ပလက်ဝမြို့နယ်၊ ကုန်ပြင် ကျေးရွာမှ ဒေသခံရွာသားခြောက် ဦးကို ခလရ (၃၄၄)မှ တပ်ရင်းမှူး နှင့် တပ်မတော်သားအချို့က ဩဂုတ် ၂၄ ရက်တွင် ရိုက်နှက် သည်ဟုဆိုကာ ကာယကံရှင် ရွာ သားများက ပြည်နယ်ဝန်ကြီးချုပ် ထံ တိုင်ကြားခဲ့ပြီး ရွာသို့မပြန်ရဲသောကြောင့် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်နေကြရကြောင်း ချင်းပြည်နယ် အပစ်အခတ်ရပ်စဲ ရေးစောင့်ကြည့်ရေးကော်မတီဝင် ဦးစိန်အောင်က ပြောသည်။
ရိုက်နှက်ခံရသည့် ရွာသား ခြောက်ဦးအနက် ငါးဦးမှာ အိန္ဒိယနယ်စပ်ဘက်တွင် တိမ်းရှောင်နေပြီး ရန်ကုန်မြို့တွင် ဆေးလာကုသည့် ဦးအောင်ကျော်လှလည်း ရွာသို့ မပြန်ရဲသေးဘဲ ၎င်းက လက်မှတ်ထိုးကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ထပ်မံ၍ တိုင်ကြားခြင်းဖြစ်ကြောင်း ဦးစိန်အောင်ကပြောသည်။
‘‘ဝန်ကြီးချုပ်ဆီတိုင်ပြီးတော့ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးရွာကို လာစစ်တယ်။ ဗျူဟာမှူးကိုတော့ ဖြစ်စဉ်အားလုံး ပြောလိုက်ပြီး တပ်ရင်းမှူးကကျတော့ ဒီလိုပြဿနာတွေမရှိခဲ့ပါဘူးလို့ လက်မှတ်ထိုးခိုင်းတယ်လို့ သိရတယ်။ နောက်နေ့ ထပ်ချိန်းတော့ ရွာသားတွေက ကြောက်ပြီး ရှောင်သွားကြတာ’’ဟု ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ထံသို့ တိုင်သည့်စာတွင် ဦးအောင်ကျော် လှက ၎င်းတို့လူမျိုး၏ ရိုးရာအစဉ် အလာအရ သွေးထွက်သံယိုဖြစ် သည်အထိ ရိုက်နှက်ခံရပါက ဝက်သွေးနှင့်ဖြေပြီးမှသာ အိမ်သို့ တက်ခွင့်ရသောကြောင့် ဝက်ခုနစ်ကောင် အသုံးပြုခဲ့ရကာ ငွေကြေးအခက်အခဲလည်း ရင်ဆိုင်နေရကြောင်း ရေးသားထားသည်။ ထို့အပြင် တောင်ယာသိမ်းချိန်တွင် လုပ်ငန်းခွင်မဝင်နိုင်သောကြောင့် ဝမ်းစာစပါးများလည်း ပျက်စီးသွားကြောင်းပါရှိသည်။ ဦးအောင်ကျော်လှသည် လေးနာရီခန့်ကြာ သတိလစ်သွားသည်အထိ ရိုက်နှက်ခံရသူဖြစ်ပြီး တောင်ယာလုပ်ငန်းခွင် မဝင်နိုင်သည်မှာ တစ်လကျော် ကြာပြီဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင်လည်း ကုန်ပြင်ရွာသို့ မပြန်ရဲသေးဘဲ ပလက်ဝမြို့ပေါ်တွင် တိမ်းရှောင် နေဆဲဖြစ်ကြောင်း ရန်ကုန်အခြေ စိုက် ချင်းလူ့အခွင့်အရေးအဖွဲ့မှ သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ထံသို့ တိုင်ကြားရသည် အထိ ဖြစ်ပွားခဲ့သော ပြဿနာ၏ အစမှာ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်က ကုန်ပြင်ရွာဒေသခံအချို့ ၎င်းတို့၏ တောင်ယာတဲတွင် ကောက်သစ်စားပွဲ ပြုလုပ်နေစဉ် လက်နက်၊ ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်အချို့ရောက်လာသည့်အတွက် စစ်တပ်က ရွာသားများကို ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအကြောင်းအရာကို ချင်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ ရွာ သားများကတိုင်ခဲ့ပြီး ပြဿနာကို ပြန်လည်ဖြေရှင်းပေးရန် ခလရ (၃၄၄)အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားထားခဲ့ ကြောင်း ချင်းပြည်နယ် နယ်စပ် ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးဇော်မင်းဦးက ပြောခဲ့သော် လည်း မပြီးပြတ်နိုင်သေးဘဲ ယနေ့အထိ ရှုပ်ထွေးနေဆဲဖြစ်သည်။
ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့တွင် တိုက်ပွဲများကြောင့် ပဋိ ပက္ခဖြစ်ပွားရာ ဒေသများ၌ လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ချင်းတိုင်းရင်းသား ဆလိုင်းအိုင်းဇက်ခင်က တပ်မတော်ပိုင်းမှ ယင်းဖြစ်စဉ်ကို ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းဖြစ်နေ၍ ဒေသတွင်း လူထုယုံကြည်မှု ကျဆင်းစေကြောင်း သုံးသပ် သည်။
Credit - 7DAY DAILY

စစ်တပ်က ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည်ဆိုသော ဦးအောင်ကျော်လှ(ဓာတ်ပုံ−ခူမီးမီဒီယာ)
No comments:
Post a Comment