Saturday, September 27, 2014

ပညာရေးဝန်ကြီးဌာနတွင် ဦးစီးဌာနအရေအတွက်များ လျော့ကျဖွယ်ရှိ

ပညာရေးဝန်ကြီးဌာန သည် ဌာနဖွဲ့စည်းမှုပုံစံပြောင်းလဲ ရန် စီစဉ်နေပြီး ဦးစီးဌာနအရေအ တွက် လျော့ကျသွားဖွယ်ရှိနေ ကြောင်း ပညာရေးဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။
လွှတ်တော်တွင် ဆွေးနွေး နေသော အမျိုးသားပညာရေး ဥပဒေကြမ်း အတည်ပြုပြီးပါက တက္ကသိုလ်များကိုယ်ပိုင် အုပ်ချုပ် ခွင့်ရရှိမည်ဖြစ်၍ အဆင့်မြင့်ပညာကဏ္ဍရှိ ဦးစီးဌာန နှစ်ခုကိုလည်း ဖျက်သိမ်းရဖွယ်ရှိနေခြင်း ဖြစ် သည်။

‘‘၀န်ကြီးဌာနဖွဲ့စည်းပုံတွေ ပြောင်းလဲဖို့ ဖွဲ့စည်းပုံအသစ်တွေ ရေးဆွဲနေတယ်။ အခြေခံပညာဦး စီးဌာနတွေလည်း ပေါင်းဖြစ်ဖို့ များတယ်။ အဆင့်မြင့် ပညာဦးစီး ဌာန နှစ်ခုကလည်း အမျိုးသား ပညာရေးဥပဒေထွက်လာရင် ဆက်ရှိနေမှာလားပေါ့။ ဦးစီးဌာန အရေအတွက် လျော့ကျသွားဖို့ ရှိတယ်။ တာဝန်ထမ်းဆောင်နေ တဲ့ သူတွေကို စိတ်မပူဖို့တော့ ပြောတာပါပဲ။ ဘာတွေဖြစ်လာ မလဲတော့ အတိအကျ မသိသေး ပါဘူး’’ ဟု ပညာရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိက ဆိုသည်။
ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ကောလိပ် များသည် အဆင့်မြင့်ပညာဦးစီး ဌာန(အထက်မြန်မာပြည်၊ အောက်မြန်မာပြည်)တို့၏ စီမံ အုပ်ချုပ်မှုနှင့် အခြေခံပညာ ကျောင်းများသည် အခြေခံပညာ ဦးစီးဌာန(အမှတ် ၁၊ ၂၊ ၃) တို့၏ စီမံအုပ်ချုပ်မှုနှင့် လုပ်ငန်းလည် ပတ်နေသည်။
မြန်မာစာအဖွဲ့ ဦးစီးဌာန၊ မြန်မာနိုင်ငံပညာရေး သုတေသ နအဖွဲ့ ဦးစီးဌာန၊ မြန်မာနိုင်ငံစာ စစ်ဦးစီးဌာနနှင့် ပညာရေး စီမံ ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ အပါအ၀င် ဦးစီးဌာနကိုးခုရှိသည်။

Credit - 7DAY DAILY

No comments:

Post a Comment