ရန်ကုန်၊ စက်တင်ဘာ ၂၂။
၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
ပေးအပ် ပွဲတွင် ပြည်သူများအား လက်မှတ် ရောင်းချတော့မည် မဟုတ်ဟု မြန်မာ
နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။
''လောလောဆယ်တော့အ ကယ်ဒမီပေးပွဲကိုလက်မှတ်တွေမ ရောင်းတော့ဘူးလို့ စဉ်းစားထား
တယ်။ အဓိကရုပ်ရှင်ထူးချွန်ဆုပေး ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်
ကနေပြီးတော့ စဉ်းစားကြည့်တော့ အနုပညာရှင်တွေကို ပိုပြီးတော့ဖိတ် ရင်
ပိုကောင်းမယ်။ အခုဟာက ပရိ သတ်တွေရော၊
မီဒီယာသမားတွေရယ် အနုပညာရှင်တွေအတွက်
နေရာ စီစဉ်ပေးနေရတော့ အနုပညာရှင် တွေကို ဖိတ်တဲ့နေရာမှာ ကန့်သတ် လိုက်ရတယ်။
အဲဒီအတွက် ဒီနှစ်မှာ ပရိသတ်တွေအတွက် လက်မှတ် မရောင်းတော့ဘူးလို့
စဉ်းစားဖြစ်ခဲ့ တာပါ''ဟုမြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဒု-ဥက္ကဋ္ဌ
ဦးအေးကြူလေးက ပြောသည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင်
အနုပညာရှင်များအား ယခင်နှစ် များကထက် ပိုမိုဖိတ်ကြားနိုင်ရေး
အတွက်ပရိသတ်များအား အကယ် ဒမီကြည့်ရှု့နိုင်သည့် လက်မှတ်များ အား
ရောင်းချတော့မည်မဟုတ် ကြောင်းသိရသည်။
အကယ်ဒမီရွေးချယ်ကြီးကြပ်
ရေးကော်မရှင်နယကဦးနှင်းမိုးက ''အရင်နှစ်တွေတုန်းကဆိုရင် အနု
ပညာရှင်တွေလာပြီးဆိုတာနဲ့ ဟိုလူ ကဆွဲ ဒီလူကဆွဲ အနုပညာရှင်တွေက
အဲဒီလူအုပ်ကြားထဲကနေပြီးတော့ အတင်းတိုး ထွက်နေရတဲ့မြင်ကွင်း က
အမြင်ဆိုးစေတယ်။ အဲဒါကြောင့် လက်မှတ်တွေမရောင်းတော့တာ ပါ'' ဟုပြောသည်။
မြန်မာနိုင်ငံ၏ရုပ်ရှင်လောက တွင်တစ်နှစ်တစ်ခါသာပြုလုပ်လေ့ ရှိသည့်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး အပ်ပွဲတွင်ပြည်သူလူထုဝင်ရောက်
ကြည့်ရှုနိုင်ရန်အတွက်လက်မှတ် များရောင်းချ၍ စီစဉ်ပေးလေ့ရှိပါ သည်။
ထိုသို့ ပြည်သူလူထုအတွက် နေရာများစီစဉ်ပေးသော်လည်းပ ရိသတ်များသည်
အနုပညာရှင်များ အား မျက်စိရှေ့တွင်မြင်တွေ့သည်
အခါတွင်ဓာတ်ပုံတွဲရိုက်ခြင်း၊ လက် မှတ်ထိုးခိုင်းခြင်း၊ စကားလိုက်ပြော
ခြင်းအစရှိသည့်လုပ်ရပ်များကြောင့် ယခုကဲ့သို့စီစဉ်လိုက်ခြင်းဖြစ်ကြောင်း
သိရသည်။
''အကယ်ဒမီပေးပွဲကိုပိုက်ဆံ အကုန်အကျခံပြီးတော့ လက်မှတ်
ဝယ်ပြီးတော့ လာကြည့်တယ်ဆိုတာ က အနုပညာရှင်တွေကိုလာအားပေး တာပါ။
ကျွန်မတို့ဘက်ကတော့ လက် မှတ်ရောင်းစေချင်ပါတယ်။လုံခြုံရေး တွေနဲ့
သေချာစီစဉ်လိုက်ရင်တော့ ပရိသတ်တွေနဲ့အနုပညာရှင်တွေ မရောထွေးတော့ပါဘူး''ဟု
အကယ် ဒမီပေးပွဲအားနှစ်စဉ်သွားရောက် ကြည့်ရှုသူ မမြင့်စန်းကပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး အပ်ပွဲပြုလုပ်ကျင်းပသည့်နေရာ
တွင်လူဦးရေတစ်ထောင်ဆံ့ပါ ကအနုပညာရှင်များအားတစ်ဝက်
စီစဉ်ပေးပြီးကျန်တစ်ဝက်အားမီဒီ ယာသမားများအားအရေအတွက်
ဖြင့်သာဝင်ခွင့်ပေး၍အကယ်ဒမီ ပေးပွဲလက်မှတ်များအားရောင်းချ
ခဲ့ကြောင်းသိရသည်။
''ပရိသတ်တွေကိုရှောင်နေရ တာနဲ့ပဲအလုပ်လဲ
ကောင်းကောင်း လုပ်လို့မရဘူး။ သူတို့ကအတင်း လိုက်ဆွဲ
ဖုန်းနဲ့ဓာတ်ပုံတွေရိုက် သူတို့ကိုပဲ ရှောင်နေရလို့လက်မှတ်
မရောင်းတော့ဘူးဆိုတာ ကောင်းပါ တယ်။ လူရှင်းသွားတာပေါ့ပြီးရင်လဲ
ချန်နယ်တွေကနေ ပြီးတော့တိုက် ရိုက်လွှင့်နေတာပဲလေ''ဟုသတင်း ထောက်တစ်ဦးက
ပြောသည်။
ယင်းကဲ့သို့အကယ်ဒမီပေးပွဲ အားပြည်သူလူထုအတွက်လက်
မှတ်များ မရောင်းချခြင်းကြောင့် ရုပ်သံချန်နယ်များတွင်တိုက်ရိုက်
ထုတ်လွှင့်နိုင်ရေးအား ယခင်က ထက်ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
၂ဝ၁၃ခုနှစ်မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးအပ်ပွဲကြီးအားဒီဇင်ဘာ ၂၇ရက်နေ့တွင် Myanmar Event Park ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment