ်။ ဒီပုံစံကို တွေ့မြင် နေရလို့ နားမလည်တဲ့ ပြည်သူတွေက
ငါတို့ရဲ့အကြိုက်နိုင်ငံရေး ပါဆိုပြီးအုပ်ချုပ်တဲ့ သူကိုပင့်ကော်မြှောက်
ထားကြတယ်။ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ရမယ့်အကြောင်းတွေကို မလုပ်ကြဘဲ
အငြင်းပွားစရာတွေကိုပဲ ရှုပ်ထွေးအောင် လုပ်တယ်။ နောက်ဆုံး အာဏာသိမ်းတဲ့
နည်းနဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ရရှိထားတဲ့ စစ်ဝါဒီသမား တွေဟာ လွှတ်တော်မှာ
အာဏာပြနေတာကို တွေ့ရတယ်။…
● တာဝန်ရှိသူ သတိမူ
လွှတ်တော်မှာ
အာဏာတန်ခိုးတွေပြ၊ အစိုးရဖွဲ့ပြီး အမှားမှားတွေလုပ်ပြီး နိုင်ငံရေးအာဏာကို
သူ့လက်ခုပ်ထဲ ကနေ မပြုတ် (မလှုပ်)ထွက်အောင် နည်းပေါင်းစုံနဲ့
ဆုပ်ကိုင်ထားကြပါတယ်။ (ဆုပ်ကိုင် ထားတာကို တွေ့နေရ မယ်) ဒီလုပ်ရပ်ဟာ
အာဏာရှင် နိုင်ငံရေး စနစ်သမားတွေရဲ့၊ အကျင့်မှား စရိုက်ရှိတဲ့သူတွေရဲ့
လုပ်ရပ်ပါပဲ။ ဘယ်နည်းမဆို အာဏာရှင်အစိုးရ ဆိုတာ သူတို့ရဲ့ ရယူထားတဲ့
အုပ်ချုပ်ပိုင် ခွင့်ကို၊ အုပ်ချုပ်မှုကို ပြည်သူ့ကို လွယ် လင့်တကူတော့
ပြန်မပေးကြတာ အမှန်ပါ ပဲ။ အာဏာကို လက်လွှတ် ဆုံးရှုံးရမှာ ကြောက်တဲ့ အာဏာ
ရှင် (စစ်ဝါဒီ)တွေဟာ သူတို့ရဲ့ အတွင်းစိတ်ကို လေ့လာရင် ပြီး
ပြည်စုံသွားတယ်လို့ မရှိပါ။ စိတ်ချမ်းသာ ရတဲ့ သမိုင်းဖြစ်ခြင်းလည်း မရှိပါ။
အုပ် ချုပ်ခံရတဲ့ ပြည်သူတွေ ဟာ ယုံကြည်ထား ကြတဲ့ နိုင်ငံရေးအခွင့်အလမ်းကို
အငြင်းအဆို မပွားချင်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေး အကြောင်းအရာကို
သွားချင်၊ လုပ်ချင်နေတာပါပဲ။ အဲဒီလို သွားချင်၊ လုပ်ချင်တဲ့ နိုင်ငံရေးကို
အာဏာအပြီး ရယူထားကြတဲ့ အာဏာရှင် (စစ်ဝါဒီ) သမားတွေ ကြောင့်
မှန်ကန်ထိရောက်တဲ့ တရားမျှတစွာ ကျင့်သုံးတဲ့ နိုင်ငံရေးလမ်းစဉ်ကို မရောက်ဘဲ
ပြည်သူ့အာဏာကို အသုံးချခြင်း ခံရတာ သက်သက်နဲ့ပဲ စည်းကမ်းမဲ့ ဥပဒေတွေ
ဖြစ်ကြတယ်။
အရှင်မေးပါရစေ။ အရှင်တို့ရဲ့ပြည်သူထံက ရယူထားကြတဲ့
အာဏာဟာကောင်းမွန်တဲ့ ပြည်သူ့အကျိုးပြု (အကျိုးစီးပွား) တွေ
လုပ်ပေးပါရဲ့လား။ သဘော တူညီထားကြတဲ့ နိုင်ငံရေးအကြောင်းအရာ တွေထဲ က
လက်ရှိအစိုးရက လိုက်နာရမည့် ပြည်သူ့ဥပဒေ (အခြေခံဥပဒေ)ကို လိုက်နာရမှန်း
သိကြပါရဲ့လား။ ဘယ် အစိုးရပဲ ဖြစ်ဖြစ် (မဆို)
(၁) ပြည်သူ့လုံခြုံရေး၊
(၂) ပြည်သူပြည်သား သာယာဝ ပြောရေး၊
(၃) ပြည်သူအတွက် တရားဥပဒေ စိုးမိုးရေးတွေဟာ လက်ရှိအစိုးရမှာ
တိုက်ရိုက်တာဝန်ရှိပါတယ်။ အုပ်ချုပ် သူရဲ့ အကျိုးစီးပွား
မဖြစ်စေရပါဘူးဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ ဘက်မလိုက်တဲ့
ဆုံးဖြတ်ချက်ဟာ ပြည် သူတွေကဖြစ်ပြီး ဘက်လိုက်တဲ့ ရယူမှုဟာ လက်ရှိအစိုးရက
လုပ်နေတာကို တွေ့ရတော့ ပြည်သူတွေက အစိုး ရအဖွဲ့အစည်းကို
မယုံကြည်ကြတော့ပါဘူး။ တရားသဖြင့် အာဏာကို ပေးပြီး တရားသဖြင့် အာဏာကို မအုပ်
ချုပ်တဲ့ ပြည်သူတွေက အာဏာရှင် အစိုးရမခေါ်ဘဲ ဘယ်နေပါ့မလဲ ပြည်သူတို့ရဲ့။
● လွဲမှားကုန်ပါပြီ
အရှင်တို့ တိုင်းပြည်ဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ ပြည်သူတွေရဲ့
ကြားမှာ ယုံကြည်ခြင်းရှိ၊ မရှိ နားလည် ထားဖို့ လိုပါမယ်။ အရှင်တို့
တိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့် ရှိတဲ့သူတွေဟာ တိုင်းပြည်ကို တကယ်
အုပ်ချုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ ကို ယုံကြည်ဖို့၊ ပြည်သူအတွက် အုပ်ချုပ်
တယ်ဆိုတာကို ယုံကြည်ဖို့၊ အုပ်ချုပ်ပိုင်ခွင့်ကို တရား သဖြင့် ရထားတယ်
ဆိုတာကို ယုံကြည်ဖို့ လက်ရှိအစိုးရဟာ နက်နဲလှတဲ့ နိုင်ငံရေးသဘောကို
နားလည်ထား ကြဖို့တော့ လိုမယ်။ စိတ်အတ္တပညတ် လွန်ကဲပြီး အကြွင်းမဲ့
အမှန်တရားတွေကို ပစ်ပယ်နေသလားတောင် ထင်မိတယ်။ ထင်စရာပါပဲ ပြည်သူတို့ရယ်။
အာဏာရှင်စနစ် (DICTATORSHIP) ကျင့်သုံးတဲ့ အုပ်ချုပ်တဲ့ အယူ အဆဟာ
လက်ရှိအစိုးရ ကို လေ့လာရင် မြင်တွေ့ရတယ်။ အဲဒီ လိုပြောလို့ သူတို့စိတ်ထဲမှာ
ဒေါသတွေ ထွက် မှာတော့ သေချာတယ်။ ဒါပေမဲ့ မိမိ ကိုယ်ကိုယ် အာဏာရှင်မှန်း
မသိတာက တော့ အဆိုးဆုံးပါပဲ။ အုပ်ချုပ်ရေးအာဏာကို ဘယ်နည်းမဆို ရယူထားကြတဲ့
စစ်အာဏာရှင်တွေဟာ လက်နက်နဲ့ အာဏာ သုံးပြီး ခြိမ်းခြောက်တဲ့ နည်းနဲ့
ပြည်သူတွေကို အုပ်ချုပ်လာခဲ့တာ ယနေ့ထက်တိုင်
မရွေ့သေးပါဘူး။သူတို့ရဲ့အမြင်တွေ၊ သူတို့ ရဲ့အယူအဆတွေဟာ ဘယ်နိုင်ငံရေးစနစ်
နဲ့ ကျင့်သုံးနေသလဲလို့မေးရင် အဖြေမရှိတဲ့ နိုင်ငံရေး လို့ပဲ ဖြေ ကြတယ်။
ရယ်စရာပါပဲ။ ““လုပ်တဲ့အလုပ်က ဒုစရိုက် အလုပ်တွေဖြစ် ပြီးမိမိကိုယ် ကိုယ်
(အရှင်မြတ် အရှင် ကောင်း) လူကောင်းလူတော်လို လုပ်ချင်ကြတဲ့ စစ်ဝါဒီအာဏာရှင်
နေပြည်တော်အစိုးရဟာ ကျင့်သုံးတဲ့ နိုင်ငံရေး စနစ်တွေ လွဲမှားကုန်ပါပြီ။
● ပြုံးရုံပဲပေါ့
နိုင်ငံရေး အာဏာဆိုတာ ပြည်သူရဲ့ ထောက်ခံမှုနဲ့ အာဏာကို ရယူထားတယ်
ဆိုတဲ့နာမည်ကိုတော့ လိုချင် ကြတာပါပဲ။ ဒါဆိုလည်း နေပြည်တော် အစိုးရဟာ
ပြည်သူ့ဆီက အာဏာကို ရယူထားတဲ့ အစိုးရ မဟုတ်ဘူး လား ဆိုတာကိုလေ့လာကြည့်၊
မဟုတ်သလိုလိုဘဲ ပြောရမလိုလားပဲ။ ဘာ ကြောင့်လဲဆိုတော့ ၂၀၁၀ရွေး ကောက်ပွဲဟာ
အဖိတ်အစဉ် နည်းပါးပြီး လွှတ်တော် အဆောက်အအုံ တစ်ခုလုံးမှာ စစ်ပြန်ကြီးတွေရဲ့
မျက်နှာ သက်သက် ရောက်သွားကြတာကိုကြည့်ရင် အာဏာရှင်မဟုတ်ဘဲ ဘယ်နေပါ့မလဲ။
လက်နက်နဲ့ အာဏာကို ခြိမ်းခြောက်ထားလို့ကြောက်ပြီး ငြိမ်ဝပ်နေ ရတဲ့
ပြည်သူတွေက မိမိရဲ့ဆန္ဒမဲရဲ့ တန်ဖိုးကို သိသိကြီးနဲ့ပေးခဲ့ရတဲ့ မဲဆန္ဒရှင်တွေ
ဒုနဲ့ဒေးပါပဲ။ ၂၀၁၅ခုနှစ်မဲပေးရင် စစ်အာဏာရှင်တွေကို မဲပေးဖို့
ပြင်ဆင်ထားကြတဲ့ နိုင်ငံရေး ပါတီအချို့ကတော့ အရပ်တိုင်းလိုလို
ဆိုင်းဘုတ်ကြီးတွေတင်ပြီး စည်းရုံးရေး မှူးကြီးတွေလည်း အရပ်တကာ
ဆင်းပြီးတော့ လှည့်လည်ဟော ပြောနေတာကို မြင်ရတော့ ပြည်သူ့ရင်ထဲမှာ
““သီလမရှိတဲ့ မျက်နှာကြီး””ဆိုပြီး ““မယုံဘူးဆိုပြီး”” ပြောသံတွေ ကြားရတော့
(အဲးခိုး) အရှင်တို့ ပြုံးရုံပဲပေါ့။
● အာဏာသိမ်းယူခြင်းတစ်မျိုး
အဲဒီလိုရေးပြ၊ ပြောပြလို့ အရှင့်ကို တစ်မျိုးတစ်မည်လေးတော့ မထင်မိပါနဲ့။
နိုင်ငံရေးသစ္စာ မတည်တဲ့ သူတွေရဲ့ လုပ်ရပ်ကို အမှတ်ရအောင် ပြောပြတာပါပဲ။
ပြည်သူတွေ စဉ်းစားကြပါ။ အုပ်ချုပ်ခွင့် ကို တရားသဖြင့် မရယူ ထားတဲ့
အစိုးရဟာစံ (NORM) မရှိဘဲ တန်ဖိုး (VALUE) လည်းမရှိပါဘူး။
စံမရှိတဲ့အလုပ်ဟာတန်ဖိုး ဘယ်မှာရ နိုင်မလဲ။ ဟန်ဆောင်တဲ့ အလုပ်ဟာ ကြားရတာ၊
မြင်ရတာ ရှက်စရာပါပဲ။ ရည်မှန်းချက် (GOAL) ဦးတည်ချက်မဲ့ တဲ့ အစိုးရဟာ
(အစိုးရကို) ပြည်သူတွေမှာ တာဝန်မမဲ့ကြဖို့ သတိပြုရမယ်။ အာဏာ ရဖူးတဲ့သူဟာ
နောက်ထပ် အာဏာပြန်ရဖို့ ဘယ်နည်းပဲဖြစ်ဖြစ် အုပ်ချုပ်ပိုင်ခွင့်ကိုရဖို့
လုပ်မှာပါပဲ။ ဘယ်လိုစနစ်နဲ့ လုပ်ယူမလဲ ဆိုတာကို တော့ ပြည်သူတွေ
စောင့်ကြည့်ပါ။ တွေ့ရလိမ့်မယ်။ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ
အုပ်ချုပ်ပိုင်ခွင့် ရယူ တဲ့နည်း မဟုတ်လား။လက်ရှိအစိုးရဟာ အုပ်ချုပ်
ပိုင်ခွင့်ကို မျိုးရိုးအစဉ်အဆက်အလိုက် အဆင့်ဆင့်ပေး အပ် တဲ့
အခွင့်အရေးလိုများ ထင်နေသလားတော့မပြောနိုင်ပါ။ တကယ်တော့ ဒီအစိုးရဟာ
သက်တမ်းကုန်ဆုံးဖို့ နီးလေ ကြမ်းတမ်းလာလေ ဆိုသလိုပါပဲ။ သူတို့ရဲ့ အာဏာကို
မလှန်နိုင်အောင် ဘယ်လိုကိုင် တွယ်ထားသလဲ ဆိုတာ ပြည် သူတွေသိမှာပါ။
သူတို့ရဲ့အာဏာကို လုံးဝဆောင်ရွက်ပေးမယ့် သူတို့ရဲ့အုပ်ချုပ်ရေး
အဖွဲ့ကိုလည်း သူတို့တွေ ဘယ်လို တည်ဆောက်ထားကြသလဲဆိုတာ ပြည်သူတွေ ကြည့်နေပါ။
တကယ်တော့ ပြည်သူတွေ ဟာအုပ်ချုပ်သူတွေရဲ့စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို
သဘောတူ လက်ခံခဲ့တာ မရှိပါ။ တရားမျှတမှုနဲ့ ရွေး ကောက်ပွဲနဲ့ အာဏာကို
ရယူနေကြတာပါ။ ဒီလို အုပ် ချုပ်ခွင့်ကို ရယူတဲ့အစိုးရကို ပြည်သူတွေက အာဏာ
သိမ်းယူခြင်း တစ်မျိုးပဲ ဆိုတာကို အားလုံးသိထားကြတယ်။ အားလုံးသဘော
ပေါက်ထားကြတယ်။
● မရေရာ မသေချာ
အာဏာရှင် (အာဏာရ) အစိုးရဟာ
လက်နက်အားကိုးပြီး ခြိမ်းခြောက်တဲ့ အ စိုးရပါ။ သူတို့ရဲ့ အမိန့်ကို ပြည်သူ
တွေ အတင်းလိုက်နာဖို့ တာဝန်ရှိတယ်ဆိုပြီး လက်နက်ပြ ခြိမ်းခြောက်နေတာပါ။
အဲဒီလိုမျိုး အုပ်ချုပ်လာခဲ့တာ ကို တိုင်းပြည်မှာ အာဏာမတည်ဘဲ
အာဏာမဲ့ခဲ့တာကြောင့် ပုံစံပြောင်းပြီးလုပ်နေတာကို ပြည်သူတွေအသိပါ ပဲ။
အခုဆိုရင် နိုင်ငံရေးပုံစံ အသစ်တွေရွေ့ပြီးတော့လိုက် ပြောင်းနေပါတယ်။
အကြံကောင်း ဉာဏ်ကောင်းသူ တွေရဲ့အကြံအတိုင်းလိုက်ပြီးတော့ ပြောင်းလဲနေပါတယ်။
ပြည်သူကတစ်မျိုး၊ လက်နက်ကိုင် အင်အားစုတွေက တစ်မျိုး၊ တိုင်းရင်းသား
အင်အားစုတွေက တစ်သွယ် ဖြစ်ကြတော့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအမြင်တွေ
အမျိုးမျိုး အသံတွေ ထွက်လာတာကို ကြားရတယ်။ တကယ်တော့အစိုးရ အဖွဲ့အစည်းဆိုတာ
အာဏာပိုင်စိုးထားသူ ဆို ပေမယ့် ကန့်သတ်ချက် အာဏာပဲ ပိုင်စိုးထားပါတယ်။ ထာဝရ
အာဏာပိုင်မဟုတ်ပါ။ မိမိကိုယ်ကိုယ်အထင်ကြီး၊ အမြင်ကြီးတဲ့ အစိုးရဟာ
အိုမင်းမစွမ်းတော့တဲ့ သူအိုနဲ့ တူနေပါတယ်။ အိုပြီးဆိုနေမှတော့
မစွမ်းနိုင်ကြတော့ တာအမှန်ပါပဲ။ ယခုအစိုးရလည်း ရေရှည်ရာထူး တည်မြဲရေးအတွက်
အားမကိုးထိုက်တဲ့ သူတွေကို မရေရာ၊ မသေချာတဲ့အတွေးခေါင်ခိုက်တဲ့ သူတွေရဲ့
အကြံကိုလက်ခံပြီး လိုပြငွေ၊ ဖောင်းပွဈေး၊ ဖွံ့ဖြိုးမှု အနုတ်လက္ခ ဏာ၊
ဘက်စုံကုန်တဲ့ အလုပ်တွေကို ပုံဖော်နေတာကို တွေ့ရတယ်။ ဒီ့ထက်ဆိုးတာက
ငြိမ်းချမ်းရေးကို မျောက် ပြဆန်တောင်း လုပ်တာဟာ အလွန်စက်ဆုပ်စရာပါပဲ။
အနုတ်လက္ခဏာ ဖောင်းပွတဲ့ ယခုလို အစိုးရမျိုးဟာ အုပ် ချုပ်ပိုင်ခွင့်ကို
ပြည်သူတွေက ဆက်လက်ပြီးတော့ ရွေးကောက်နေဦးမယ် ဆိုရင်တော့ အရှင်တို့ရဲ့
တိုင်းပြည် ဟာ မရေရာ မသေချာတော့တဲ့ တိုင်းပြည်ဖြစ်မှာပါပဲ။
● ဒုက္ခစက်ဝိုင်း
အခုဆိုရင် အရှင်တို့ တိုင်းပြည်ဟာ ကျွမ်းကျင် သွက်လက် ဉာဏ်ပညာ ဗဟုသုတ
အားကောင်းလာတဲ့ လူသစ်၊ သွေးသစ်၊ ဉာဏ်သစ်ရှင်တွေ ပေါ် လာပါတယ်။ တည်ငြိမ်တဲ့
အမြင်တွေ၊ အောင်မြင်ချက်ကို နားလည်တဲ့ သူ တွေ၊ ရည်ရွယ်ချက်ကောင်းကို
နားလည်တဲ့သူတွေကို နိုင်ငံရေးထဲမှာပါလာဖို့ လက်ရှိအစိုးရမှာ တိုက် တွန်းပေး
ဖို့လိုအပ်တယ်။ တိုက်တွန်းအား ပေးမှု မပေးဘဲ အားမကိုးထိုက်တဲ့ သူတွေ ကို
ဆရာတင်ပြီး မိုက်ချင်သလို မိုက် နေတဲ့ သူတွေရဲ့ ပေးတဲ့အကြံကို ယူတဲ့
ဒီအစိုးရဟာ နိုင်ငံဖွံ့ဖြိုးမှုအတွက် အလုပ်လုပ်တဲ့ အစိုးရလို့ ဘယ်သူမှ
ချီးမွမ်း ထောမနာပြုမှာ မဟုတ်ပါ။ ဆန်းစစ်လေ့လာမှု အားနည်း ခြင်းကြောင့်
နိမ့်ကျမှု အမျိုးမျိုးဘက်ကို အား ပေး၊ အကြံပေးတဲ့ပုဂိ္ဂုလ်ရေး ယုံကြည်
မှုထားတဲ့ ဒီအစိုးရဟာ ၂၀၁၅ ခုနှစ်ရဲ့ ရလဒ်ကိန်းကို ကြည့်ရသေးတာ ပေါ့။
တိုင်းပြည်တစ်ပြည်ရဲ့ဖွံ့ဖြိုးမှု စံနှုန်းဟာ ကျင့်သုံးနေတဲ့
နိုင်ငံရေးမူဝါဒနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဆက်ဆံမှုထိခိုက်တတ်တဲ့
နိုင်ငံရေး မူဝါဒကြောင့် နိုင်ငံခြားသုံးငွေ ကျဆင်းတတ်ပါတယ်။ နိုင်ငံခြား
ရင်းနှီးငွေ လျော့ပါးခဲ့ရင် ပြည်တွင်း ရင်းနှီးမှုတွေလည်း ကျဆင်းမှာပါပဲ။
ပြည်တွင်းနိုင်ငံရေး အရှိန် အားနုပ်ရင်၊ ပြောင်းလဲ ပေးရတဲ့ နိုင်ငံရေး
မူဝါဒတွေ မကျွမ်းကျင်ရင် လက်ညှိုးထိုး ပြတတ်တဲ့ အာဏာအသုံးပြု နည်းပညာ
ဟာကောင်း တဲ့ နိုင်ငံရေးရလဒ် ဘယ်တော့မှ မရနိုင်ပါ။ စိုက်ပျိုးရေး
ထွန်းကားအောင် လုပ်မယ့် နိုင်ငံရေးအရှိန်ဟာ စက်မှု ထွန်းကားမယ့်
နိုင်ငံရေးအရှိန်နဲ့ မတူပါ။ စိုက်ပျိုးရေးကို အခြေခံမယ့်
နိုင်ငံရေးအရှိန်ဟာ အုပ်ချုပ်မှုစနစ်တွေ ပြောင်းရ မယ်။ ဒီမိုကရေစီနဲ့
နီးကပ်အောင် ပြောင်းပေးရမယ်။ ကိုယ်တွေ့အောင်မြင်မှု သိသာအောင် ပြရမယ်။
အုပ်ချုပ်သူတွေက ဒီမိုကရေစီ နိုင်ငံရေးမူဝါဒဘက်ကို စိတ်မညွတ်ရင်
(အကျင့်မဖြစ်၊ မရောက်ရင်) ရေ ရှည်စီမံ ကိန်းတွေ မအောင်မြင်နိုင်ပါဘူး။
အင်အား အသုံးပြုခြင်းဟာ ရေရှည်ပြဿနာကိုမဖြေ ရှင်းနိုင်ပါ။ တရားဝင် မှုပြ
ဿနာရှိတဲ့ လက်ရှိအစိုးရဟာ လုပ်ဆောင် ချက်ကောင်း ဘယ်လိုပဲပြပြ
ဒုက္ခစက်ဝိုင်းလည်လို့ မဆုံးနိုင်ပါဘူး။
● ချိုးဖောက်ဖျက်ဆီး
မြန်မာပြည်ဟာ လူဦးရေ သန်းပေါင်း ၆၀ လောက်သာ ရှိပါတယ်။ အရင်းအမြစ်
ကောင်းတွေ များစွာရှိပါတယ်။ လူတိုင်း ချမ်းသာကြွယ်ဝအောင်၊ မျှတအောင်လုပ်
ပေးနိုင်တဲ့ အစိုးရမပေါ်ပေါက်သေးပါဘူး။ အုပ်ချုပ်သူနဲ့ အုပ် ချုပ်ခံသူတွေ
စကားများ၊ သဘောထားကွဲလွဲ နေကြတာနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေကြတယ်။ အုပ်ချုပ်
ပိုင်ခွင့် ရတဲ့သူတွေက အာဏာကို ဆုံးရှုံးသွားမှာ စိုးရိမ်နေတာကြောင့်
ရုပ်အား၊ စိတ်အား၊ ကျင့်ဝတ်အားတွေ ပျက်စီး ကြပြီး နိုင်ငံရေး အာဏာကို
ရှုံးမဲ့သွားမှာ ကြောက်ကြတယ်။ အုပ်ချုပ်ပိုင်ခွင့် အာဏာဆိုတာ ထာဝရ မဟုတ်ပါ
ဘူး။ ကိုယ်ကျိုးရ အာဏာမဟုတ်ပါဘူး။ မိမိကိုယ်ကျိုးသာ လုပ်နေမယ်ဆိုရင်
နိုင်ငံရေး ခုံရုံးထဲမှာ ၀င်လာစရာ မလိုပါဘူး။ အုပ်ချုပ်ပိုင်ခွင့်
မရှိတော့မှာ စိုးကြောက်တဲ့အစိုးရဟာ ပြည်သူ ကို ပြဿနာရှာတတ် တယ်။ အတိုက်
အခံကို အဖျက်သမားဆိုပြီး ပြောတတ်၊ သမုတ်တတ်တယ်။ သတိထားရမယ်။
နိုင်ငံရေးသဘောက သူမှန် ကိုယ်မှန်ချည်းပါပဲ။ သူဆိုကိုယ်ပြောကြ တာပါပဲ။
အမှားအမှန်ကို မိမိတို့ကိုယ်တိုင် မဆုံးဖြတ်ရပါ။ ဘက်မလိုက် တတ်တဲ့
သတင်းမီဒီယာနဲ့ အဆုံးအဖြတ်ယူရမယ်။ လူထုတွေပေးတဲ့ အချက်အလက်နဲ့သတင်း
မီဒီယာတွေက ရတဲ့ အဆုံးအဖြတ်တွေကို ပိုနားထောင်ရမယ်။ အာဏာရှင် အစိုးရ
ဖြစ်ရင်တော့ ဒါတွေကို လက်မခံပါဘူး။ လက်ရှိ ဦးသိန်းစိန်အစိုးရဟာ ဒီအချက်
တွေအားလုံးအပေါ်မှာလက်ခံ၊ မခံ ပြည်သူတွေ လေ့လာကြည့်ရင် သိနိုင်ပါတယ်။
သတင်းရေး၊ သတင်းမေး၊ သတင်း မှန်၊ သတင်းစံသမားတွေကို အကျဉ်းအကျပ်ချ
ထားပြီးသူတို့ ဘက်ရပ်တည်နိုင်မယ့် သတင်းမွေး၊ သတင်းပေး သူတွေကိုတော့
စိတ်အေး လက်ချထားတဲ့ ဦးသိန်းစိန် အစိုးရ က စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့
တိုင်းပြည်ပြုပြင် ရေးမူဝါဒကို ချိုးဖောက်ဖျက်ဆီးတာပါပဲ။
● စစ်အုပ်စုပါတီစုံ နိုင်ငံရေးလား
သတင်းမီဒီယာ (Media) ဆိုတာ ဘက်မလိုက်ဘဲ လွတ်လပ်တဲ့ သတင်းမီဒီ
ယာမျိုးပဲဖြစ်ရမယ်။ အစိုးရလုပ်ငန်း ကို ဝေဖန်အကြံပေးရမယ်။
အတိုက်အခံသဘောမျိုးကို ကျေကျေညက်ညက် (ဒိဋ္ဌ) မြင်တဲ့ အတိုင်း ဝေဖန်ပြော
ဆိုရေးသားရမယ်။ အပြုသဘောဆောင်တဲ့ သတင်းသမားတွေကို အစိုးရဖြစ်တဲ့အဖွဲ့အစည်းက
သူတိုရဲ့ လုပ် ပိုင်ခွင့်ထဲက ဆောင်ရွက်တဲ့ သတင်းက မှန်ကန်မှုရှိ၊ မရှိ
သတင်းနဲ့ပြန်ကြားရေး ကို ကြီးကျယ်ခမ်းနားစွာ လုပ် ထားရမယ်။ သတင်းနဲ့
ပြန်ကြားရေး ဌာနက ပြည်သူနဲ့အစိုးရ အမှားအမှန်ကိုဝေဖန်ထောက်ရှုတဲ့ အသိပေး သတိ
ပေးတဲ့ ပြတိုက်ပါပဲ။ ယခု လက်ရှိ နေပြည်တော်အစိုးရရဲ့ လုပ်ပိုင်ခွင့်
ပြုထားတဲ့ သတင်းပြန်ကြားရေး မီဒီယာ တွေဟာ အရည်အချင်းပြည့်ဝမှုရှိ၊ မရှိ
သတင်းပြန်ကြားတဲ့ လုပ်ငန်းကို လူထုတွေ စိတ်မ၀င်စားဘဲ ကြော်ငြာ အဆင့်သာသာ
လောက်ပဲ သတင်း အစီအစဉ်တွေမှာ ရေး သားတတ်တာကို ပြည်သူတွေမျက်မြင်တွေ ပါပဲ။
အဲဒီ လိုကဲ့ရဲ့ပြစ်တင်ပြောလို့ ဆိုးတယ် လို့ ထင်ကောင်းထင်နေ (ထင်လေ)မှာပဲ။
သတင်းဆိုတာ အရပ်လေးမျက်နှာ မှာ ဖြစ်နေတဲ့အခြင်းအရာ
အမျိုးမျိုးကိုချို့ယွင်း ချက်မရှိလူထုကို အသိပေး၊ သတိပေးခြင်း ပါပဲ။
အခကြေးငွေယူ လို့ ၀ါဒဖြန့်ချိရေး မဟုတ်ပါ။ ဘက်လိုက်မှုဖြစ်တဲ့ သတင်းဖြစ်ရင်
သတင်းလို့ မသတ်မှတ်နိုင်ပါ။ ယနေ့ မြန်မာပြည်မှာ သတင်းနဲ့ ပတ်သက်လို့
ဥပဒေပြဋ္ဌာန်းချက် မထားဘဲ (ကန့်သတ် ချက်) တာဝန်ခံ၊ တာဝန်သိ၊ တာဝန်ယူဆိုတဲ့
အချက်သုံးချက်နဲ့သာပြောဆိုပြီးထား ကြတယ်။ ကိုယ်လုပ်ကိုယ်ခံ၊ ကိုယ်ဖြစ်
ကိုယ်ခံ သဘော နဲ့ထားတယ်။ လွတ်လပ်တဲ့ စည်းကမ်းချက် မထားဘဲ စည်းဘောင်လွတ်တဲ့
သဘောထားနေတာကို တွေ့ရ တယ်။ ဒီ သဘောထား သတင်းမီဒီယာရှင်တွေအတွက်
အပြစ်ပေးဖို့အတွက် သတ်မှတ်တဲ့ စိန်ခေါ်မှုတစ်ခု (တစ်မျိုး)လို ဖြစ်နေတာကို
တွေ့ရတာ စစ်အုပ်စုပါတီစုံ နိုင်ငံရေး မီဒီယာလိုဖြစ်နေတယ်။
● စိတ်ကူးပုံမှား
မီဒီယာအရေးကိစ်္စအတွက် ထားပါစေဦး။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ
လွှတ်တော်သုံးရပ်မှာ တပ်မတော် သားလွှတ်တော်တစ်ရပ် ပါဝင်နေတာကို တွေ့ရမှာပဲ။
လွှတ်တော်လည်း တစ်ရပ်ယူ ထားသလို လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလည်း
၂၅ရာနှုန်းအထိယူထားတယ်။ ၂၅ရာခိုင်နှုန်းအထိ ယူထားနေတာကို တောင် အားမရဘဲ
ဆန္ဒခံတွေလည်း ပေးသေးတယ်။ တကယ်တော့ လွှတ်တော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း
ယူရင် ဆန္ဒမဲမပေးကြတာ ကောင်းတာပေါ့။ ဆန္ဒမဲပါ ပေးခွင့်ပြုတဲ့အခါ
စစ်အုပ်စုပါတီအဖွဲ့ကပဲ ရမဲများနေမှာ ပါပဲ။ ဖြစ်သင့်တာကတော့ ၂၅ရာခိုင်နှုန်း
လွှတ်တော်အမတ် ဦးရေယူထားရင် ယင်းသက်ဆိုင်သည့် အဖွဲ့အ စည်းတွေက
ဆန္ဒမဲပေးခွင့်(ပေးမှု) (ပေးတာကို)ကို မပေးဘဲ ရပ်ထားရမယ်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေမှာ ပြဋ္ဌာန်း သင့်တယ်။ အဲဒီ လိုစည်းဘောင်စနစ်မကျတာကြောင့်
အာဏာရပါတီရဲ့လှည့်ကွက်က ၂၅ရာခိုင်နှုန်း အဖွဲ့ အစည်းတွေနဲ့
ပူးပေါင်းနေတယ်ဆိုတာကို ထင်ရှားတယ်။ ဒါကြောင့် ဒီမိုကရေစီမှာ
လူထုပါဝင်ခွင်နဲ့ ယှဉ်ပြိုင်ခွင့် ပဲရှိပါတယ်။ တပ်မတော်ယှဉ်ပြိုင်ခွင့်၊
မဲပေးပိုင်ခွင့်မရှိပါဘူး။ နိုင်ငံတော်စနစ် ပြောင်းသွား ပေမယ့်
အုပ်ချုပ်ရေး စနစ်၊ အုပ်ချုပ်မှုအာဏာ မပြောင်းလဲနိုင်တာက နိုင်ငံရေးစနစ်၊
အမာခံမကောင်းလို့ပါပဲ။ အခုဆိုရင် နိုင်ငံ တကာ ကလက်ရှိအစိုးရကို
အားပေးထောက်ခံမှု အားနည်းလာတာကို တွေ့ရတယ်။ ဆွဲဆောင်အားကောင်းတဲ့ ခေါင်း
ဆောင်မှု မတတ်တော့ ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်မလာဘဲ
စိတ်ကူးပုံမှားတာတွေနဲ့ပဲ အချိန်ကုန်နေ တာ တွေ့ရတယ်။
● သင်ခန်းစာရယူပါ
စိတ်ကူးယဉ်ဆိုရှယ်လစ်စနစ်ကို ယုံကြည်ခဲ့ဖူးလို့ တစ်တိုင်းပြည်လုံးဘ၀တွေ
ပျက်စီးခဲ့ရတယ်။ အခုလည်း လူလူ ချင်း ခေါင်းပုံဖြတ်တာတွေ၊ ဆင်းရဲခြင်းအမျိုး
မျိုးတွေ့ကြရတာတွေဟာ လက်ရှိအစိုးရက ဘာကူညီပေး နိုင်သ လဲ ဆိုတာကိုကြည့်ရင်
လူထုတွေသိနိုင်ပါ တယ်။ နိုင်ငံရေးမှာ အခြားရွေးချယ်စရာ
နည်းလမ်းတွေအများကြီးပါ။ အရင်းအမြစ် နိုင်ငံရေးဘဏ်တိုက်တွေ
အများကြီးပါ။ကောင်းတာတွေ အများကြီးပေါ့။ သတိရစရာလေးတစ်ခု ပြောချင်ပါတယ်။
မြန်မာပြည်မှာနေတဲ့ လူတိုင်းဟာ ““သမိုင်းပေးတာဝန်ဆိုတဲ့စကားနဲ့ မစိမ်းပါ။
သမိုင်းပေး တာဝန်””ဆိုတာ တိုင်းပြည်ကို အာဏာသိမ်းယူဖို့လား။
စဉ်းစားကြည့်ပါ။
““၁၉၆၂ ခုနှစ်၊ မတ်လ ၂ရက်နေ့မှာ အာဏာသိမ်းပြီး
ဧပြီလ ၃၀ရက်နေ့မှာ ပါတီထောင်ဖို့ ကြေညာချက်ထုတ် ပြန်ချက်က
သူ့အာဏာယူဖို့ချောင်းနေ တာကြာပြီ လို့ဆိုတဲ့ အချက်ကိုပြောပြနေပါတယ်။
ဦးနေ၀င်းက မကောင်း တဲ့ အစဉ်အလာ တစ်ရပ်ကို မြန်မာနိုင်ငံမှာ
လုပ်ဆောင်သွားခဲ့ပါတယ်။ သူကဦးအောင်ဆန်းနဲ့ ဆန့်ကျင် ဘက် လမ်းစဉ်ကို
ရွေးချယ်ခဲ့ပါတယ်။ တစ်ဦး တစ်ယောက်ကောင်း ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး
ဦးနေ၀င်းလုပ် ဆောင် ချက် အမှားထဲက သင်ခန်းစာယူပြီး နောင်လာနောင် သားများ
ခုလိုအမှားမျိုး ထပ်ကာ ထပ်ကာ မဖြစ်ပေါ် စေဖို့ သတိချပ်အပ်ပါ
တယ်””(အုပ်ချုပ်ပိုင်ခွင့်နှင့် ဂနီ်္ဒခန်းမမိန့်ခွန်း၊ ၂၀၁၄ သြဂုတ်လ)
ဆိုတဲ့ စကားဟာ အရှင် တို့ သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။
● ချမ်းမြေ့သာယာဖြစ်လာမှာ
၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အခြေအနေကို လေ့လာပါ။
အာဏာသိမ်းယူပွဲတွေ၊ ဆန့်ကျက်ဘက်နိုင်ငံရေး အန်တု မှုတွေပေါ်လာမှာပါ။
ဒီအချက်ကို ဘာကြောင့် ရဲရဲပွင့်ပွင့်လင်းလင်း ပြောနိုင်ပါသလဲဆိုရင်
လက်ရှိအစိုး ရရဲ့လုပ်ပုံတွေဟာ ယခင်ဆိုရှယ်လစ်လမ်းစဉ်ပုံစံနဲ့ တူညီနေ
လို့ပါပဲ။ တကယ်ပဲ နိုင်ငံရေးကို ကြီးမားတဲ့ ရည် ရွယ်ချက်ထားရင်
အပြိုင်အဆိုင် နိုင်ငံရေးပုံစံကို ပြောင်းလဲပေးပါ။ ရက်စက်ဖြို
ခွင်းဖျက်ဆီးတဲ့ အမှုအရာတွေ ရှောင်ကြဉ်ပါ။ ရှုတ်ချပြစ်တင်ဝေဖန်တာကို
အလေးထားဆောင်ရွက်ပါ။ ကန့်ကွက်ဆန္ဒပြမှုတွေရဲ့ တင်ပြတဲ့ အရေးယူမှုတွေကို
ထိရောက်တဲ့ အရေးယူမှုတွေလုပ်ပေးပါ။ တိကျမှန်ကန်စွာ အရေးယူဆောင်ရွက်ပေးပါ။
ပိတ် ပင်ချက် ပိတ်ပင်မှုတွေကို ပြီးဆုံးအောင် ပြည်သူအရေးကိုတစိုက်မတ်မတ်
ရပ်တည်ပေးပါ။ အုပ်ချုပ်ပိုင်ခွင့်အရ အုပ်ချုပ်ခံ ပြည်သူတွေဘက်ကို
ရပ်တည်ပြီး အလွယ်လမ်းကို မလိုက်ဘဲအလယ် အလတ်လမ်းစဉ်ကို ချမှတ်ပြ ပေးပါ။
ပြဿနာအရပ်ရပ်ကို မကြီးထွားစေဘဲ တိကျတဲ့ အုပ်ချုပ်ပိုင်ခွင့်အတိုင်း
သိသာထင်ရှားစွာ ဆောင်ရွက် ပါ။ အလွဲသုံးစားခြင်း (ပြုခြင်း)နဲ့ ပတ်သက်၍
နိုင်ငံရေး ရောဂါမဖြစ်စေဘဲ တိကျတဲ့စိတ် ပိုင်းဖြတ်မှုကို ရဲရဲရင့်ရင့်
ရပ်တည်ပါ။ ရာထူးရာခံကို စွန့်နိုင်သူဖြစ်အောင် လုပ်ပါ။ ကောက်စိတ်
ကောက်ကြံမထားဘဲ စိတ်ဓာတ်အရည် အသွေးဖြစ်တဲ့ ဖြောင့်စင်းရိုးသားတဲ့
စိတ်ဓာတ်ကိုမွေးပါ။ ကြံ့ကြံ့ခိုင်နိုင်မယ့် အုပ်ချုပ်ပိုင်ခွင့်ပညာကို
ပိုင်ဆိုင် မှုဖြစ် လာအောင် ပြယုဂ်ကောင်းတွေပြ ထားပါ။
ပုံစံကောင်းကိုအမြဲပေးပါ။ နေရာကောင်းကို ပေးစရာမလိုဘဲ ““အာဏာပိုင်ခွင့်””
ကောင်းကိုပေးပါ။ မအောင်မြင်နိုင်တဲ့ နိုင်ငံရေးနည်းလမ်း ကို ရှင်းထုတ်ပြီး
ပြည်သူ့လက်ထဲ ကို ပြည့်အာဏာ အပြည့်အ၀ထားပါ။ ဆူပူလှုပ်ရှားတဲ့
နိုင်ငံရေးအကျင့်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ပေးပါ။ စတဲ့အကြံဟာ
လက်ရှိနေပြည်တော်အစိုးရမှာ ကြိုကြိုတင်တင်နားလည် သဘောပေါက်ထားရင် မြန်မာ
ပြည်နိုင်ငံရေး နည်းလမ်းဟာ ချမ်းမြေ့သာယာဖြစ်လာမှာပါပဲ။
● နေရစ်ခဲ့တော့
ဒီနေ့လက်ရှိ နေပြည်တော်အစိုးရဟာ အာဏာယန္တရား တည်ဆောက်ထားပုံ အစီအစဉ်တွေဟာ
စံချိန်စံညွှန်းနိမ့် ပါသေးတယ်။ မိမိရဲ့နိုင်ငံရေးအာဏာကို စည်းစနစ်ကျကျ
စိတ်ပါလက်ပါအုပ်ချုပ်တာ မပြဘဲ ယုံကြည်မှု အား နည်းတဲ့ အာဏာ
ရှိသူတွေလိုဖြစ်နေတယ်။ နိုင်ငံရေးအာဏာကို ယုံကြည်မှု အားနည်းတဲ့သူဟာ အဖျက်
အမှောင့်ကြိုက်တဲ့ အာဏာရှင်တွေပါပဲ။ အာဏာသိက္ခာကို မရိုသေ၊ မလေး စားရင်
ယဉ်ကျေးတဲ့ နိုင်ငံရေး အဖြေကို တွေးတတ်မှာမဟုတ်ပါ။ ယနေ့ကမ္ဘာ့
အပြည်ပြည်ဆိုင် ရာ နိုင်ငံရေးအပြေးဟာ ယဉ်ကျေးမှုလိုင်းပြတဲ့
နိုင်ငံရေးပုံစံလိုပြ ပြီး ဘုံနိုင်ငံရေးစနစ်နဲ့ ရပ်တည်ထားမယ့်
နိုင်ငံရေးစနစ်ပါ။ ဒီနိုင်ငံရေး သဘောတရားဟာ ယခင်က နိုင်ငံရေးမူဝါဒတွေနဲ့
မတူဘဲ မသိမသာ ဘုံဝါဒစနစ်နိုင်ငံရေးလို ဖြစ်နေ တယ်ဆိုတာကို လက်ရှိ
နေပြည်တော် အစိုးရမှာ သိထားဖို့လိုပါတယ်။ နိုင်ငံရေး ကစားကွင်းဟာ
အိမ်ရှေ့ကစားကွင်း မဟုတ်ဘဲ ကမ္ဘာ တစ်ခုလုံးကို ကစားတဲ့ နိုင်ငံရေးကွင်း
ဖြစ်တာကြောင့် လူသားအရင်းအမြစ်၊ ပညာရေးအရင်းအမြစ်အား မကောင်းရင်
မလိုက်နိုင်ပါ။ စကားများရန်ဖြစ်တဲ့ အစိုးရ လောက်ကတော့ နေရစ်ခဲ့တော့တာပါပဲ။
● အဓိက ဦးဆောင်
ယနေ့လူတွေရဲ့ အလေ့အကျင့်ဟာ စုပေါင်းနေထိုင်တဲ့ အလေ့အကျင့်တွေများ လာတယ်။
တစ်ဦးခေါင်းဆောင်၊ တစ်ဖွဲ့ ခေါင်းမထားဘဲ အားလုံးပါဝင်နိုင်တဲ့ လုပ်
ဆောင်ခြင်းကို ဦးစားပေးလာကြတယ်။ အားလုံး နေထိုင်နိုင် ရန်အတွက်
အကျင့်အတွက် စည်းမျဉ်းစည်းကမ်း ဥပဒေတွေ လည်း သတ်မှတ်ထားကြတယ်။ ရေးဆွဲ ထားကြ
တဲ့ ဥပဒေတွေကိုလည်း လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုကို ချုပ်ချယ်တာမထားကြဘဲ
လူအများလုံခြုံရန်၊ အတူ တူငြိမ်း ချမ်းစွာနေထိုင်ရန် စုပေါင်းပြီးတော့
ရေးဆွဲပြဋ္ဌာန်းထားကြတယ်။ လူ့အဖွဲ့အစည်း တိုင်းမှာ နေထိုင်ရေး ယန္တရားစနစ်ကို
သို့မဟုတ် အုပ်ချုပ်ပိုင်ခွင့်အာဏာကို အခြေခံ ဥပဒေမှာ
သေချာစွာဘောင်ခတ်ထားပြီး အုပ်ချုပ် ပိုင်ခွင့်ရတဲ့ သူအားလုံးကို ရိုသေစွာ
ကျင့်သုံးရမယ်။ လွှတ်တော်အစည်းအရုံး အခြေခံဥပဒေခုံရုံးထားပြီး လူနည်း စု၊
လူများ စု အုပ်ချုပ်မှုမထားဘဲ ပြည်သူ့အကျိုးပြုနိုင် တဲ့
လူအားလုံးနဲ့စုပေါင်းပြီး တိုင်းပြည်အ ကျိုးပြုနိုင် တဲ့သူ
အားလုံးနဲ့စုပေါင်းပြီး တိုင်းပြည်အကျိုးတွေကို ဦးဆောင်ကြတယ်။
ပြည်သူအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင် ဘက် မထားဘဲ စည်းကမ်းပြည့်ဝတဲ့ပြည်သူ
ဦးဆောင်တဲ့ နိုင်ငံရေးစနစ်ကို ရိုသေစွာ ကျင့်သုံးကြတယ်။ အာဏာရှင် ဆန်တဲ့
နိုင်ငံရေးစနစ်၊ မင်းမဲ့ဝါဒဆန်တဲ့ နိုင်ငံရေး စနစ်တွေဟာ
ကျဆုံးသွားကြကုန်ပါပြီ။ လွတ်လပ်တဲ့ နိုင်ငံရေး စနစ်၊ စည်းကမ်းပြည့်ဝတဲ့
နိုင်ငံရေးစနစ်နဲ့အတွင်း လွတ်လပ် တဲ့ နိုင်ငံရေးစနစ်တွေဟာ ခုချိန်ထိတော့
အဓိက ဦးဆောင်နေတုန်းပါပဲ။
● အလိမ်အညာခံ
အတွင်းလွတ်လပ်ခါစ
အရှင်တို့ရဲ့ မြန်မာပြည်နိုင်ငံရေးဟာ စမ်းသပ် စီမံကိန်း တွေကြောင့် တချို့က
နိုင်ငံရေး လွတ်လပ် လုံခြုံမှုရှိလာတယ်လို့ ယူဆကြတယ်။ နိုင်ငံရေးလွတ်လပ်
လုံခြုံမှုရှိနေတာကို အခွင့်ကောင်းယူပြီး စမ်းသပ်စီမံကိန်းတွေ တိုင်းရင်းသား
ဒေသနယ်မြေတွေမှာ ၀င်ရောက် လာတာကို တွေ့ရတယ်။ ဒီစီမံကိန်းတွေ ဟာ
နိုင်ငံခြား တိုင်းပြည်တွေက လှူဒါန်းခဲ့တာပါ။ အဲဒီလို စမ်းသပ်စီမံကိန်း
လုပ်ငန်းကို လုပ်တဲ့ အစီအစဉ် မှာ
၁။ စီမံကိန်းနယ်မြေ၊
၂။ စီမံကိန်းကာလ၊
၃။ စီမံကိန်း မိတ်ဖက်အဖွဲ့များ
၎။ စီမံကိန်း ရန်ပုံငွေ၊
၅။ အလှူရှင်၊
၆။ ပံ့ပိုးအားဖြည့်မှု ပမာဏ- (အနည်းအကျဉ်း၊ အလယ်အလတ်၊ မြင့် မား) စတာတွေကို
အစိုးရက ပြည်သူတွေ သိအောင်ချမပြဘဲ ဒေါ်လာသန်းပေါင်း မြောက်မြားစွာ
စီမံကိန်းတွေမှာ အသုံးပြု နေတာတွေ့ရတယ်။ ဒီငွေတွေ ဟာ စီမံ ကိန်းအတွက်
ထိရောက်မှုမရှိဘဲ ရန်ပုံငွေများလိုအပ်ဆဲဆိုပြီး မြန်မာ့ငြိမ်းချမ်းရေး
အထောက် အကူပြု တဲ့ အဖွဲ့ MPSI ၂၀၁၂-၂၀၁၄ က သူတို့ရဲ့ လုပ်ငန်းအတွေ့
အကြုံနဲ့ ရရှိတဲ့သင်ခန်းစာတွေ၊ ပြန်လည် ဆန်းစစ် ချက်တွေကို လေ့လာကြည့်ရင်
အရှင်တို့ရဲ့ ပြည်သူတွေဟာ အစိုးရလှည့်သလို သို့မဟုတ် စီမံကိန်းလာ စမ်း
သပ်သူတွေရဲ့ လှည့်သလိုနဲ့ပဲ အလိမ်အညာခံ လိုက်ရတယ်။
● နိဂုံး
ဟုတ်ပါပြီ။ သက်တမ်း ၁၈လသာ ကျန်တော့တဲ့ နေပြည်တော် အစိုးရမှာ-
- ပြည်သူအကျိုး၊
- သူတို့ ကိုယ်ပိုင်အကျိုး၊
- သူတို့ရဲ့ အာဏာဆက်လက်ခံစား ဖို့အကျိုး၊
- နိုင်ငံရေးလှည့်ကွက် အမျိုးမျိုး ဘယ်လိုလုပ်ပြမလဲ ဆိုတာကို ပြည်သူ တွေစောင့်မျှော်ကြည့်နေကြပါ။
““ရင်တွင်းလှိုက်ပူ၊ ပွက်ပွက်ဆူ၊ ကယ်သူဝေးမည်ပ”” ဆိုတဲ့ သံဝေဂလင်္ကာ လေးကိုတော့ မမေ့လျော့ဘဲ သတိ ပေးပါ ရစေလား။
Credit - Myanmartandawsint Newspaper
No comments:
Post a Comment